မန္တလေးမြို့၌ ကားတစ်စီးအား ဗုံးတပ်ဆင်ကာ ဖောက်ခွဲမှုဖြစ်ပွားခဲ့ပြီး သံဃာဆေးရုံအဆောက်အဦးများအပါအဝင် ထိခိုက်ပျက်စီးမှုများရှိခဲ့
NP News - ဧပြီ ၂၅
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၌ ကားတစ်စီးအား ဗုံးတပ်ဆင်ကာ ဖောက်ခွဲမှုဖြစ်ပွားခဲ့ပြီး သံဃာဆေးရုံအဆောက်အဦးများအပါအဝင် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဧပြီလ ၂၅ ရက်)၊ နေ့လည် ၂ နာရီကျော်အချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ မန္တလေး-စစ်ကိုင်းသွားကမ်းနားလမ်း၊ ဇီဝိတဒါနသံဃာ့ဆေးရုံရှေ့၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဇီဝိတဒါနသံဃာ့ဆေးရုံရှေ့ ကားလမ်းဘေးရှိ ကုက္ကိုပင်အောက်၌ ရပ်ထားသော ယာဉ်အမှတ် YGN-5C/6080 Isuzu အမျိုးအစား ကားတစ်စီးမှ ရုတ်တရက် ပြင်းထန်စွာ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ NP News မှ မန္တလေးတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူထံဆက်သွယ်မေးမြန်းခဲ့ရာတွင် ယာဉ်အမှတ် YGN-5C/6080 Isuzu အမျိုးအစား အဖြူရောင်ကားအား ဗုံးတပ်ဆင်၍ အကြမ်းဖက်သမားများမှ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်အသိပေးပြောဆိုခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် Isuzu အမျိုးအစား ကားတစ်စီးသည် ကြေမွပျက်စီးသွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်စဉ်အတွင်း လမ်းသွားလမ်းလာ အခြားကားတစ်စီးမှာလည်း ထိခိုက်ပျက်စီးမှုများရှိခဲ့သည့်အပြင် အမျိုးသားတစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော အမျိုးသားတစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေမရှိသော်လည်း ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ကားဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အနီးရှိ ဇီဝိတဒါနသံဃာ့ဆေးရုံးအဆောက်အဦးများလည်း ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာအနီးရှိ သတင်းအရင်းအမြစ်တစ်ဦးက NP News ကို ဆက်လက်ပြောဆိုထားသည်။
“ဒီမှာတော့ သံဃာ့ဆေးရုံးအဆောက်အဦးတွေ တော်တော်လေးတော့ ပျက်စီးသွားတယ်။ တောင်၊ မြောက် အဆောက်အဦးတွေ တော်တော်လေး ပျက်စီးသွားတယ်။ အဆောက်အဦးရဲ့ မှန်တွေ အများကြီး ထိခိုက်သွားတယ်။ ပြီးတော့ မျက်နှာကျက်တွေ ထိခိုက်သွားတယ်။ ပေါက်ကွဲတာက တော်တော်လေး ပြင်းထန်လို့ အခုလိုတွေ ပျက်စီးကုန်တာပေါ့” ဟု အထက်ပါ သတင်းအရင်းအမြစ်က ဆိုသည်။
အထက်ပါကဲ့သို့ ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ ရောက်ရှိလာကာ အခင်းဖြစ်ပွားရာ နေရာတစ်ဝိုက်အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
zawgyi version
မႏၲေလးၿမိဳ႕၌ ကားတစ္စီးအား ဗုံးတပ္ဆင္ကာ ေဖာက္ခြဲမႈျဖစ္ပြားခဲ့ၿပီး သံဃာေဆး႐ုံအေဆာက္အဦးမ်ားအပါအဝင္ ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့
NP News - ဧၿပီ ၂၅
မႏၲေလးတိုင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၌ ကားတစ္စီးအား ဗုံးတပ္ဆင္ကာ ေဖာက္ခြဲမႈျဖစ္ပြားခဲ့ၿပီး သံဃာေဆး႐ုံအေဆာက္အဦးမ်ားအပါအဝင္ ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ဧၿပီလ ၂၅ ရက္)၊ ေန႔လည္ ၂ နာရီေက်ာ္အခ်ိန္တြင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ မႏၲေလး-စစ္ကိုင္းသြားကမ္းနားလမ္း၊ ဇီဝိတဒါနသံဃာ့ေဆး႐ုံေရွ႕၌ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ဇီဝိတဒါနသံဃာ့ေဆး႐ုံေရွ႕ ကားလမ္းေဘးရွိ ကုကၠိဳပင္ေအာက္၌ ရပ္ထားေသာ ယာဥ္အမွတ္ YGN-5C/6080 Isuzu အမ်ိဳးအစား ကားတစ္စီးမွ ႐ုတ္တရက္ ျပင္းထန္စြာ ေပါက္ကြဲခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေပါက္ကြဲမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ NP News မွ မႏၲေလးတိုင္းအစိုးရအဖြဲ႕မွ တာဝန္ရွိသူထံဆက္သြယ္ေမးျမန္းခဲ့ရာတြင္ ယာဥ္အမွတ္ YGN-5C/6080 Isuzu အမ်ိဳးအစား အျဖဴေရာင္ကားအား ဗုံးတပ္ဆင္၍ အၾကမ္းဖက္သမားမ်ားမွ ေဖာက္ခြဲခဲ့ျခင္းျဖစ္ေၾကာင္း ျပန္လည္အသိေပးေျပာဆိုခဲ့သည္။
အဆိုပါ ေပါက္ကြဲမႈျဖစ္စဥ္ေၾကာင့္ Isuzu အမ်ိဳးအစား ကားတစ္စီးသည္ ေၾကမြပ်က္စီးသြားခဲ့ၿပီး ေပါက္ကြဲမႈျဖစ္စဥ္အတြင္း လမ္းသြားလမ္းလာ အျခားကားတစ္စီးမွာလည္း ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့သည့္အျပင္ အမ်ိဳးသားတစ္ဦးမွာလည္း ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။
ေပါက္ကြဲမႈျဖစ္စဥ္အတြင္း ထိခိုက္ဒဏ္ရာရရွိခဲ့ေသာ အမ်ိဳးသားတစ္ဦးမွာ အသက္အႏၲရာယ္စိုးရိမ္ရသည့္အေျခအေနမရွိေသာ္လည္း ေဆး႐ုံသို႔ ပို႔ေဆာင္ကုသေပးလ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ကားဗုံးေပါက္ကြဲမႈျဖစ္စဥ္ေၾကာင့္ အနီးရွိ ဇီဝိတဒါနသံဃာ့ေဆး႐ုံးအေဆာက္အဦးမ်ားလည္း ထိခိုက္ပ်က္စီးမႈ အမ်ားအျပားရွိခဲ့ေၾကာင္း အခင္းျဖစ္ပြားရာေနရာအနီးရွိ သတင္းအရင္းအျမစ္တစ္ဦးက NP News ကို ဆက္လက္ေျပာဆိုထားသည္။
“ဒီမွာေတာ့ သံဃာ့ေဆး႐ုံးအေဆာက္အဦးေတြ ေတာ္ေတာ္ေလးေတာ့ ပ်က္စီးသြားတယ္။ ေတာင္၊ ေျမာက္ အေဆာက္အဦးေတြ ေတာ္ေတာ္ေလး ပ်က္စီးသြားတယ္။ အေဆာက္အဦးရဲ႕ မွန္ေတြ အမ်ားႀကီး ထိခိုက္သြားတယ္။ ၿပီးေတာ့ မ်က္ႏွာက်က္ေတြ ထိခိုက္သြားတယ္။ ေပါက္ကြဲတာက ေတာ္ေတာ္ေလး ျပင္းထန္လို႔ အခုလိုေတြ ပ်က္စီးကုန္တာေပါ့” ဟု အထက္ပါ သတင္းအရင္းအျမစ္က ဆိုသည္။
အထက္ပါကဲ့သို႔ ကားဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီးေနာက္ သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕ဝင္မ်ား ေရာက္ရွိလာကာ အခင္းျဖစ္ပြားရာ ေနရာတစ္ဝိုက္အား စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့နိုင်ငံရေး ပြဿနာကို စိတ်ရှည်သည်းခံမှုနဲ့အတူ အကြပ်အတည်းကနေ ထွက်နိုင်မယ့်နည်းလမ်းကို ရှာဖွေတွေ့ရှိမယ်လို့ ယုံကြည်ထားကြောင်း ဘန်ကီမွန်းပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း