နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးရန် အစီအစဉ်မရှိကြောင်း နစကထုတ်ပြန်
ရဲပြည့် (NP News) - ဧပြီ ၂၂
နိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေများကြောင့် နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးရန်အစီအစဉ်မရှိကြောင်း နစကဘက်မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်အား နစက၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ယနေ့ (ဧပြီလ ၂၂ ရက်)ထုတ် နိုင်ငံပိုင်သတင်းစားများမှတစ်ဆင့် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
"လက်ရှိဖြစ်ပေါ်နေတာတွေ ၊ လစာနှုန်းထားတိုးမြှင့်မယ်လို့ သတင်းတွေထွက်ပေါ်နေတာတွေ၊ အဲဒီသတင်းတွေက ကောလာဟလပဲဖြစ်ပါတယ်။ လစာနှုန်းထားတွေကတော့ လက်ရှိလစာနှုန်းထားအတိုင်းပဲဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံတော်ရဲ့ဘဏ္ဍာရေးအခြေအနေအရ လစာအခြေအနေကို တိုးမြှင့်ဖို့မရှိသေးပါဘူး" ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ညွှန်ကြာရေးမှူး ဦးဝင်းထိုက်က ပြောသည်။
နိုင်ငံ့ဝန်ထမ်းများအား လစာငွေကျပ်(၄)သောင်း တိုးမြှင့်ပေးမည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် နစကဘက်မှ ယခုကဲ့သို့ အသိပေးထုတ်ပြန်လာခြင်းလည်းဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းပေါင်း(၂)သန်းနီးပါးရှိရာတွင် လူတစ်ဦးလျှင် ငွေကျပ်(၁)သောင်းတိုးပေးပါက တစ်လလျှင် မူလဘက်ဂျက်ထက် သန်းပေါင်း(၂)သောင်းခန့်တိုးပေးရန်လိုအပ်ပြီး အဆိုပါငွေကြေးပမာဏအား နိုင်ငံ တော်မှ လစဉ်တိုးပေးရန် ဘက်ဂျက်လုံလောက်မှု ရှိနိုင်၊ မရှိနိုင်ဆိုသည့် မေးခွန်းများလည်းရှိနေသည်။
ထို့ပြင် နိုင်ငံတော်မှ အခွန်မရခြင်းများ၊ လျှပ်စစ်မီတာခများအလုံအလောက် မရရှိခြင်းများ၊ အကြွေးများကျန်ရှိနေခြင်း၊ အခြားဝင်ငွေရလမ်းများနှင့် ငွေကြေးများကိုလည်း နိုင်ငံတကာမှ ပိတ်ဆို့ကန့်သတ်မှုများနှင့် ရင်ဆိုင်နေရခြင်းကြောင့် နစကမှ ဝင်ငွေရလမ်းများ ဘောင်ကျဉ်းလာသည်ကိုလည်း တွေ့နေရသည်။
ထို့ပြင် ပြီးခဲ့သည့် အစိုးရ(၂)ဆက်မှ အကြွေးများအား နစကမှ (၁)နှစ်လျှင် အမေရိကန်ဒေါ်လာသန်း (၇ဝဝ)ကို ဆပ်နေရခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းများအား လစာတိုးပေးရန်မှာ အတော်ပင်ခက်ခဲနိုင်သည့် အနေအထားမျိုးတွင်ရှိနေကြောင်းလည်း သုံးသပ်မှုများရှိသည်။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း လစာငွေဖြင့် မလောက်ငှပဲ ခက်ခက်ခဲခဲဖြင့် ရုန်းကန်နေကြရသည့် အနေအထားတွင်ရှိနေသည့်အတွက် အမှန်တကယ်လစာတိုးပေးရန် လိုအပ်နေသည်။
တဖက်တွင် နိုင်ငံတော်မှ လစာတိုးပေးချင်သော်လည်း တိုးပေးရန်အတွက် ငွေကြေးအလုံအလောက်ရှိပါသလားဆိုသည့်နေရာတွင် ပြဿနာများစွာရှိနေပြီး အစိုးရမှ အခြားနည်းလမ်းတစ်ခုခုဖြင့် လုပ်ဆောင်ပေးရန် ဝန်ထမ်းများက မျှော်လင့်မှုများရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြီးခဲ့တဲ့နှစ်အတွင်း ဥရောပမှာ ပုံမှန်မဟုတ်တဲ့ အပူလှိုင်းဖြတ်သန်းခြင်းကြောင့် လူပေါင်း (၁၆ဝဝဝ) နီးပါးသေဆုံးခဲ့ဟုဆို
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း