သင်္ကန်းရုံထားသည့် အမျိုးသားများမှ စစ်သား(၂)ဦးအား သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှု ပုသိမ်ကြီးမြို့နယ်၌ ဖြစ်ပွား
NP News - ဧပြီ ၂ဝ
သင်္ကန်းရုံထားသည့် အမျိုးသား(၈)ဦးမှ ဈေးဝယ်ထွက်လာသည့် စစ်သား(၂)ဦးကို သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်မှု ပုသိမ်ကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဥ်မှာ ယနေ့(ဧပြီလ ၂ဝ ရက်)၊ နံနက်(၇)နာရီခွဲအချိန်ခန့်တွင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောအုပ်စု၊ မြကန်သာကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာအနီးတွင်နေထိုင်သည့် သတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။
မြကန်သာကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးတွင် လုံခြုံရေးတာဝန်ကျနေသည့် စစ်သား(၂)ဦး လုပ်ကြံပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း အထက်ပါသတင်းအရင်းအမြစ်မှ ဆိုသည်။
အဆိုပါ စစ်သား(၂)ဦးသည် မြကန်သာရွာဈေးသို့ ဈေးဝယ်တာဝန်ဖြင့် ထွက်လာစဥ် Light Truck ကားပေါ်မှ သင်္ကန်းရုံထားသည့် အမျိုးသား(၈)ဦးက သေနတ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပစ်ခတ်ခံရမှုကြောင့် စစ်သား(၁)ဦးမှာ အခင်းဖြစ်ရာနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်စစ်သား(၁)ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
zawgyi version
သကၤန္း႐ုံထားသည့္ အမ်ိဳးသားမ်ားမွ စစ္သား(၂)ဦးအား ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္မႈ ပုသိမ္ႀကီးၿမိဳ႕နယ္၌ ျဖစ္ပြား
NP News - ဧၿပီ ၂ဝ
သကၤန္း႐ုံထားသည့္ အမ်ိဳးသား(၈)ဦးမွ ေဈးဝယ္ထြက္လာသည့္ စစ္သား(၂)ဦးကို ေသနတ္ျဖင့္ပစ္ခတ္တိုက္ခိုက္မႈ ပုသိမ္ႀကီးၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ဧၿပီလ ၂ဝ ရက္)၊ နံနက္(၇)နာရီခြဲအခ်ိန္ခန႔္တြင္ မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ဒဟေတၱာအုပ္စု၊ ျမကန္သာေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း အခင္းျဖစ္ပြားရာေနရာအနီးတြင္ေနထိုင္သည့္ သတင္းအရင္းအျမစ္တစ္ဦးထံမွ သိရသည္။
ျမကန္သာေက်း႐ြာရွိ အုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ လုံၿခဳံေရးတာဝန္က်ေနသည့္ စစ္သား(၂)ဦး လုပ္ႀကံပစ္ခတ္ခံခဲ့ရျခင္း ျဖစ္ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္မွ ဆိုသည္။
အဆိုပါ စစ္သား(၂)ဦးသည္ ျမကန္သာ႐ြာေဈးသို႔ ေဈးဝယ္တာဝန္ျဖင့္ ထြက္လာစဥ္ Light Truck ကားေပၚမွ သကၤန္း႐ုံထားသည့္ အမ်ိဳးသား(၈)ဦးက ေသနတ္မ်ားျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ပစ္ခတ္ခံရမႈေၾကာင့္ စစ္သား(၁)ဦးမွာ အခင္းျဖစ္ရာေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးခဲ့ၿပီး က်န္စစ္သား(၁)ဦးမွာ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတစ်ဝန်းရှိ အသက်(၁၁)နှစ်မှ (၁၅)နှစ်အရွယ် လူငယ်များထဲမှ ထူးချွန်သော လူငယ်မျိုးဆက်သစ် ကစားသမားများကို ရှာဖွေရွေးချယ်သွားမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း