မြန်မာ-လာအို နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပခရီးသွားများ ဝင်ရောက်နိုင်ရေးကို အမြန်ဆုံးအကောင်အထည်ဖော်မည်
ယွန်း (NP News) - ဧပြီ ၂၈
မြန်မာ- လာအို နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပခရီးသွားများ ဝင်ရောက်နိုင်ရေးကို အမြန်ဆုံးအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ဧပြီလ(၂၇)ရက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ကျင်းပခဲ့သည့် ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
(၁၄)ကြိမ်မြောက် မြန်မာ-လာအို ဗဟိုအဆင့်နယ်စပ်ဒေသ အာဏာပိုင်များ အစည်းအဝေးတွင် မြန်မာ-လာအို နယ်စပ်ဂိတ်များမှတစ်ဆင့် လာအိုနိုင်ငံသားများသာမက လာအိုနိုင်ငံသို့လာရောက်သည့် တတိယနိုင်ငံသားများပါ ဝင်၊ ထွက်နိုင်ရေးကိစ္စကို လာအိုနိုင်ငံမှ အဆိုပြုလာခဲ့ကြောင်း သိရသည်။
ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိပြီး ၎င်းတို့၏အဆိုပြုချက်သည် နယ်စပ်ဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေနိုင်ကြောင်း စီးပွားရေးရာဝန်ကြီးမှ အသိပေးပြောဆိုခဲ့သည်။
ထို့ကြောင့် ၎င်းအဆိုပြုချက်ကို အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်နှင့် ပြည်သူများအား အကျိုးစီးပွားကို အလေးထားဆောင်ရွက်ရန်လိုကြောင်း ဦးခွန်သိန်းမောင်က တိုက် တွန်းပြောဆိုထားသည်။
လက်ရှိတွင် အဆိုပါ အဆိုပြုချက်အတွက် ခွင့်ပြုချက်ရရှိရေးကို ဆောင်ရွက်လျက်ရှိပြီး ဝန်ကြီးဌာနအနေဖြင့် Package Tour များစီစဥ်ဆောင်ရွက်နိုင်ရေးကို ခရီးသွားအသင်းအဖွဲ့များနှင့် ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။
zawgyi version
ျမန္မာ-လာအို နယ္စပ္ဂိတ္မ်ားမွတစ္ဆင့္ ျပည္ပခရီးသြားမ်ား ဝင္ေရာက္ႏိုင္ေရးကို အျမန္ဆုံးအေကာင္အထည္ေဖာ္မည္
ယြန္း (NP News) - ဧၿပီ ၂၈
ျမန္မာ- လာအို နယ္စပ္ဂိတ္မ်ားမွတစ္ဆင့္ ျပည္ပခရီးသြားမ်ား ဝင္ေရာက္ႏိုင္ေရးကို အျမန္ဆုံးအေကာင္အထည္ေဖာ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ စီးပြားေရးရာဝန္ႀကီး ဦးခြန္သိန္းေမာင္က ဧၿပီလ(၂၇)ရက္တြင္ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန နီလာခန္းမ၌က်င္းပခဲ့သည့္ ညႇိႏႈိင္းအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
(၁၄)ႀကိမ္ေျမာက္ ျမန္မာ-လာအို ဗဟိုအဆင့္နယ္စပ္ေဒသ အာဏာပိုင္မ်ား အစည္းအေဝးတြင္ ျမန္မာ-လာအို နယ္စပ္ဂိတ္မ်ားမွတစ္ဆင့္ လာအိုႏိုင္ငံသားမ်ားသာမက လာအိုႏိုင္ငံသို႔လာေရာက္သည့္ တတိယႏိုင္ငံသားမ်ားပါ ဝင္၊ ထြက္ႏိုင္ေရးကိစၥကို လာအိုႏိုင္ငံမွ အဆိုျပဳလာခဲ့ေၾကာင္း သိရသည္။
ဝန္ႀကီးဌာနအေနျဖင့္ နယ္စပ္ျဖတ္ေက်ာ္ ခရီးသြားလုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္လ်က္ရွိၿပီး ၎တို႔၏အဆိုျပဳခ်က္သည္ နယ္စပ္ေဒသ ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေရးကို အေထာက္အပံ့ျဖစ္ေစႏိုင္ေၾကာင္း စီးပြားေရးရာဝန္ႀကီးမွ အသိေပးေျပာဆိုခဲ့သည္။
ထို႔ေၾကာင့္ ၎အဆိုျပဳခ်က္ကို အေကာင္အထည္ေဖာ္ရာတြင္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူမ်ားအား အက်ိဳးစီးပြားကို အေလးထားေဆာင္႐ြက္ရန္လိုေၾကာင္း ဦးခြန္သိန္းေမာင္က တိုက္ တြန္းေျပာဆိုထားသည္။
လက္ရွိတြင္ အဆိုပါ အဆိုျပဳခ်က္အတြက္ ခြင့္ျပဳခ်က္ရရွိေရးကို ေဆာင္႐ြက္လ်က္ရွိၿပီး ဝန္ ႀကီးဌာနအေနျဖင့္ Package Tour မ်ားစီစဥ္ေဆာင္႐ြက္ႏိုင္ေရးကို ခရီးသြားအသင္းအဖြဲ႕မ်ားႏွင့္ ဆက္လက္ညႇိႏႈိင္းသြားမည္ျဖစ္ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပင်တာဂွန်လျှို့ဝှက်အဆင့် စာရွက်စာတမ်းများ ပေါက်ကြားစေသူ၏ ယူနစ်မှ အကြီးအကဲများကို ရာထူးမှ ဆိုင်းငံ့
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း