OWIC ကတ်မထုတ်ရသေးသူများအနေဖြင့် မေလ(၁၉)ရက် နောက်ဆုံးထုတ်ရန် ထိုင်းရှိ မြန်မာသံရုံးအသိပေး
စော (NP News) - ဧပြီ ၂၅
ဘန်ကောက်မြို့၌ (PJ) နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း ပြုလုပ်ထားသည့် မြန်မာရွှေ့ပြောင်းလုပ် သားများအနေဖြင့် OWIC ကတ်လာရောက်ထုတ်ယူရန် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ယနေ့(ဧပြီလ ၂၅ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာသံရုံးအနေဖြင့် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းအပြင် စာအုပ်အသစ်ထုတ်ပေးခြင်း နှင့် အလုပ်သမားသက်သေခံကတ် (OWIC ကတ်) များကိုပါတစ်ကြိမ်တည်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အလုပ်သမားများအနေဖြင့်လည်း နိုင်ငံကူးလက်မှတ် အသစ်အတွက် (၁၂၅ဝ) ဘတ်အပါအဝင် OWIC ကတ်အတွက် (၂၅ဝ) ဘတ် စုစုပေါင်း (၁၅ဝဝ) ဘတ်ကို မြန်မာသံရုံး ဘဏ်စာရင်းသို့ ပေးသွင်းထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် OWIC ကတ်များကိုလည်း မဟာချိုင်မြို့ရှိ TDCC ရုံးခွဲတွင် နိုင်ငံကူးလက်မှတ်ဝယ်ယူပြီး ရက်ပိုင်းတွင် သွားရောက်ထုတ်ယူရန်လည်း အသိပေးထုတ်ပြန်ထားခဲ့ကြောင်း မြန်မာသံရုံးမှဆိုသည်။
သို့သော် TDCC ရုံးခွဲမှထုတ်ပြန်ချက်အရ စက်ရုံ/ အလုပ်ရုံနှင့် ဆောက်လုပ်ရေးလုပ်ငန်းများမှ ကိုယ်စား လှယ်များက OWIC ကတ်ကို လာရောက်ထုတ်ယူကြသော်လည်း ရက်ချိန်းရှိသူများ နှင့် Walk-in များ တစ်ဦးချင်းအနေဖြင့် ထုတ်ယူမှုနည်းပါးနေကြောင်း သိရသည်။
ထို့ကြောင့် ငွေသွင်းပြီးဖြစ်သော OWIC ကတ်များကို ယနေ့ (ဧပြီလ ၂၅ ရက်)မှစ၍ (မေလ ၁၉ ရက်) အတွင်း လာရောက်ထုတ်ယူရန် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
zawgyi version
OWIC ကတ္မထုတ္ရေသးသူမ်ားအေနျဖင့္ ေမလ(၁၉)ရက္ ေနာက္ဆုံးထုတ္ရန္ ထိုင္းရွိ ျမန္မာသံ႐ုံးအသိေပး
ေစာ (NP News) - ဧၿပီ ၂၅
ဘန္ေကာက္ၿမိဳ႕၌ (PJ) ႏိုင္ငံကူးလက္မွတ္ သက္တမ္းတိုးျခင္း ျပဳလုပ္ထားသည့္ ျမန္မာေ႐ႊ႕ေျပာင္းလုပ္ သားမ်ားအေနျဖင့္ OWIC ကတ္လာေရာက္ထုတ္ယူရန္ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ အသိေပးထုတ္ျပန္ထားသည္။
ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ယေန႔(ဧၿပီလ ၂၅ ရက္)တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
ျမန္မာသံ႐ုံးအေနျဖင့္ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားမ်ားအတြက္ ႏိုင္ငံကူးလက္မွတ္ သက္တမ္းတိုးျခင္းအျပင္ စာအုပ္အသစ္ထုတ္ေပးျခင္း ႏွင့္ အလုပ္သမားသက္ေသခံကတ္ (OWIC ကတ္) မ်ားကိုပါတစ္ႀကိမ္တည္း ျပဳလုပ္ေပးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေဆာင္႐ြက္ရာတြင္ အလုပ္သမားမ်ားအေနျဖင့္လည္း ႏိုင္ငံကူးလက္မွတ္ အသစ္အတြက္ (၁၂၅ဝ) ဘတ္အပါအဝင္ OWIC ကတ္အတြက္ (၂၅ဝ) ဘတ္ စုစုေပါင္း (၁၅ဝဝ) ဘတ္ကို ျမန္မာသံ႐ုံး ဘဏ္စာရင္းသို႔ ေပးသြင္းထားၿပီးျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ OWIC ကတ္မ်ားကိုလည္း မဟာခ်ိဳင္ၿမိဳ႕ရွိ TDCC ႐ုံးခြဲတြင္ ႏိုင္ငံကူးလက္မွတ္ဝယ္ယူၿပီး ရက္ပိုင္းတြင္ သြားေရာက္ထုတ္ယူရန္လည္း အသိေပးထုတ္ျပန္ထားခဲ့ေၾကာင္း ျမန္မာသံ႐ုံးမွဆိုသည္။
သို႔ေသာ္ TDCC ႐ုံးခြဲမွထုတ္ျပန္ခ်က္အရ စက္႐ုံ/ အလုပ္႐ုံႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားမွ ကိုယ္စား လွယ္မ်ားက OWIC ကတ္ကို လာေရာက္ထုတ္ယူၾကေသာ္လည္း ရက္ခ်ိန္းရွိသူမ်ား ႏွင့္ Walk-in မ်ား တစ္ဦးခ်င္းအေနျဖင့္ ထုတ္ယူမႈနည္းပါးေနေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေငြသြင္းၿပီးျဖစ္ေသာ OWIC ကတ္မ်ားကို ယေန႔ (ဧၿပီလ ၂၅ ရက္)မွစ၍ (ေမလ ၁၉ ရက္) အတြင္း လာေရာက္ထုတ္ယူရန္ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီအား ထုဆစ်မှု ၉၅ ရာခိုင်နှုန်း ပြီးစီးပြီဟုဆို
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း