EWEC International Trade, Tourism and Investment Fair-Da Nang 2023 ပြပွဲတွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များပါဝင်နိုင်မည်
စော (NP News) - ဧပြီ ၂၇
East-West Economic Corridor (EWEC) International Trade, Tourism, and Investment Fair-Da Nang 2023 ပြပွဲတွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များပါဝင်နိုင်ကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဧပြီလ ၂၆ ရက်တွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
အဆိုပါပြပွဲကို အာဆီယံနိုင်ငံများ၊ နိုင်ငံတကာမိတ်ဖက်နိုင်ငံများ နှင့် ၎င်းတို့ကြား စီးပွားရေး၊ ကုန်သွယ် ရေး၊ ခရီးသွားလုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ချက်တို့ကို တိုးမြှင့်နိုင်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
ပြပွဲအခမ်းအနားကို ဗီယက်နမ်နိုင်ငံ ၊ ဒါနန်းမြို့တွင် လာမည့် ဩဂုတ်လ (၃)ရက်မှ (၈)ရက်အထိကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပြပွဲတွင် လာရောက်ပြသမည့်မြန်မာလုပ်ငန်းကိုယ်စားလှယ်များအတွက် ပြခန်းနှစ်ခန်းကို အခမဲ့စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲသို့ ဆက်သွယ်နိုင် ကြောင်း သိရသည်။
zawgyi version
EWEC International Trade, Tourism and Investment Fair-Da Nang 2023 ျပပြဲတြင္ ျမန္မာႏိုင္ငံမွ လုပ္ငန္းရွင္မ်ားပါဝင္ႏိုင္မည္
ေစာ (NP News) - ဧၿပီ ၂၇
East-West Economic Corridor (EWEC) International Trade, Tourism, and Investment Fair-Da Nang 2023 ျပပြဲတြင္ ျမန္မာႏိုင္ငံမွ လုပ္ငန္းရွင္မ်ားပါဝင္ႏိုင္ေၾကာင္း သိရသည္။
စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ဧၿပီလ ၂၆ ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးေၾကညာထားျခင္းျဖစ္သည္။
အဆိုပါျပပြဲကို အာဆီယံႏိုင္ငံမ်ား၊ ႏိုင္ငံတကာမိတ္ဖက္ႏိုင္ငံမ်ား ႏွင့္ ၎တို႔ၾကား စီးပြားေရး၊ ကုန္သြယ္ ေရး၊ ခရီးသြားလုပ္ငန္းအပါအဝင္ ရင္းႏွီးျမႇဳပ္ႏွံမႈ ေဆာင္႐ြက္ခ်က္တို႔ကို တိုးျမႇင့္ႏိုင္ရန္ ရည္႐ြယ္ခ်က္ျဖင့္ လုပ္ေဆာင္ျခင္း ျဖစ္ေၾကာင္း သိရသည္။
ျပပြဲအခမ္းအနားကို ဗီယက္နမ္ႏိုင္ငံ ၊ ဒါနန္းၿမိဳ႕တြင္ လာမည့္ ဩဂုတ္လ (၃)ရက္မွ (၈)ရက္အထိက်င္းပမည္ျဖစ္ေၾကာင္း သိရသည္။
ျပပြဲတြင္ လာေရာက္ျပသမည့္ျမန္မာလုပ္ငန္းကိုယ္စားလွယ္မ်ားအတြက္ ျပခန္းႏွစ္ခန္းကို အခမဲ့စီစဥ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါျပပြဲသို႔ ပါဝင္ျပသလိုသည့္ စီးပြားေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ စီးပြားေရးႏွင့္ကူးသန္းေရာင္း ဝယ္ေရးဝန္ႀကီးဌာန၊ ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕၊ ကုန္သြယ္မႈဖြံ႕ၿဖိဳးေရးဌာနခြဲသို႔ ဆက္သြယ္ႏိုင္ ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာရှယဥ်ကျေးမှု အမွေအနှစ်များ ကာကွယ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့တွင် မြန်မာနိုင်ငံပါဝင်လာ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း