မိုင်းဖြတ်မြို့နယ်တွင် ကားတစ်စီး အရှိန်လွန်ကာ ချောက်ထဲပြုတ်ကျခဲ့ပြီး လူ(၃)ဦးသေဆုံး
စော (NP News) - ဧပြီ ၂၄
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ မိုင်းဖြတ်မြို့နယ်တွင် ကားတစ်စီး အရှိန်လွန်ကာ ချောက်ထဲပြုတ်ကျခဲ့ပြီး လူ(၃)ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဧပြီလ ၂၄ ရက်) ၊ နံနက် (၇)နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ နန့်နမ်းရှမ်းရွာအကျော် ၃ ဖာလုံခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မိုင်းဖြတ်မြို့နယ် လူမှုကူညီရေးအသင်းမှ သိရသည်။
အဆိုပါကားမှာ တာချီလိတ်မှ မိုင်းယောင်းမြို့သို့ ဘုရားဖူးသွားသော Vigo အမျိုးအစား ကားတစ်စီးဖြစ်ကြောင်း သိရသည်။
“လူနာသုံးယောက်က ဆေးရုံမှာဆုံးသွားတာပေါ့။ သေဆုံးသူကအမျိုးသမီးသုံးယောက်ပါ။ ကွေ့တွေများတယ်လေ တောင်တက်ဆိုတော့ လမ်းကလည်းကျဉ်းတယ်လေ။ သူကအရှိန်နဲ့မောင်းတော့ ကားကွေ့တဲ့အချိန် စီယာတိုင် မထိန်းနိုင်လို့ပေါ့” မိုင်းဖြတ်မြို့နယ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ယာဉ်ပေါ်တွင် ယာဉ်မောင်းအမျိုးသားတစ်ဦးနှင့် အမျိုးသမီး (၅)ဦး လိုက်ပါလာပြီး အမျိုးသမီး (၃)ဦး သည်ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် သုံးဦးသေဆုံးခဲ့သည့်အပြင် ကျန်သုံးဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် တစ်ဦးမှာထိခိုက်ဒဏ်ရာစိုးရိမ်ရကြောင်း သိရသည်။
zawgyi version
မိုင္းျဖတ္ၿမိဳ႕နယ္တြင္ ကားတစ္စီး အရွိန္လြန္ကာ ေခ်ာက္ထဲျပဳတ္က်ခဲ့ၿပီး လူ(၃)ဦးေသဆုံး
ေစာ (NP News) - ဧၿပီ ၂၄
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) ၊ မိုင္းျဖတ္ၿမိဳ႕နယ္တြင္ ကားတစ္စီး အရွိန္လြန္ကာ ေခ်ာက္ထဲျပဳတ္က်ခဲ့ၿပီး လူ(၃)ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဧၿပီလ ၂၄ ရက္) ၊ နံနက္ (၇)နာရီအခ်ိန္တြင္ မိုင္းျဖတ္ၿမိဳ႕နယ္၊ နန္႔နမ္းရွမ္း႐ြာအေက်ာ္ ၃ ဖာလုံခန႔္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း မိုင္းျဖတ္ၿမိဳ႕နယ္ လူမႈကူညီေရးအသင္းမွ သိရသည္။
အဆိုပါကားမွာ တာခ်ီလိတ္မွ မိုင္းေယာင္းၿမိဳ႕သို႔ ဘုရားဖူးသြားေသာ Vigo အမ်ိဳးအစား ကားတစ္စီးျဖစ္ေၾကာင္း သိရသည္။
“လူနာသုံးေယာက္က ေဆး႐ုံမွာဆုံးသြားတာေပါ့။ ေသဆုံးသူကအမ်ိဳးသမီးသုံးေယာက္ပါ။ ေကြ႕ေတြမ်ားတယ္ေလ ေတာင္တက္ဆိုေတာ့ လမ္းကလည္းက်ဥ္းတယ္ေလ။ သူကအရွိန္နဲ႔ေမာင္းေတာ့ ကားေကြ႕တဲ့အခ်ိန္ စီယာတိုင္ မထိန္းႏိုင္လို႔ေပါ့” မိုင္းျဖတ္ၿမိဳ႕နယ္ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ယာဥ္ေပၚတြင္ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီး (၅)ဦး လိုက္ပါလာၿပီး အမ်ိဳးသမီး (၃)ဦး သည္ေဆး႐ုံအေရာက္တြင္ ေသဆုံးသြားေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္တြင္ သုံးဦးေသဆုံးခဲ့သည့္အျပင္ က်န္သုံးဦးမွာလည္း ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ၎တို႔အနက္ တစ္ဦးမွာထိခိုက္ဒဏ္ရာစိုးရိမ္ရေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စနစ်ဟောင်းဖြင့် နောက်ဆုံးဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းမှလွဲ၍ KG မှ Grade-11 အထိ စာမေးပွဲအောင်စာရင်းများကို ဧပြီလ(၂၇)ရက်၌ ကြေညာမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း