ခရီးသည်(၃)ဦးမှ ယာဉ်မောင်းအား ဓားဖြင့်ထိုး၍ Taxi ယာဉ်လုယက်မှု မြောက်ဒဂုံတွင်ဖြစ်ပွား
Pearl (NP News) - ဧပြီ ၂၇
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်တွင် ယာဉ်မောင်းအား ဓားဖြင့်ထိုး၍ Taxi ယာဉ်အား လုယက်ယူဆောင်မှုဖြစ်ပွားခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံမှ သတင်းရရှိသည်။
ဖြစ်စဥ်မှာ ယမန့်နေ့ (ဧပြီလ ၂၇ ရက်)၊ ည (၁၂)နာရီအချိန်ခန့်တွင် မြောက်ဒဂုံမြို့နယ်၊ ပင်လုံအိမ်ယာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဥ်မှာ ဦးအောင်ကျော်ဝင်း (၄၄)နှစ်မောင်းနှင်သော Taxi ယာဉ်အား အမျိုးသား (၃)ဦးမှ တောင်ဒဂုံမြို့နယ်၊ စက်မှုဇုန်(၁)ဘက်မှ ပင်လုံအိမ်ယာဘက်သို့ ငှားစီးခဲ့ကြောင်းသိရသည်။
ထိုသို့စီးလာစဉ် ပင်လုံအိမ်ယာအနီးသို့အရောက်၌ ခရီးသည်အမျိုးသား (၃)ဦးမှ ဦးအောင်ကျော်ဝင်းအား ဓားဖြင့်ထိုး၍ Taxi မော်တော်ယာဉ်အား လုယက်သွားခဲ့ကြောင်းသိရသည်။
"ပင်လုံအိမ်ယာအနီးက တောင်ဥက္ကလာဘက်သွားတဲ့လမ်းမှာဖြစ်တာ။ ကျွန်တော်တို့ ရောက်တဲ့အချိန် သတိတော့မလစ်ဘူး။ ဓါးဒဏ်ရာ (၉)ချက်ရတယ်။ အခုမနက် ဆုံးသွားပါတယ်"ဟု ကြည့်မြင့်တိုင်ဟစ် တိုင် လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကိုပြောသည်။
ဖြစ်စဉ်ကြောင့် ဦးအောင်ကျော်ဝင်းတွင် ဓါးဒဏ်ရာ (၉)ချက်ရရှိ၍ မေဓါဝီဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ယနေ့ (ဧပြီလ ၂၇ ရက်)တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့၌ ယာဉ်မောင်းအား ဓားဖြင့်ထိုး၍ Taxi လုယက်မှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလာသည်ကို တွေ့ရှိနေရသည်။
zawgyi version
ခရီးသည္(၃)ဦးမွ ယာဥ္ေမာင္းအား ဓားျဖင့္ထိုး၍ Taxi ယာဥ္လုယက္မႈ ေျမာက္ဒဂုံတြင္ျဖစ္ပြား
Pearl (NP News) - ဧၿပီ ၂၇
ရန္ကုန္တိုင္း၊ ေျမာက္ဒဂုံၿမိဳ႕နယ္တြင္ ယာဥ္ေမာင္းအား ဓားျဖင့္ထိုး၍ Taxi ယာဥ္အား လုယက္ယူေဆာင္မႈျဖစ္ပြားခဲ့ေၾကာင္း လူမႈကူညီေရးအသင္းမ်ားထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန႔္ေန႔ (ဧၿပီလ ၂၇ ရက္)၊ ည (၁၂)နာရီအခ်ိန္ခန႔္တြင္ ေျမာက္ဒဂုံၿမိဳ႕နယ္၊ ပင္လုံအိမ္ယာအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ျဖစ္စဥ္မွာ ဦးေအာင္ေက်ာ္ဝင္း (၄၄)ႏွစ္ေမာင္းႏွင္ေသာ Taxi ယာဥ္အား အမ်ိဳးသား (၃)ဦးမွ ေတာင္ဒဂုံၿမိဳ႕နယ္၊ စက္မႈဇုန္(၁)ဘက္မွ ပင္လုံအိမ္ယာဘက္သို႔ ငွားစီးခဲ့ေၾကာင္းသိရသည္။
ထိုသို႔စီးလာစဥ္ ပင္လုံအိမ္ယာအနီးသို႔အေရာက္၌ ခရီးသည္အမ်ိဳးသား (၃)ဦးမွ ဦးေအာင္ေက်ာ္ဝင္းအား ဓားျဖင့္ထိုး၍ Taxi ေမာ္ေတာ္ယာဥ္အား လုယက္သြားခဲ့ေၾကာင္းသိရသည္။
"ပင္လုံအိမ္ယာအနီးက ေတာင္ဥကၠလာဘက္သြားတဲ့လမ္းမွာျဖစ္တာ။ ကြၽန္ေတာ္တို႔ ေရာက္တဲ့အခ်ိန္ သတိေတာ့မလစ္ဘူး။ ဓါးဒဏ္ရာ (၉)ခ်က္ရတယ္။ အခုမနက္ ဆုံးသြားပါတယ္"ဟု ၾကည့္ျမင့္တိုင္ဟစ္ တိုင္ လူမႈကူညီေရးအသင္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကိုေျပာသည္။
ျဖစ္စဥ္ေၾကာင့္ ဦးေအာင္ေက်ာ္ဝင္းတြင္ ဓါးဒဏ္ရာ (၉)ခ်က္ရရွိ၍ ေမဓါဝီေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားၿပီး ယေန႔ (ဧၿပီလ ၂၇ ရက္)တြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။ လက္ရွိတြင္ ရန္ကုန္ၿမိဳ႕၌ ယာဥ္ေမာင္းအား ဓားျဖင့္ထိုး၍ Taxi လုယက္မႈျဖစ္စဥ္မ်ား မၾကာခဏ ျဖစ္ပြားလာသည္ကို ေတြ႕ရွိေနရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုန်အမှတ်တံဆိပ်များ မှတ်ပုံတင်ခြင်းကြောင့် ကုန်ပစ္စည်းအတုများ ဈေးကွက်သို့ဝင်ရောက်မှုကို ဟန့်တားနိုင်မည်ဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း