“တရုတ် အကြွေးတွင်းနက်ကြီးက ရုန်းထွက်နိုင်မလား”(ဘာသာပြန်ဆောင်းပါး)
မောင်သံလွင် (NP News)- ဧပြီ ၂၂
တရုတ်ပြည်က ဒေသဆိုင်ရာ ပြည်နယ်အစိုးရတွေဟာ ကြွေးရှင်တွေကို ပေးဆပ်ဖို့ အကြွေးစုစုပေါင်း (၈ ဒသမ ၃) ထရီလျံတင်နေပါတယ်။ အဲဒီအကြွေးပမာဏဟာ ဂျပန်၊ ဂျာမနီ၊ အိန္ဒိယ၊ ယူကေနဲ့ ပြင်သစ်နိုင်ငံ အသီးသီးတို့ရဲ့ ဂျီဒီပီပမာဏတွေထက် ပိုများပြားပါတယ်။ အဲဒီ ကမ္ဘာ့အကြီးဆုံးစီးပွားရေး နိုင်ငံတွေရဲ့ ဂျီဒီပီတွေက....
ဂျပန် ၄ ဒသမ ၈၇၂ ထရီလျံ၊
ဂျာမနီ ၃ ဒသမ ၆၉၃ ထရီလျံ၊
အိန္ဒိယ ၂ ဒသမ ၆၅၁ ထရီလျံ၊
ယူကေ ၂ ဒသမ ၆၃၈ ထရီလျံ နဲ့
ပြင်သစ် ၂ ဒသမ ၅၈၇ ထရီလျံ အသီးသီးရှိပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်နေကြတာ နှစ်ပေါင်းများစွာကြာပါပြီ။ တရုတ်အစိုးရက တနည်းနည်းနဲ့တော့ ဖြေရှင်းခဲ့တာပါဘဲ။ ဒါပေမဲ့ ဒီလိုဆေးမြီးတိုနဲ့ ကုတာက ရေရှည်အတွက် အဖြေမှန်မဟုတ်တော့ပါဘူး။ တရုတ်အနေနဲ့ အကြွေးဆိုးဆိုတဲ့ မုန်တိုင်းနဲ့ ရင်ဆိုင်နေရပါပြီ။ ပြည်တွင်း ချေးငွေတွေက ပြန်လည်ပေးဆပ်ချိန်ရောက်နေပြီး နိုင်ငံခြားကိုပေးရမဲ့ အတိုး-အရင်းတွေ အချိန်မီမပေးဆပ်နိုင်တာတွေကလည်း တနေ့တခြားတိုးများလာနေပါတယ်။ ဒါကြောင့် တရုတ်အစိုးရအနေ နဲ့ အကြွေးဆိုးတွေအပေါ် “ဆံပင်ညှပ်” ( haircut- ဆိုသည့် စီးပွားရေးတွင် သုံးသည့် ဝေါဟာရမှာ အမှန်တကယ်ပေးရန်ရှိသည့် တန်ဘိုးအပေါ် ရာခိုင်နှုန်းဖြင့် လျှော့နှုန်းပေးခြင်းကိုဆိုလို သည်) ပေးဖို့ ဖိအားတွေရှိလာနေပါတယ်။
ပြည်တွင်းမှာတင်ရှိနေတဲ့ ၈ ဒသမ ၃ ထရီလျံဒေါ်လာဖိုး အကြွေးတွေအကြောင်းက စကြပါစို့။ ဒီအကြွေးတွေဟာ ဒေသဆိုင်ရာ ( ပြည်နယ်နဲ့ ဒေသန္တရဆိုင်ရာ ) အစိုးရတွေကချေးယူထားကြတာပါ။ ချေးငွေတွေက စည်းမျဉ်းနဲ့မညီ ချေးယူတာတွေပါ။ အခြေခံအဆောက်အအုံဆောက်လုပ်ရေး စီမံကိန်းတွေကို ထောက်ပံဖို့ဖြစ်ပါတယ်။ ဒါက သက်ဆိုင်ရာဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာ စေဖို့ပါ။ ဒီချေးငွေတွေအတွက် သီးခြားပေးထားတဲ့ အမည်ရှိပါတယ်။ LGFV – Local Government financing Vehicles လို့ခေါ်ပါတယ်။ (ဗမာလိုတော့ “ဒေသန္တရ အစိုးရ ဘဏ္ဍာထောက်ပံ့ရေး စနစ်” လို့ခေါ်ရမယ်ထင်ပါတယ်။)
ဒီ LGFV တွေရဲ့ ထူးခြားတဲ့အချက်က စည်းကမ်းသတ်မှတ်ချက်တွေ လိုက်နာစရာမလိုဘဲ ချေးငှားနိုင်တာပါ။ ဒီလိုလုပ်နှိုင်ဖို့ကို ၁၉၉ဝ ခုနှစ်ကာလတွေတုံးကထဲက စတင်တီထွင်ခဲ့ပါတယ်။ ဒီလိုလုပ်ရတာက ဒေသဆိုင်ရာ အစိုးရတွေ အနေနဲ့ ငွေချေးယူတဲ့အခါ စည်းမျည်းတွေ လိုက်နာဖို့မလိုဘဲ၊ လွယ်လွယ်ကူကူချေးယူနှိုင်ဖို့ပါ။ အဲဒီ စည်းမျဥ်းစမ်းကမ်းတွေက အမှန်တကယ်တော့ ဒေသဆိုင်ရာ ပြည်နယ်အစိုးရတွေ အကြွေးမတင်စေဖို့ ရည်ရွယ် ပြီးချမှတ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒေသအစိုးရတွေဟာ ညဏ်နီညဏ်နက်တွေသုံးပြီးအဲဒီ စည်းမျဉ်းတွေကို ရှောင်လွှဲဖို့ ကြိုးစား လာကြပါတယ်။ ဒီလိုနည်းနဲ့ LGFV ဆိုတာပေါ်လာပြီး၊ စည်းမျဉ်းတွေကို ရှောင်တိမ်းနှိုင်ဖို့ ထောက်ကူပေးပါတယ်။ အဲဒီနည်းအရ ဒေသအစိုးရေတွေဟာ ပြည်တွင်း- ပြည်ပရင်းနှီးမြှုပ်နှံသူတွေဆီက ငွေချေးယူနှိုင်ကြပါတယ်။ ဒီလိုနဲ့ ဒေသအစိုးရတွေဟာ ဒီစနစ်ကိုအသုံးပြုကြတာ နှစ်ပေါင်းများစွာကြာရှည် လာတဲ့အခါ မထိန်းနှိုင်ဖြစ်လာခဲ့ပါတယ်။ အခုအခါမှာ အဲဒီ LGFV ကချေးယူငွေပမာဏဟာ တရုတ် ဂျီဒီပီရဲ့ ၄၈ ရာခိုင်နှုန်း ထိရှိလာတဲ့အတွက် အစိုးရရဲ့ တရားဝင်ချေးယူမှုပမာဏ လောက်ကြီးထွားလာပါတယ်။ ကျွမ်းကျင်တဲ့သူတွေက အဲဒီ LGFV တွေဟာ တရုတ် ငွေကြေးစနစ်ထဲက Black hole တွင်းနက်ကြီးတွေဘဲလို့ ဆိုကြပါတယ်။ ဒီငွေတွေနဲ့ ဒေသအစိုးရတွေရဲ့ အခွန် ကောက်ခံရငွေနဲ့ အသုံးစားရိတ်အကြားကွာဟချက်ကို ဖြည့်ကြလို့ပါဘဲ။ ဒီငွေတွေက တရားဝင် မဟုတ်တာကြောင့် အမှန်တကယ်ဘယ်လောက်များပြားတယ်ဆိုတာ ဘယ်သူမှ အမှန်မသိကြပါဘူး။ ၈ ဒသမ ၃ ထရီလျံဆိုတဲ့ ပမာဏဟာ ခန့်မှန်းချက်သာဖြစ်ပြီး အမှန်တကယ်က ဒီထက်ပိုများပြားနှိုင်တယ်လို့ တချို့ ကျွမ်းကျင်သူတွေက ယုံကြည် ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီပြဿနာကို ဘေးဖယ်ထားလို့မရတော့ပါဘူး။
တချို့ပြည်နယ်တွေဟာ ဘဏ္ဍာရေး အခက်အခဲ ( financial distress) ဖြစ်နေပြီး ပီကင်း ဗဟိုအစိုးရက bailout ငွေထုတ်ချေးပြီးကယ်တင်ဖို့ ပြောနေကြပါတယ်။ ဥပမာ ကွေကြိုးပြည်နယ် အစိုးရပါ။ ကွေ့ကြိုးပြည် နယ်အစိုးရဟာ တရုတ်နိုင်ငံထဲမှာ အကြွေးအထူဆုံး အစိုးရဖြစ်ပါတယ်။ ဒီလထဲမှာ သူတို့က အရေးပေါ်အကူ အညီတောင်းခံချက် SOS ထုတ်လိုက်ပါတယ်။ ကွေ့ကြိုးပြည်နယ်အစိုးရက ဆောင်းပါးတစောင်ရေးပြီး အွန်လိုင်းပေါ်ကိုတင်လိုက်တာပါ။
“အကန့်အသတ်နဲ့ရှိနေတဲ့ ဘဏ္ဍာရေးရင်းမြစ်တွေကြောင့် အကြွေးသက်သာခွင့် ခံစားရဖို့ သိပ်ကိုခက်ခဲပါ တယ်။ ဒေသဆိုင်ရာအစိုးရတွေရဲ့ အရည်အချင်းကိုသာ အားထားပြီး အကြွေးပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းဘို့ မဖြစ်နှိုင်ပါ။ လေ့လာသုံးသပ်ချက်များအရ အကြွေးပြဿနာဟာ ဒေသဆိုင်ရာ အစိုးရများအတွက် အဓိကနဲ့အရေးတကြီး ပြဿနာဖြစ်လာနေပါတယ်။”
ဒါက ကွေ့ကြိုးပြည်နယ်အစိုးရက အွန်လိုင်းပေါ်တင်ထားတဲ့ စာထဲမှာ ဖေါ်ပြထားချက်ပါ။ နောက်ပိုင်းမှာ အဲဒီပို့စ်က ဖျက်ချခံလိုက်ရပါတယ်။ ဒါကတရုတ်ရဲ့ ရှေးမူမပျက်အစဉ်အလာ လုပ်ရပ်ပါဘဲ။
ကွေ့ကြိုးအစိုးရအရာရှိတွေသိလိုက်ပါတယ်။ ဒါက လူမသိအောင်ဖုံးကွယ်ထားရမဲ့ အရာဆိုတာ။ ဒါပေမဲ့ ဒီကိစ္စက သိပ်ကိုကြီးမားကျယ်ပြန့်လာတာဖြစ်လို့ ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ပါဘူး။
၂ဝ၂၂ ခုနှစ် ဒီဇင်္ဘာလမှာတော့ ဒေသဆိုင်ရာအစိုးရတရပ်က ဒုက္ခတွေ့ပါတယ်။ အဲဒီအစိုးရက အကြွေးတွေကို မနိုင်တော့ပါဘူး။ ဒါကြောင့် ချေးငှားသူတွေထံက တစိတ်တပိုင်း ငွေချေးကယ်တင်တာ ( partial bailout ) ကို ယူရပါတယ်။ အမေရိကန် ၂ ဒဿမ ၃ ဘီလျံချေးငွေပါ။ ကာလတိုချေးငွေသက်တမ်းကို ကာလရှည်ချေးငွေအဖြစ် အတိုးနှုန်းသက်သက်သာသာနဲ့ ပြောင်းလဲပေးတာပါ။ ပြန်ဆပ်ကာလက နှစ် ၂ဝ ပါ။ အဓိပ္ပာယ်ကတော့ ငွေချေးပေး သူတွေ အနေနဲ့ သူတို့ငွေပြန်ရဖို့ အချိန်ပိုကြာကြာစောင့်ရမယ်ဆိုတဲ့ သဘောပါ။
ပီကင်း ဗဟိုအစိုးရကတော့ ဒီဒေသဆိုင်ရာ အစိုးရတွေကို ကယ်တင်ငွေချေးဖို့ ( bail out ) ကိုငြင်းပယ်ထားပါ တယ်။ ဒီသတင်းစကားက ထိပ်ဆုံးပိုင်းကလာတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ လက တရုတ်အစိုးရ မီဒီယာက ဒီသတင်းကို ပုံနှိပ်ဖေါ်ပြခဲ့ပါတယ်။
“ တရုတ်အစိုးရအနေဖြင့်၊ ဒေသဆိုင်ရာအစိုးရများ၏ ပုန်းလျှိုးနေသည့် အကြွေးများကိစ္စကို ဗဟိုအစိုးရကို အားကိုယ်းသည့် ကယ်တင်ချေးငွေ ( Bail out ) မပါဘဲ၊ တရားဥပဒေကိုအခြေခံသည့်၊ စျေးကွက်နှင့်ချိတ်ဆက် သည့် နည်းတို့ဖြင့်သာဖြေရှင်းသွားမည်။” လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေငြာခဲ့ပါတယ်။ ဒါက ဗဟိုအစိုးရက ပေးတဲ့ သတင်းစကားပါ။ ကယ်တင်ချေးငွေ ပေးတာ ( bail out ) မလုပ်ဘူးဆိုတာပါ။ ဘာကြောင့် တရုတ် ဗဟိုအစိုးရက ဒေသအစိုးရတွေကို မကယ်တင်တာလဲ။ အကြောင်းက ဗဟိုအစိုးရမှာလည်း ငွေကြေးပြတ်လပ်နေလို့ ပါ။
သမ္မတရှီကျင့်ဖျင်ရဲ့ အချစ်တော် ခါးပတ်လမ်း စီမံကိန်း ( the belt and Road initiative ) တွေရဲ့ အကြွေးဆိုး တွေကြောင့် အဲဒီထဲကရုန်းမထွက်နှိုင်ဘဲ နစ်မြုပ်နေလို့ပါ။ အဲဒီမှာ ပြန်မဆပ်နိုင်တဲ့ အကြွေးဆိုးတွေက တသီတတန်းကြီးပါ။ လွန်ခဲ့တဲ့ ၃ နှစ်တာအတွင်း ၇၈ ဘီလျံတန်ဖိုးရှိတဲ့ ချေးငှားမှုတွေက ငွေပြန်မပေါ်ပါ။ ဒီငွေတွေနဲ့ တကမ္ဘာလုံးက ရထားလမ်းတွေ၊ သင်္ဘောဆိပ်တွေ၊ လေဆိပ်တွေ ဆောက်လုပ်ရာမှာ သုံးတာပါ။ ဒီအကြွေးတွေကို တချို့ကိုလည်း လျော်ပစ်လိုက်ပါတယ်။ တချို့ကိုကျတော့ ပြန်ဆပ်ရမဲ့ကာလကို ပြန်လည် ညှိနှိုင်းပါတယ်။ ဘယ်လိုဘဲလုပ်လုပ် ရလာဒ်ကတော့ အတူတူပါဘဲ။ တရုတ်ရဲ့ငွေတွေက နစ်နေပါပြီ။
ဆိုးတာက ကမ္ဘာ့ဘဏ္ဍာရေးအဖွဲ့အစည်းကြီးတွေရဲ့ ဖိအားပေးမှုကို ခံရတာပါ။ ဒါက ပြဿနာရဲ့ တတိယ အပိုင်းလို့ ဆိုရပါမယ်။ အိုင်အမ်အက်ဖ်လို့ ကမ္ဘာ့ဘဏ်လို ဘဏ်ကြီးတွေရဲ့ ဖိအားပေးမှုကို ခံနေရလို့ပါ။ သူတို့ အားလုံးက တရုတ်ကိုတောင်းဆိုနေတာက အကြွေးတွေကို လျှော်ပစ်ဖို့၊ အထူးသဖြင့်ဆင်းရဲတဲ့နိုင်ငံတွေရဲ့ အကြွေးတွေကိုပါ။ သီရိလင်္ကာနိုင်ငံကိုဆိုရင် မကြာသေးခင်ကဘဲ အိုင်အမ်အက်ဖ်က ကယ်တင်ချေးငွေ ( bail out) ပေးခဲ့ရပါသေးတယ်။ အမေရိကန် ဒေါ်လာ ၃ ဘီလျံပါ။
ပြီးခဲ့တဲ့ နှစ်က သီရိလင်္ကာရဲ့ စီးပွားရေးက ပြိုကျသွားခဲ့ပါတယ်။ ဆေးဝါးကနေ လောင်စာဆီအထိ လူသုံး ကုန်ပစ္စည်းတွေ ပြတ်လတ်ကုန်ပါတယ်။ တနိုင်ငံလုံး ဆန္ဒပြပွဲတွေနဲ့ ဆူပွက်နေခဲ့ပြီး၊ သမ္မတရော၊ ဝန်ကြီးချုပ်ပါ နှုတ်ထွက်ပေးရပါတယ်။ အိန္ဒိယက ဝင်ရောက်ကူညီဖို့ လုပ်ခဲ့ပေမဲ့ သီရိလင်္ကာရဲ့ အကြီးဆုံး အကြွေးရှင် တရုတ်က နောက်ကနေ ခြေထောက်ကိုဆွဲပါတယ်။
ခုထက်ထိတော့ တရုတ်က သီရိလင်္ကာရဲ့အကြွေးကို သက်ညှာခွင့်ပေးဖို့ ငြင်းဆန်နေပါတယ်။ ဘာကြောင့်လဲ ဆိုတာ အခုတော့ ကျမတို့ သိလိုက်ရပါပြီ။ အကြောင်းက ပီကင်းမှာလည်း ဘေးကြပ်နံကြပ်အနေအထားကို ရောက်နေလို့ပါ။
တဖက်မှာ ပြည်တွင်းက ကြွေးပိပြီး ငွေလိုနေတဲ့ဒေသဆိုင်ရာအစိုးရတွေရဲ့ ဆိုးရွာားတဲ့ ဘဏ္ဍာရေးအခြေအနေ၊ အခြားတဖက်မှာ ငွေပြန်မဖေါ်နိုင်ပဲဖြစ်နေတဲ့ နိုင်ငံခြားတိုင်းပြည်တွေက ရင်းနှီးမြှုပ်နှံမှုတွေ။
ဒါကြောင့် တရုတ်လို ငွေကြေးတောင်းတင်းတဲ့ နိုင်ငံတောင်မှ ပေးရန်ရှိတဲ့ အကြွေးအားလုံးကို ရှင်းပေးဖို့ မတတ်နိုင်ပါဘူး။ ခုန ကျွန်မပြောခဲ့သလိုပါဘဲ။ ဒါဟာတကယ့် မုန်တိုင်းပါ။ ပီကင်းက ဒါကို ရှောင်ချင်ပါတယ်။
ဒါက ဘယ်တော့လဲ ဆိုတဲ့ပြဿနာပါ။ ဖြစ်မလား မဖြစ်ဘူးလားဆိုတဲ့ ပြဿနာမဟုတ်ပါဘူး။
ကြီးမားတဲ့ အကြွေးတရပ် ဆပ်ဖို့ ပျက်ကွက်လိုက်တာနဲ့ တရုတ်အကြွေးပူပေါင်း ပေါက်ကွဲပါလိမ့်မယ်။
ဒီလို ကူးစက်ရောဂါဟာ ထိန်းချုပ်ဖို့ အလွန်ခက်ပါတယ်။
အိန္ဒိယနိုင်ငံ Firstpost Channel ၏ China's Debt-Heavy Local Governments Lobby Beijing For Bailout | Vantage with Palki Sharma ကို ဘာသာပြန်ဆိုသည်။
zawgyi version
“တ႐ုတ္ အေႂကြးတြင္းနက္ႀကီးက ႐ုန္းထြက္ႏိုင္မလား”(ဘာသာျပန္ေဆာင္းပါး)
ေမာင္သံလြင္ (NP News)- ဧၿပီ ၂၂
တ႐ုတ္ျပည္က ေဒသဆိုင္ရာ ျပည္နယ္အစိုးရေတြဟာ ေႂကြးရွင္ေတြကို ေပးဆပ္ဖို႔ အေႂကြးစုစုေပါင္း (၈ ဒသမ ၃) ထရီလ်ံတင္ေနပါတယ္။ အဲဒီအေႂကြးပမာဏဟာ ဂ်ပန္၊ ဂ်ာမနီ၊ အိႏၵိယ၊ ယူေကနဲ႔ ျပင္သစ္ႏိုင္ငံ အသီးသီးတို႔ရဲ႕ ဂ်ီဒီပီပမာဏေတြထက္ ပိုမ်ားျပားပါတယ္။ အဲဒီ ကမာၻ႔အႀကီးဆုံးစီးပြားေရး ႏိုင္ငံေတြရဲ႕ ဂ်ီဒီပီေတြက....
ဂ်ပန္ ၄ ဒသမ ၈၇၂ ထရီလ်ံ၊
ဂ်ာမနီ ၃ ဒသမ ၆၉၃ ထရီလ်ံ၊
အိႏၵိယ ၂ ဒသမ ၆၅၁ ထရီလ်ံ၊
ယူေက ၂ ဒသမ ၆၃၈ ထရီလ်ံ နဲ႔
ျပင္သစ္ ၂ ဒသမ ၅၈၇ ထရီလ်ံ အသီးသီးရွိပါတယ္။
ရင္းႏွီးျမႇဳပ္ႏွံသူေတြက စိုးရိမ္ေနၾကတာ ႏွစ္ေပါင္းမ်ားစြာၾကာပါၿပီ။ တ႐ုတ္အစိုးရက တနည္းနည္းနဲ႔ေတာ့ ေျဖရွင္းခဲ့တာပါဘဲ။ ဒါေပမဲ့ ဒီလိုေဆးၿမီးတိုနဲ႔ ကုတာက ေရရွည္အတြက္ အေျဖမွန္မဟုတ္ေတာ့ပါဘူး။ တ႐ုတ္အေနနဲ႔ အေႂကြးဆိုးဆိုတဲ့ မုန္တိုင္းနဲ႔ ရင္ဆိုင္ေနရပါၿပီ။ ျပည္တြင္း ေခ်းေငြေတြက ျပန္လည္ေပးဆပ္ခ်ိန္ေရာက္ေနၿပီး ႏိုင္ငံျခားကိုေပးရမဲ့ အတိုး-အရင္းေတြ အခ်ိန္မီမေပးဆပ္ႏိုင္တာေတြကလည္း တေန႔တျခားတိုးမ်ားလာေနပါတယ္။ ဒါေၾကာင့္ တ႐ုတ္အစိုးရအေန နဲ႔ အေႂကြးဆိုးေတြအေပၚ “ဆံပင္ညႇပ္” ( haircut- ဆိုသည့္ စီးပြားေရးတြင္ သုံးသည့္ ေဝါဟာရမွာ အမွန္တကယ္ေပးရန္ရွိသည့္ တန္ဘိုးအေပၚ ရာခိုင္ႏႈန္းျဖင့္ ေလွ်ာ့ႏႈန္းေပးျခင္းကိုဆိုလို သည္) ေပးဖို႔ ဖိအားေတြရွိလာေနပါတယ္။
ျပည္တြင္းမွာတင္ရွိေနတဲ့ ၈ ဒသမ ၃ ထရီလ်ံေဒၚလာဖိုး အေႂကြးေတြအေၾကာင္းက စၾကပါစို႔။ ဒီအေႂကြးေတြဟာ ေဒသဆိုင္ရာ ( ျပည္နယ္နဲ႔ ေဒသႏၲရဆိုင္ရာ ) အစိုးရေတြကေခ်းယူထားၾကတာပါ။ ေခ်းေငြေတြက စည္းမ်ဥ္းနဲ႔မညီ ေခ်းယူတာေတြပါ။ အေျခခံအေဆာက္အအုံေဆာက္လုပ္ေရး စီမံကိန္းေတြကို ေထာက္ပံဖို႔ျဖစ္ပါတယ္။ ဒါက သက္ဆိုင္ရာေဒသအတြင္း စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္လာ ေစဖို႔ပါ။ ဒီေခ်းေငြေတြအတြက္ သီးျခားေပးထားတဲ့ အမည္ရွိပါတယ္။ LGFV – Local Government financing Vehicles လို႔ေခၚပါတယ္။ (ဗမာလိုေတာ့ “ေဒသႏၲရ အစိုးရ ဘ႑ာေထာက္ပံ့ေရး စနစ္” လို႔ေခၚရမယ္ထင္ပါတယ္။)
ဒီ LGFV ေတြရဲ႕ ထူးျခားတဲ့အခ်က္က စည္းကမ္းသတ္မွတ္ခ်က္ေတြ လိုက္နာစရာမလိုဘဲ ေခ်းငွားႏိုင္တာပါ။ ဒီလိုလုပ္ႏႈိင္ဖို႔ကို ၁၉၉ဝ ခုႏွစ္ကာလေတြတုံးကထဲက စတင္တီထြင္ခဲ့ပါတယ္။ ဒီလိုလုပ္ရတာက ေဒသဆိုင္ရာ အစိုးရေတြ အေနနဲ႔ ေငြေခ်းယူတဲ့အခါ စည္းမ်ည္းေတြ လိုက္နာဖို႔မလိုဘဲ၊ လြယ္လြယ္ကူကူေခ်းယူႏႈိင္ဖို႔ပါ။ အဲဒီ စည္းမ်ဥ္းစမ္းကမ္းေတြက အမွန္တကယ္ေတာ့ ေဒသဆိုင္ရာ ျပည္နယ္အစိုးရေတြ အေႂကြးမတင္ေစဖို႔ ရည္႐ြယ္ ၿပီးခ်မွတ္ထားတာျဖစ္ပါတယ္။ ဒါေၾကာင့္ ေဒသအစိုးရေတြဟာ ညဏ္နီညဏ္နက္ေတြသုံးၿပီးအဲဒီ စည္းမ်ဥ္းေတြကို ေရွာင္လႊဲဖို႔ ႀကိဳးစား လာၾကပါတယ္။ ဒီလိုနည္းနဲ႔ LGFV ဆိုတာေပၚလာၿပီး၊ စည္းမ်ဥ္းေတြကို ေရွာင္တိမ္းႏႈိင္ဖို႔ ေထာက္ကူေပးပါတယ္။ အဲဒီနည္းအရ ေဒသအစိုးေရေတြဟာ ျပည္တြင္း- ျပည္ပရင္းႏွီးျမႇဳပ္ႏွံသူေတြဆီက ေငြေခ်းယူႏႈိင္ၾကပါတယ္။ ဒီလိုနဲ႔ ေဒသအစိုးရေတြဟာ ဒီစနစ္ကိုအသုံးျပဳၾကတာ ႏွစ္ေပါင္းမ်ားစြာၾကာရွည္ လာတဲ့အခါ မထိန္းႏႈိင္ျဖစ္လာခဲ့ပါတယ္။ အခုအခါမွာ အဲဒီ LGFV ကေခ်းယူေငြပမာဏဟာ တ႐ုတ္ ဂ်ီဒီပီရဲ႕ ၄၈ ရာခိုင္ႏႈန္း ထိရွိလာတဲ့အတြက္ အစိုးရရဲ႕ တရားဝင္ေခ်းယူမႈပမာဏ ေလာက္ႀကီးထြားလာပါတယ္။ ကြၽမ္းက်င္တဲ့သူေတြက အဲဒီ LGFV ေတြဟာ တ႐ုတ္ ေငြေၾကးစနစ္ထဲက Black hole တြင္းနက္ႀကီးေတြဘဲလို႔ ဆိုၾကပါတယ္။ ဒီေငြေတြနဲ႔ ေဒသအစိုးရေတြရဲ႕ အခြန္ ေကာက္ခံရေငြနဲ႔ အသုံးစားရိတ္အၾကားကြာဟခ်က္ကို ျဖည့္ၾကလို႔ပါဘဲ။ ဒီေငြေတြက တရားဝင္ မဟုတ္တာေၾကာင့္ အမွန္တကယ္ဘယ္ေလာက္မ်ားျပားတယ္ဆိုတာ ဘယ္သူမွ အမွန္မသိၾကပါဘူး။ ၈ ဒသမ ၃ ထရီလ်ံဆိုတဲ့ ပမာဏဟာ ခန႔္မွန္းခ်က္သာျဖစ္ၿပီး အမွန္တကယ္က ဒီထက္ပိုမ်ားျပားႏႈိင္တယ္လို႔ တခ်ိဳ႕ ကြၽမ္းက်င္သူေတြက ယုံၾကည္ ၾကပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒီျပႆနာကို ေဘးဖယ္ထားလို႔မရေတာ့ပါဘူး။
တခ်ိဳ႕ျပည္နယ္ေတြဟာ ဘ႑ာေရး အခက္အခဲ ( financial distress) ျဖစ္ေနၿပီး ပီကင္း ဗဟိုအစိုးရက bailout ေငြထုတ္ေခ်းၿပီးကယ္တင္ဖို႔ ေျပာေနၾကပါတယ္။ ဥပမာ ေကြႀကိဳးျပည္နယ္ အစိုးရပါ။ ေကြ႕ႀကိဳးျပည္ နယ္အစိုးရဟာ တ႐ုတ္ႏိုင္ငံထဲမွာ အေႂကြးအထူဆုံး အစိုးရျဖစ္ပါတယ္။ ဒီလထဲမွာ သူတို႔က အေရးေပၚအကူ အညီေတာင္းခံခ်က္ SOS ထုတ္လိုက္ပါတယ္။ ေကြ႕ႀကိဳးျပည္နယ္အစိုးရက ေဆာင္းပါးတေစာင္ေရးၿပီး အြန္လိုင္းေပၚကိုတင္လိုက္တာပါ။
“အကန႔္အသတ္နဲ႔ရွိေနတဲ့ ဘ႑ာေရးရင္းျမစ္ေတြေၾကာင့္ အေႂကြးသက္သာခြင့္ ခံစားရဖို႔ သိပ္ကိုခက္ခဲပါ တယ္။ ေဒသဆိုင္ရာအစိုးရေတြရဲ႕ အရည္အခ်င္းကိုသာ အားထားၿပီး အေႂကြးျပႆနာကို ထိထိေရာက္ေရာက္ ေျဖရွင္းဘို႔ မျဖစ္ႏႈိင္ပါ။ ေလ့လာသုံးသပ္ခ်က္မ်ားအရ အေႂကြးျပႆနာဟာ ေဒသဆိုင္ရာ အစိုးရမ်ားအတြက္ အဓိကနဲ႔အေရးတႀကီး ျပႆနာျဖစ္လာေနပါတယ္။”
ဒါက ေကြ႕ႀကိဳးျပည္နယ္အစိုးရက အြန္လိုင္းေပၚတင္ထားတဲ့ စာထဲမွာ ေဖၚျပထားခ်က္ပါ။ ေနာက္ပိုင္းမွာ အဲဒီပို႔စ္က ဖ်က္ခ်ခံလိုက္ရပါတယ္။ ဒါကတ႐ုတ္ရဲ႕ ေရွးမူမပ်က္အစဥ္အလာ လုပ္ရပ္ပါဘဲ။
ေကြ႕ႀကိဳးအစိုးရအရာရွိေတြသိလိုက္ပါတယ္။ ဒါက လူမသိေအာင္ဖုံးကြယ္ထားရမဲ့ အရာဆိုတာ။ ဒါေပမဲ့ ဒီကိစၥက သိပ္ကိုႀကီးမားက်ယ္ျပန႔္လာတာျဖစ္လို႔ ဖုံးကြယ္ထားဖို႔ မျဖစ္ႏိုင္ပါဘူး။
၂ဝ၂၂ ခုႏွစ္ ဒီဇဘၤာလမွာေတာ့ ေဒသဆိုင္ရာအစိုးရတရပ္က ဒုကၡေတြ႕ပါတယ္။ အဲဒီအစိုးရက အေႂကြးေတြကို မႏိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ ေခ်းငွားသူေတြထံက တစိတ္တပိုင္း ေငြေခ်းကယ္တင္တာ ( partial bailout ) ကို ယူရပါတယ္။ အေမရိကန္ ၂ ဒႆမ ၃ ဘီလ်ံေခ်းေငြပါ။ ကာလတိုေခ်းေငြသက္တမ္းကို ကာလရွည္ေခ်းေငြအျဖစ္ အတိုးႏႈန္းသက္သက္သာသာနဲ႔ ေျပာင္းလဲေပးတာပါ။ ျပန္ဆပ္ကာလက ႏွစ္ ၂ဝ ပါ။ အဓိပၸာယ္ကေတာ့ ေငြေခ်းေပး သူေတြ အေနနဲ႔ သူတို႔ေငြျပန္ရဖို႔ အခ်ိန္ပိုၾကာၾကာေစာင့္ရမယ္ဆိုတဲ့ သေဘာပါ။
ပီကင္း ဗဟိုအစိုးရကေတာ့ ဒီေဒသဆိုင္ရာ အစိုးရေတြကို ကယ္တင္ေငြေခ်းဖို႔ ( bail out ) ကိုျငင္းပယ္ထားပါ တယ္။ ဒီသတင္းစကားက ထိပ္ဆုံးပိုင္းကလာတာျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၃ လက တ႐ုတ္အစိုးရ မီဒီယာက ဒီသတင္းကို ပုံႏွိပ္ေဖၚျပခဲ့ပါတယ္။
“ တ႐ုတ္အစိုးရအေနျဖင့္၊ ေဒသဆိုင္ရာအစိုးရမ်ား၏ ပုန္းလွ်ိဳးေနသည့္ အေႂကြးမ်ားကိစၥကို ဗဟိုအစိုးရကို အားကိုယ္းသည့္ ကယ္တင္ေခ်းေငြ ( Bail out ) မပါဘဲ၊ တရားဥပေဒကိုအေျခခံသည့္၊ ေစ်းကြက္ႏွင့္ခ်ိတ္ဆက္ သည့္ နည္းတို႔ျဖင့္သာေျဖရွင္းသြားမည္။” လို႔ ဘ႑ာေရးဝန္ႀကီးဌာနက ေၾကျငာခဲ့ပါတယ္။ ဒါက ဗဟိုအစိုးရက ေပးတဲ့ သတင္းစကားပါ။ ကယ္တင္ေခ်းေငြ ေပးတာ ( bail out ) မလုပ္ဘူးဆိုတာပါ။ ဘာေၾကာင့္ တ႐ုတ္ ဗဟိုအစိုးရက ေဒသအစိုးရေတြကို မကယ္တင္တာလဲ။ အေၾကာင္းက ဗဟိုအစိုးရမွာလည္း ေငြေၾကးျပတ္လပ္ေနလို႔ ပါ။
သမၼတရွီက်င့္ဖ်င္ရဲ႕ အခ်စ္ေတာ္ ခါးပတ္လမ္း စီမံကိန္း ( the belt and Road initiative ) ေတြရဲ႕ အေႂကြးဆိုး ေတြေၾကာင့္ အဲဒီထဲက႐ုန္းမထြက္ႏႈိင္ဘဲ နစ္ျမဳပ္ေနလို႔ပါ။ အဲဒီမွာ ျပန္မဆပ္ႏိုင္တဲ့ အေႂကြးဆိုးေတြက တသီတတန္းႀကီးပါ။ လြန္ခဲ့တဲ့ ၃ ႏွစ္တာအတြင္း ၇၈ ဘီလ်ံတန္ဖိုးရွိတဲ့ ေခ်းငွားမႈေတြက ေငြျပန္မေပၚပါ။ ဒီေငြေတြနဲ႔ တကမာၻလုံးက ရထားလမ္းေတြ၊ သေဘၤာဆိပ္ေတြ၊ ေလဆိပ္ေတြ ေဆာက္လုပ္ရာမွာ သုံးတာပါ။ ဒီအေႂကြးေတြကို တခ်ိဳ႕ကိုလည္း ေလ်ာ္ပစ္လိုက္ပါတယ္။ တခ်ိဳ႕ကိုက်ေတာ့ ျပန္ဆပ္ရမဲ့ကာလကို ျပန္လည္ ညႇိႏႈိင္းပါတယ္။ ဘယ္လိုဘဲလုပ္လုပ္ ရလာဒ္ကေတာ့ အတူတူပါဘဲ။ တ႐ုတ္ရဲ႕ေငြေတြက နစ္ေနပါၿပီ။
ဆိုးတာက ကမာၻ႔ဘ႑ာေရးအဖြဲ႕အစည္းႀကီးေတြရဲ႕ ဖိအားေပးမႈကို ခံရတာပါ။ ဒါက ျပႆနာရဲ႕ တတိယ အပိုင္းလို႔ ဆိုရပါမယ္။ အိုင္အမ္အက္ဖ္လို႔ ကမာၻ႔ဘဏ္လို ဘဏ္ႀကီးေတြရဲ႕ ဖိအားေပးမႈကို ခံေနရလို႔ပါ။ သူတို႔ အားလုံးက တ႐ုတ္ကိုေတာင္းဆိုေနတာက အေႂကြးေတြကို ေလွ်ာ္ပစ္ဖို႔၊ အထူးသျဖင့္ဆင္းရဲတဲ့ႏိုင္ငံေတြရဲ႕ အေႂကြးေတြကိုပါ။ သီရိလကၤာႏိုင္ငံကိုဆိုရင္ မၾကာေသးခင္ကဘဲ အိုင္အမ္အက္ဖ္က ကယ္တင္ေခ်းေငြ ( bail out) ေပးခဲ့ရပါေသးတယ္။ အေမရိကန္ ေဒၚလာ ၃ ဘီလ်ံပါ။
ၿပီးခဲ့တဲ့ ႏွစ္က သီရိလကၤာရဲ႕ စီးပြားေရးက ၿပိဳက်သြားခဲ့ပါတယ္။ ေဆးဝါးကေန ေလာင္စာဆီအထိ လူသုံး ကုန္ပစၥည္းေတြ ျပတ္လတ္ကုန္ပါတယ္။ တႏိုင္ငံလုံး ဆႏၵျပပြဲေတြနဲ႔ ဆူပြက္ေနခဲ့ၿပီး၊ သမၼတေရာ၊ ဝန္ႀကီးခ်ဳပ္ပါ ႏႈတ္ထြက္ေပးရပါတယ္။ အိႏၵိယက ဝင္ေရာက္ကူညီဖို႔ လုပ္ခဲ့ေပမဲ့ သီရိလကၤာရဲ႕ အႀကီးဆုံး အေႂကြးရွင္ တ႐ုတ္က ေနာက္ကေန ေျခေထာက္ကိုဆြဲပါတယ္။
ခုထက္ထိေတာ့ တ႐ုတ္က သီရိလကၤာရဲ႕အေႂကြးကို သက္ညႇာခြင့္ေပးဖို႔ ျငင္းဆန္ေနပါတယ္။ ဘာေၾကာင့္လဲ ဆိုတာ အခုေတာ့ က်မတို႔ သိလိုက္ရပါၿပီ။ အေၾကာင္းက ပီကင္းမွာလည္း ေဘးၾကပ္နံၾကပ္အေနအထားကို ေရာက္ေနလို႔ပါ။
တဖက္မွာ ျပည္တြင္းက ေႂကြးပိၿပီး ေငြလိုေနတဲ့ေဒသဆိုင္ရာအစိုးရေတြရဲ႕ ဆိုး႐ြာားတဲ့ ဘ႑ာေရးအေျခအေန၊ အျခားတဖက္မွာ ေငြျပန္မေဖၚႏိုင္ပဲျဖစ္ေနတဲ့ ႏိုင္ငံျခားတိုင္းျပည္ေတြက ရင္းႏွီးျမႇဳပ္ႏွံမႈေတြ။
ဒါေၾကာင့္ တ႐ုတ္လို ေငြေၾကးေတာင္းတင္းတဲ့ ႏိုင္ငံေတာင္မွ ေပးရန္ရွိတဲ့ အေႂကြးအားလုံးကို ရွင္းေပးဖို႔ မတတ္ႏိုင္ပါဘူး။ ခုန ကြၽန္မေျပာခဲ့သလိုပါဘဲ။ ဒါဟာတကယ့္ မုန္တိုင္းပါ။ ပီကင္းက ဒါကို ေရွာင္ခ်င္ပါတယ္။
ဒါက ဘယ္ေတာ့လဲ ဆိုတဲ့ျပႆနာပါ။ ျဖစ္မလား မျဖစ္ဘူးလားဆိုတဲ့ ျပႆနာမဟုတ္ပါဘူး။
ႀကီးမားတဲ့ အေႂကြးတရပ္ ဆပ္ဖို႔ ပ်က္ကြက္လိုက္တာနဲ႔ တ႐ုတ္အေႂကြးပူေပါင္း ေပါက္ကြဲပါလိမ့္မယ္။
ဒီလို ကူးစက္ေရာဂါဟာ ထိန္းခ်ဳပ္ဖို႔ အလြန္ခက္ပါတယ္။
အိႏၵိယႏိုင္ငံ Firstpost Channel ၏ China's Debt-Heavy Local Governments Lobby Beijing For Bailout | Vantage with Palki Sharma ကို ဘာသာျပန္ဆိုသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မကွေးမြို့နယ်တွင် နွားကျောင်းနေသည့် သားအဖ(၂)ဦး မိုးကြိုးပစ်ခံရ၍ သေဆုံး
RELATED POSTS
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
21 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ