ပြင်ဦးလွင်မြို့တွင် (၇)ရက်ခန့် ပျောက်ဆုံးနေသော အမျိုးသားအား သေဆုံးလျက်ပြန်လည်တွေ့ရှိ
Pearl (NP News) - ဧပြီ ၂၈
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် (၇)ရက်ခန့် ပျောက်ဆုံးနေသော အမျိုးသားအား သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။
အဆိုပါအလောင်းအား ယမန်နေ့ (ဧပြီလ ၂၇ ရက်)၊ ညနေ (၃)နာရီခွဲအချိန်ခန့်တွင် ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ်၊ မြို့ရှောင်လမ်း အရှေ့ဘက် ခြံဝန်းလွတ်စည်းရိုးစပ်တစ်နေရာတွင်တွေ့ရှိခဲ့ကြောင်း သိရသည်။
"အလောင်းကရုပ်ကို မပေါ်တော့ဘူး၊ လွန်ခဲ့တဲ့ ၂ ရက်လောက်က မိုးတွေလည်း ရွာထားတာဆိုတော့ တော်တော်ရုပ်ပျက်နေပြီ။ သူ့အိမ်က သူ့ပျောက်နေတာတော့ (၇)ရက်လောက်တော့ရှိပြီလို့ပြောတယ်။ ဘာလို့သေတာလဲတော့ ခန့်မှန်းလို့မရပါဘူး" ဟု သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ NP News ကိုပြောသည်။
သေဆုံးသူသည် မြို့သစ်ရပ်ကွက်တွင်နေထိုင်သော အသက်(၄၈)နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် မိသားစုနှင့် အဆက်အသွယ်ပြတ်၍ ပျောက်ဆုံးနေသည်မှာ (၇)ရက်ခန့်ရှိပြီဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ၎င်းအားပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။
zawgyi version
ျပင္ဦးလြင္ၿမိဳ႕တြင္ (၇)ရက္ခန႔္ ေပ်ာက္ဆုံးေနေသာ အမ်ိဳးသားအား ေသဆုံးလ်က္ျပန္လည္ေတြ႕ရွိ
Pearl (NP News) - ဧၿပီ ၂၈
မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕တြင္ (၇)ရက္ခန႔္ ေပ်ာက္ဆုံးေနေသာ အမ်ိဳးသားအား ေသဆုံးလ်က္ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း သႏၲိသုခ အခမဲ့လူမႈကူညီေရးအသင္းထံမွ သတင္းရရွိသည္။
အဆိုပါအေလာင္းအား ယမန္ေန႔ (ဧၿပီလ ၂၇ ရက္)၊ ညေန (၃)နာရီခြဲအခ်ိန္ခန႔္တြင္ ျပင္ဦးလြင္ၿမိဳ႕၊ ပေဒသာၿမိဳ႕သစ္၊ ၿမိဳ႕ေရွာင္လမ္း အေရွ႕ဘက္ ၿခံဝန္းလြတ္စည္း႐ိုးစပ္တစ္ေနရာတြင္ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
"အေလာင္းက႐ုပ္ကို မေပၚေတာ့ဘူး၊ လြန္ခဲ့တဲ့ ၂ ရက္ေလာက္က မိုးေတြလည္း ႐ြာထားတာဆိုေတာ့ ေတာ္ေတာ္႐ုပ္ပ်က္ေနၿပီ။ သူ႔အိမ္က သူ႔ေပ်ာက္ေနတာေတာ့ (၇)ရက္ေလာက္ေတာ့ရွိၿပီလို႔ေျပာတယ္။ ဘာလို႔ေသတာလဲေတာ့ ခန႔္မွန္းလို႔မရပါဘူး" ဟု သႏၲိသုခ အခမဲ့လူမႈကူညီေရးအသင္းမွ NP News ကိုေျပာသည္။
ေသဆုံးသူသည္ ၿမိဳ႕သစ္ရပ္ကြက္တြင္ေနထိုင္ေသာ အသက္(၄၈)ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ၎သည္ မိသားစုႏွင့္ အဆက္အသြယ္ျပတ္၍ ေပ်ာက္ဆုံးေနသည္မွာ (၇)ရက္ခန႔္ရွိၿပီျဖစ္ေၾကာင္းသိရသည္။
လက္ရွိတြင္ ၎အားျပည္သူ႔ေဆး႐ုံႀကီး ရင္ခြဲ႐ုံသို႔ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူဆယ်မြို့တွင် ငွေကျပ်သိန်း (၁ဝဝဝ)ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း