Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘဏ်လုပ်ငန်းများအနေဖြင့် ချေးငွေလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာစနစ်များကို အတုယူဆောင်ရွက်ရန်လိုနေဟုဆို

ယွန်း (NP News) - ဒီဇင်ဘာ ၂၇

ဘဏ်လုပ်ငန်းများအနေဖြင့် ချေးငွေလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာစနစ်များကို အတုယူဆောင်ရွက်ရန်လိုကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးသန်းနိုင်က သုံးသပ်ပြောဆိုထားသည်။

Myanmar Developer Association (MDA) ၏ ဥက္ကဋ္ဌဖြစ်သူ ဦးသန်းနိုင်က ဆောက်လုပ်ရေးလုပ်ငန်းများအကြောင်းကို NP News နှင့် သီးသန့်အင်တာဗျူးစဉ် အထက်ပါကဲ့သို့ သုံးသပ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးအခြေအနေများနှင့် တိုက်ခန်းများ ပြန်လည်ရောင်းချမည့်ဈေးကွက် အခြေအနေများကြောင့် လက်ရှိကာလတွင် ဆောက်လုပ်ရေး Project အသစ်များအတွက် အခက်အခဲများရှိနေကြောင်း သိရသည်။

ထို့ပြင် ဆောက်လုပ်ရေးလုပ်ငန်းများအနေဖြင့် ဘဏ်ကြွေးများနှင့် ကင်းရှင်းမနေဘဲ အဆိုပါချေးငွေများကို ပြန်ဆပ်နိုင်ရန်အတွက်လည်း ဘဏ်များမှ သေချာစိစစ်ရန်လိုကြောင်း ဦးသန်းနိုင်မှ အကြံပြုပြောဆိုထားသည်။

“လုပ်ငန်းရှင်မှန်သမျှကတော့ ဘဏ်နဲ့မကင်းဘူးပေါ့။ ဒါပေမယ့် အဲ့ဒီ့ဘဏ်ချေးငွေကို ပြန်ဆပ်နိုင်ဖို့ ဆိုတာကလည်း တကယ်ပြန်ဆပ်နိုင်၏ ၊ မဆပ်နိုင်၏ကို ဘဏ်တွေကလည်း သေချာစိစစ်ဖို့လိုတယ်၊ ခုလက်ရှိက ဒီမှာ Family ဘဏ်တွေများတယ်။ အဲ့အခါကျတော့ ရင်းနှီးရင် ရင်းနှီးသလို ထုတ်ချေးကြတယ်၊ တချို့ဆို ဘာအပေါင်ပစ္စည်းမှ မရှိဘူး။ သူဋ္ဌေးက ချေးဆို ချေးလိုက်ရတာပဲ။ အလွယ်ရရင် ဘယ်သူမဆို လုပ်မှာပဲလေ။ အဲ့ဒါတွေကဘာလဲဆိုတော့ ချေးတဲ့ဆိုဒ်ကနေ သေချာကြည့်ဖို့လိုတာပေါ့။ နိုင်ငံတကာစနစ်တွေကို ယူဖို့လိုတယ်” ဟု ဦးသန်းနိုင်က ဆိုသည်။

နိုင်ငံတကာစနစ်ဖြင့် လုပ်ဆောင်ရာတွင် ချေးငွေများအား ပြန်ရနိုင်ချေရှိ၍ လုပ်ငန်းများကို လွယ်ကူစွာဖြင့် လုပ်ကိုင်နိုင်သည့် စနစ်များကို ဘဏ်များအနေဖြင့် နိုင်ငံတကာနည်းတူ တည်ဆောက်ရန်လိုကြောင်း ၎င်းမှ သုံးသပ်ပြောဆိုထားသည်။

ထို့ပြင် စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် Financial sector (ငွေရေးကြေးရေးကဏ္ဍ)သည် နံပါတ်(၁)နေရာမှ အရေးကြီးဆုံး ပါဝင်ကြောင်း MDA ၏ဥက္ကဋ္ဌဖြစ်သူ ဦးသန်းနိုင်က အကြံပြု ပြောဆိုထားသည်။


zawgyi version









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

"အလှအပ ခွဲစိတ်ပြုပြင်ရေးဆိုင်ရာ တရုတ်အပလီကေးရှင်းတွေ အင်မတန် လူကြိုက်များနေရတဲ့ အကြောင်းရင်း" (ထူးခြားသုတဆောင်းပါး)

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved