ပုပ်သိုးလွယ်သည့် ကုန်စိမ်းပစ္စည်းများကို အလျင်အမြန် တင်သွင်း၊ တင်ပို့နိုင်ရေးအတွက် မြန်မာ- တရုတ် နှစ်နိုင်ငံဆွေးနွေး
ယွန်း (NP News) - ဧပြီ ၂၄
ပုပ်သိုးလွယ်သည့် ကုန်စိမ်းပစ္စည်းများကို အလျင်အမြန် တင်သွင်း၊ တင်ပို့နိုင်ရေးအတွက် မြန်မာ- တရုတ် နှစ်နိုင်ငံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai တို့က ဧပြီလ(၂၃)ရက်တွင် ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ ယုဇနဧည့်ရိပ်သာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုအကျိုးရှိပြီး လက်တွေ့ကျသည့် လယ် ယာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရေးအတွက် ဆွေးနွေးမှုခဲ့ကြောင်း သိရသည်။
ထို့ပြင် လယ်ယာကဏ္ဍ သတင်းအချက်အလက်များနှင့် နည်းပညာဖလှယ်ခြင်းများ အပါအဝင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ အဆင့်မြှင့်တင်ခြင်းကိုလည်း မြှင့်တင်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။
အလားတူ မြန်မာနိုင်ငံ၌ ပိုးမွှားကင်းစင်သန့်ရှင်းရေးဆိုင်ရာ အရည်အသွေး ထိန်းချုပ်မှုမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုကိုလည်း ထည့်သွင်းဆွေးနွေးကြသည်။
ပုပ်သိုးလွယ်သည့် ကုန်စိမ်းပစ္စည်းများကို အလျင်အမြန်တင်သွင်းတင်ပို့နိုင်ရေးနှင့် ရေထွက်ပစ္စည်းများ တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့နိုင်ရေးကိုလည်း နှစ်နိုင်ငံ ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
zawgyi version
ပုပ္သိုးလြယ္သည့္ ကုန္စိမ္းပစၥည္းမ်ားကို အလ်င္အျမန္ တင္သြင္း၊ တင္ပို႔ႏိုင္ေရးအတြက္ ျမန္မာ- တ႐ုတ္ ႏွစ္ႏိုင္ငံေဆြးေႏြး
ယြန္း (NP News) - ဧၿပီ ၂၄
ပုပ္သိုးလြယ္သည့္ ကုန္စိမ္းပစၥည္းမ်ားကို အလ်င္အျမန္ တင္သြင္း၊ တင္ပို႔ႏိုင္ေရးအတြက္ ျမန္မာ- တ႐ုတ္ ႏွစ္ႏိုင္ငံေဆြးေႏြးမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး ႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမင္းေနာင္ႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံအမတ္ႀကီး Mr. Chen Hai တို႔က ဧၿပီလ(၂၃)ရက္တြင္ ရန္ကုန္ၿမိဳ႕၊ နတ္ေမာက္လမ္းရွိ ယုဇနဧည့္ရိပ္သာတြင္ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကျခင္း ျဖစ္သည္။
ေဆြးေႏြးပြဲတြင္ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ ျပည္သူမ်ားအတြက္ ပိုမိုအက်ိဳးရွိၿပီး လက္ေတြ႕က်သည့္ လယ္ ယာက႑ဖြံ႕ၿဖိဳးေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို တိုးျမႇင့္ေရးအတြက္ ေဆြးေႏြးမႈခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ လယ္ယာက႑ သတင္းအခ်က္အလက္မ်ားႏွင့္ နည္းပညာဖလွယ္ျခင္းမ်ား အပါအဝင္ စိုက္ပ်ိဳးေမြးျမဴေရးထုတ္ကုန္မ်ား အဆင့္ျမႇင့္တင္ျခင္းကိုလည္း ျမႇင့္တင္ေဆာင္႐ြက္ရန္ ေဆြးေႏြးခဲ့ၾကသည္။
အလားတူ ျမန္မာႏိုင္ငံ၌ ပိုးမႊားကင္းစင္သန႔္ရွင္းေရးဆိုင္ရာ အရည္အေသြး ထိန္းခ်ဳပ္မႈျမႇင့္တင္ေရး ပူးေပါင္းေဆာင္႐ြက္မႈကိုလည္း ထည့္သြင္းေဆြးေႏြးၾကသည္။
ပုပ္သိုးလြယ္သည့္ ကုန္စိမ္းပစၥည္းမ်ားကို အလ်င္အျမန္တင္သြင္းတင္ပို႔ႏိုင္ေရးႏွင့္ ေရထြက္ပစၥည္းမ်ား တ႐ုတ္ႏိုင္ငံသို႔ တိုက္႐ိုက္တင္ပို႔ႏိုင္ေရးကိုလည္း ႏွစ္ႏိုင္ငံ ေဆြးေႏြးမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြိတ်မြို့ ကညနရုံးအရှေ့၌ ကားတစ်စီး အပြင်းအထန်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ(၂)ဦး သေဆုံးခဲ့
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း