ပေါင်းတည်မြို့တွင် ကျောင်းထိုင်ဆရာတော်တစ်ပါး ကြိုးဆွဲချ အဆုံးစီရင်မှုဖြစ်ပွား
NP News - ဒီဇင်ဘာ ၂၆
ပဲခူးတိုင်း၊ ပေါင်းတည်မြို့တွင် ကျောင်းထိုင်ဆရာတော်တစ်ပါး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ(၂၅)ရက်၊ နံနက်ပိုင်းတွင် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ ပန်းတင်ရွာဘုန်းကြီးကျောင်းတွင် ဖြစ်ပွားခဲ့ကြောင်း စေတနာ နာရေးကူညီမှုအသင်းထံမှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ပန်းတင်ရွာဘုန်းကြီးကျောင်း၌ နံနက်အာရုံဆွမ်းစားပြီးချိန်တွင် ကျောင်းထိုင်ဆရာတော်တစ်ပါး ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ နာရေးကူညီမှုအသင်းမှ ဆိုသည်။
“ဖြစ်စဉ်ကတော့ ဘယ်လိုဖြစ်တာလဲတော့ ကျွန်တော်တို့ အသေးစိတ်မသိပါဘူး။ ကျွန်တော်တို့ကို ရဲစခန်းက ဖုန်းဆက်လို့ သိရတာပါ။ ရွာမှာဘုန်းကြီးတစ်ပါး ကြိုးဆွဲချသေသွားတယ်လို့ အကြောင်းကြားပါတယ်။ အဲ့တော့ ကျွန်တော်တို့က သွားသယ်ပေးပြီးတော့ ရင်ခွဲရုံကို ပို့ပေးလိုက်ပါတယ်။ ကျွန်တော့်ကို ဖုန်းဆက်တော့ နံနက်(၇)နာရီမထိုးသေးဘူးဗျ ” ဟု စေတနာ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ဆရာတော်အား စေတနာ နာရေးကူညီမှုအသင်းမှ ပေါင်းတည်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ရင်ခွဲရုံမှတစ်ဆင့် ပန်းတင်ဘုန်းတော်ကြီးကျောင်းသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဆရာတော်၏ ဘွဲ့တော်မှာ ဥူးပဏ္ဍိတ(၆၇)နှစ်ဖြစ်ကြောင်းသိရသည်။
zawgyi version
ေပါင္းတည္ၿမိဳ႕တြင္ ေက်ာင္းထိုင္ဆရာေတာ္တစ္ပါး ႀကိဳးဆြဲခ် အဆုံးစီရင္မႈျဖစ္ပြား
NP News - ဒီဇင္ဘာ ၂၆
ပဲခူးတိုင္း၊ ေပါင္းတည္ၿမိဳ႕တြင္ ေက်ာင္းထိုင္ဆရာေတာ္တစ္ပါး ႀကိဳးဆြဲခ်ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။ ျ
ဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၂၅)ရက္၊ နံနက္ပိုင္းတြင္ ပဲခူးတိုင္း၊ ျပည္ခ႐ိုင္၊ ေပါင္းတည္ၿမိဳ႕နယ္ရွိ ပန္းတင္႐ြာဘုန္းႀကီးေက်ာင္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း ေစတနာ နာေရးကူညီမႈအသင္းထံမွ သိရသည္။
အဆိုပါျဖစ္စဥ္မွာ ပန္းတင္႐ြာဘုန္းႀကီးေက်ာင္း၌ နံနက္အာ႐ုံဆြမ္းစားၿပီးခ်ိန္တြင္ ေက်ာင္းထိုင္ဆရာေတာ္တစ္ပါး ႀကိဳးဆြဲခ်ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါ နာေရးကူညီမႈအသင္းမွ ဆိုသည္။
“ျဖစ္စဥ္ကေတာ့ ဘယ္လိုျဖစ္တာလဲေတာ့ ကြၽန္ေတာ္တို႔ အေသးစိတ္မသိပါဘူး။ ကြၽန္ေတာ္တို႔ကို ရဲစခန္းက ဖုန္းဆက္လို႔ သိရတာပါ။ ႐ြာမွာဘုန္းႀကီးတစ္ပါး ႀကိဳးဆြဲခ်ေသသြားတယ္လို႔ အေၾကာင္းၾကားပါတယ္။ အဲ့ေတာ့ ကြၽန္ေတာ္တို႔က သြားသယ္ေပးၿပီးေတာ့ ရင္ခြဲ႐ုံကို ပို႔ေပးလိုက္ပါတယ္။ ကြၽန္ေတာ့္ကို ဖုန္းဆက္ေတာ့ နံနက္(၇)နာရီမထိုးေသးဘူးဗ် ” ဟု ေစတနာ နာေရးကူညီမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ဆရာေတာ္အား ေစတနာ နာေရးကူညီမႈအသင္းမွ ေပါင္းတည္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ရင္ခြဲ႐ုံမွတစ္ဆင့္ ပန္းတင္ဘုန္းေတာ္ႀကီးေက်ာင္းသို႔ ျပန္လည္ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
ဆရာေတာ္၏ ဘြဲ႕ေတာ္မွာ ဥဴးပ႑ိတ(၆၇)ႏွစ္ျဖစ္ေၾကာင္းသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံ နဲ့ ပြည်သူတွေရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့ရည်ရွယ်ပြီး ယူကရိန်းနဲ့စစ်တိုက်နေရခြင်းဖြစ်ကြောင်း ရုရှားသမ္မတပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း