အင်းစိန်မြို့ CID ရုံးအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိ
NP News - ဧပြီ ၂၄
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ CID (မှုခင်းတပ်ဖွဲ့ဌာနချုပ်)ရုံးအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော် လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဧပြီလ ၂၃ ရက်)၊ ည ၁ဝ နာရီကျော်အချိန်တွင် CID ရုံးအနီး၌ ဗုံး(၂)လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို ပြောသည်။
“ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကတော့ မှန်ပါတယ်။ ဒါပေမယ့် ဘယ်သူတစ်ဦးတစ်ယောက်မှ ထိခိုက်ခဲ့တာ မရှိပါဘူး။ အဲဒါပဲလိုတယ်”ဟု အထက်ပါသတင်းအရင်းအမြစ်ကဆိုသည်။
အဆိုပါ CID ရုံးအနီးတွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နောက်ထပ် ပေါက်ကွဲမှု အသံများနှင့် သေနတ်ပစ်ခတ်သံများကိုပါ ကြားရကြောင်း အင်းစိန်မြို့နယ်အတွင်း နေထိုင်သူများက ပြောဆိုထားသည်။
ပြီးခဲ့သော မတ်လကုန်ပိုင်းတွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်အကျဉ်းထောင် ခြံစည်းရိုးအနီးတွင် ပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
zawgyi version
အင္းစိန္ၿမိဳ႕ CID ႐ုံးအနီးတြင္ ဗုံးေပါက္ကြဲမႈ ျဖစ္ပြားခဲ့ေသာ္လည္း ထိခိုက္ဒဏ္ရာရသူ မရွိ
NP News - ဧၿပီ ၂၄
ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္ရွိ CID (မႈခင္းတပ္ဖြဲ႕ဌာနခ်ဳပ္)႐ုံးအနီးတြင္ ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ေသာ္ လည္း လူထိခိုက္ဒဏ္ရာရရွိမႈ မရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဧၿပီလ ၂၃ ရက္)၊ ည ၁ဝ နာရီေက်ာ္အခ်ိန္တြင္ CID ႐ုံးအနီး၌ ဗုံး(၂)လုံး ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္က NP News ကို ေျပာသည္။
“ဗုံးေပါက္ကြဲမႈ ျဖစ္စဥ္ကေတာ့ မွန္ပါတယ္။ ဒါေပမယ့္ ဘယ္သူတစ္ဦးတစ္ေယာက္မွ ထိခိုက္ခဲ့တာ မရွိပါဘူး။ အဲဒါပဲလိုတယ္”ဟု အထက္ပါသတင္းအရင္းအျမစ္ကဆိုသည္။
အဆိုပါ CID ႐ုံးအနီးတြင္ ဗုံးေပါက္ကြဲမႈ ႏွစ္ႀကိမ္ျဖစ္ပြားခဲ့ၿပီး ေနာက္ထပ္ ေပါက္ကြဲမႈ အသံမ်ားႏွင့္ ေသနတ္ပစ္ခတ္သံမ်ားကိုပါ ၾကားရေၾကာင္း အင္းစိန္ၿမိဳ႕နယ္အတြင္း ေနထိုင္သူမ်ားက ေျပာဆိုထားသည္။
ၿပီးခဲ့ေသာ မတ္လကုန္ပိုင္းတြင္ ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္ရွိ အင္းစိန္အက်ဥ္းေထာင္ ၿခံစည္း႐ိုးအနီးတြင္ ေပါက္ကြဲမႈျဖစ္စဥ္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးမြို့၌ မော်တော်ယာဥ်ပေါ်တွင် ပုလင်းခွံများဖြင့်ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ်(၁ဝ)ဘီလျံကျော်တန်ဖိုးရှိသော မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း