ထားဝယ်မြို့နယ်၌ အမျိုးသားတစ်ဦးရေတွင်းထဲဆင်းကာ အမှိုက်များဆယ်နေစဉ် မြေပြိုကျမှုဖြစ်ပွားပြီးနောက် အောက်ဆီဂျင်ပြတ်၍သေဆုံး
Pearl (NP News) - ဧပြီ ၂၅
ထားဝယ်မြို့နယ်၌ အမျိုးသားတစ်ဦးရေတွင်းထဲဆင်းကာ အမှိုက်များဆယ်နေစဉ် မြေပြိုကျမှုဖြစ်ပွားပြီးနောက် အောက်ဆီဂျင်ပြတ်၍သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီလ ၂၅ ရက်)၊ နံနက်ပိုင်းတွင် ထားဝယ်မြို့နယ်၊ ပုလုကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သော ဦးအောင်မျိုးသူ (၃၃)နှစ်သည် အထပ်သားစက်ရုံအတွင်းရှိ ရေတွင်း၌ အမှိုက်များအား ဆယ်ယူနေစဉ် ရေတွင်းအပေါ်၌ ကာထားသော ကွန်ကရစ်ခွေပြိုကျခဲ့ကြောင်း သိရသည်။
"ရေတွင်းထဲကို အမှိုက်ဆင်းဆယ်တာ၊ ရေတွင်းက ၂၅ ပေလောက်နက်တယ်၊ အဲဒီအပေါ်မှာကာထားတဲ့ ကွန်ကရစ်ခွေပြိုကျပြီး အသက်ဆုံးရှုံးသွားတာပါ" ဟု ထားဝယ်မြို့နယ် မီးသတ်စခန်း၏ တာဝန်ရှိသူ တစ်ဦးမှ NP News ကိုပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် ၎င်းအပေါ်၌ မြေများဖိမိ၍ အောက်ဆီဂျင်ပြတ်လပ်မှုဖြစ်ပွားခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းအား ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
zawgyi version
ထားဝယ္ၿမိဳ႕နယ္၌ အမ်ိဳးသားတစ္ဦးေရတြင္းထဲဆင္းကာ အမႈိက္မ်ားဆယ္ေနစဥ္ ေျမၿပိဳက်မႈျဖစ္ပြားၿပီးေနာက္ ေအာက္ဆီဂ်င္ျပတ္၍ေသဆုံး
Pearl (NP News) - ဧၿပီ ၂၅
ထားဝယ္ၿမိဳ႕နယ္၌ အမ်ိဳးသားတစ္ဦးေရတြင္းထဲဆင္းကာ အမႈိက္မ်ားဆယ္ေနစဥ္ ေျမၿပိဳက်မႈျဖစ္ပြားၿပီးေနာက္ ေအာက္ဆီဂ်င္ျပတ္၍ေသဆုံးသြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဧၿပီလ ၂၅ ရက္)၊ နံနက္ပိုင္းတြင္ ထားဝယ္ၿမိဳ႕နယ္၊ ပုလုကုန္းေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါေက်း႐ြာတြင္ေနထိုင္ေသာ ဦးေအာင္မ်ိဳးသူ (၃၃)ႏွစ္သည္ အထပ္သားစက္႐ုံအတြင္းရွိ ေရတြင္း၌ အမႈိက္မ်ားအား ဆယ္ယူေနစဥ္ ေရတြင္းအေပၚ၌ ကာထားေသာ ကြန္ကရစ္ေခြၿပိဳက်ခဲ့ေၾကာင္း သိရသည္။
"ေရတြင္းထဲကို အမႈိက္ဆင္းဆယ္တာ၊ ေရတြင္းက ၂၅ ေပေလာက္နက္တယ္၊ အဲဒီအေပၚမွာကာထားတဲ့ ကြန္ကရစ္ေခြၿပိဳက်ၿပီး အသက္ဆုံးရႈံးသြားတာပါ" ဟု ထားဝယ္ၿမိဳ႕နယ္ မီးသတ္စခန္း၏ တာဝန္ရွိသူ တစ္ဦးမွ NP News ကိုေျပာသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ ၎အေပၚ၌ ေျမမ်ားဖိမိ၍ ေအာက္ဆီဂ်င္ျပတ္လပ္မႈျဖစ္ပြားခဲ့ၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎အား ထားဝယ္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တစ်လလျှင် ဂျပန်ယန်း (၁ဝဝဝဝ)ဖြင့် (၂)နှစ်တိတိပေးအပ်မည့် ပညာသင်ဆုကို မြန်မာကျောင်းသားများ လျှောက်ထားနိုင်ဟု ဂျပန်နိုင်ငံရှိမြန်မာသံရုံးကြေညာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း