တာမွေမြို့နယ်၌ အမျိုးသားတစ်ဦး အထပ်မြင့်တိုက်(၇)လွှာမှ ပြုတ်ကျသေဆုံးမှုဖြစ်ပွား
စော (NP News) - ဧပြီ ၂၄
ရန်ကုန်တိုင်း ၊ တာမွေမြို့နယ်တွင် တာမွေမြို့နယ်၌ အမျိုးသားတစ်ဦး အထပ်မြင့်တိုက်(၇)လွှာမှ ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယနေ့ (ဧပြီလ ၂၄ ရက်)၊ နံနက် (၁)နာရီဝန်းကျင်အချိန်တွင် တာမွေမြို့နယ် ၊ ပုသိမ်ညွန့်ရပ် ကွက် သတိပဌာန်လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့မှ သိရသည်။
အဆိုပါ အမျိုးသားသည် ရာသီဥတုပူခြင်းကြောင့် နေအိမ်ရှေ့ဝရန်တာရှိ တံခါးကိုဖွင့်စဥ် အရှိန်လွန်ကာ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရာသီဥတုကပူလို့ အိမ်ရှေ့ဝရန်တာ သံပန်းတံခါးလေး ဖွင့်တာ အရှိန်လွန်သွားတာပါ။ မိသားစုဝင်လည်းရှိပါတယ်။ အောက်မှာလည်း သမန်သလင်းဆိုတော့ ခေါင်းနဲ့ထိသွားတာပါ ။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာတော့ မီးလာနေပါတယ်" ဟု မွတ်စလင်မ်ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါအမျိုးသားသည် အသက် (၂၁)နှစ်ကျော်အရွယ်ဖြစ်ကြောင်းသိရပြီး အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း မွတ်စလင်မ်ပရဟိတအဖွဲ့ဆိုသည်။
၎င်း၏ရုပ်အလောင်းအား သင်္ဃန်းကျွန်းမြို့နယ် ၊ စံပြဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
zawgyi version
တာေမြၿမိဳ႕နယ္၌ အမ်ိဳးသားတစ္ဦး အထပ္ျမင့္တိုက္(၇)လႊာမွ ျပဳတ္က်ေသဆုံးမႈျဖစ္ပြား
ေစာ (NP News) - ဧၿပီ ၂၄
ရန္ကုန္တိုင္း ၊ တာေမြၿမိဳ႕နယ္တြင္ တာေမြၿမိဳ႕နယ္၌ အမ်ိဳးသားတစ္ဦး အထပ္ျမင့္တိုက္(၇)လႊာမွ ျပဳတ္က်ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ဧၿပီလ ၂၄ ရက္)၊ နံနက္ (၁)နာရီဝန္းက်င္အခ်ိန္တြင္ တာေမြၿမိဳ႕နယ္ ၊ ပုသိမ္ၫြန္႔ရပ္ ကြက္ သတိပဌာန္လမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာမြတ္စလင္မ္ပရဟိတအဖြဲ႕မွ သိရသည္။
အဆိုပါ အမ်ိဳးသားသည္ ရာသီဥတုပူျခင္းေၾကာင့္ ေနအိမ္ေရွ႕ဝရန္တာရွိ တံခါးကိုဖြင့္စဥ္ အရွိန္လြန္ကာ ျပဳတ္က်ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ရာသီဥတုကပူလို႔ အိမ္ေရွ႕ဝရန္တာ သံပန္းတံခါးေလး ဖြင့္တာ အရွိန္လြန္သြားတာပါ။ မိသားစုဝင္လည္းရွိပါတယ္။ ေအာက္မွာလည္း သမန္သလင္းဆိုေတာ့ ေခါင္းနဲ႔ထိသြားတာပါ ။ ကြၽန္ေတာ္တို႔ေရာက္တဲ့အခ်ိန္မွာေတာ့ မီးလာေနပါတယ္" ဟု မြတ္စလင္မ္ပရဟိတအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါအမ်ိဳးသားသည္ အသက္ (၂၁)ႏွစ္ေက်ာ္အ႐ြယ္ျဖစ္ေၾကာင္းသိရၿပီး အခင္းျဖစ္ပြားရာေနရာ၌ပင္ ေသဆုံးခဲ့ေၾကာင္း မြတ္စလင္မ္ပရဟိတအဖြဲ႕ဆိုသည္။
၎၏႐ုပ္အေလာင္းအား သဃၤန္းကြၽန္းၿမိဳ႕နယ္ ၊ စံျပေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုမှာ နာမည်အရကောင်းသော်လည်း လက်တွေ့၌ အဖြေထုတ်နိုင်ရန် အလှမ်းဝေးဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း