ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၌ အမှိုက်လှည်းအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကလေးငယ်နှစ်ဦးနှင့် ၎င်းတို့၏ မိခင်ဒဏ်ရာရရှိ
NP News - ဧပြီ ၁၉
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၌ အမှိုက်လှည်းအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကလေးငယ်နှစ်ဦးနှင့် ၎င်းတို့၏ မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဧပြီလ ၁၉ ရက်)၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၁၅)ရပ်ကွက်၊ ကုန်းဘောင်လမ်းနှင့် နှင်းဆီလမ်းထောင့်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ သတင်းအရင်း အမြစ်က NP News ကိုပြောသည်။
(၁)နှစ်သားအရွယ်ကလေးငယ်အပါအဝင် သားအမိ(၃)ဦးသည် ပလပ်စတစ်နှင့် ဗူးခွံများ ကောက်ယူကာ အမှိုက် လှည်းအား တွန်းလာစဉ်အချိန်တွင် အခင်းဖြစ်ပွားရာနေရာအရောက်၌ လှည်းအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပေါက်ကွဲမှုကြောင့် လှည်းတွန်းလာသည့် အသက်(၂၄)အရွယ်ရှိ မိခင်ဖြစ်သူ မစောယုမော်တွင် ထိခိုက်ဒဏ်ရာများရရရှိခဲ့ကာ အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆိုသည်။
ထို့ပြင် မိခင်နှင့်အတူ လိုက်ပါလာသည့် အသက်(၄)နှစ်အရွယ်ရှိ သမီးဖြစ်သူ မအိသဇင်နှင့် အသက်(၁)နှစ်အရွယ်ရှိ သားဖြစ်သူ မောင်နေအောင်တို့မှာလည်း ထိခိုက်ဒဏ်များ အသီးသီးရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။
အဆိုပါပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာသို့ လာရောက် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်သွားခဲ့ကြောင်း သိရသည်။
zawgyi version
ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္းၿမိဳ႕နယ္၌ အမႈိက္လွည္းအတြင္းမွ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ ကေလးငယ္ႏွစ္ဦးႏွင့္ ၎တို႔၏ မိခင္ဒဏ္ရာရရွိ
NP News - ဧၿပီ ၁၉
ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္းၿမိဳ႕နယ္၌ အမႈိက္လွည္းအတြင္းမွ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ ကေလးငယ္ႏွစ္ဦးႏွင့္ ၎တို႔၏ မိခင္ျဖစ္သူတို႔ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ဧၿပီလ ၁၉ ရက္)၊ နံနက္ ၁၁ နာရီအခ်ိန္ခန႔္တြင္ ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္းၿမိဳ႕နယ္၊ (၁၅)ရပ္ကြက္၊ ကုန္းေဘာင္လမ္းႏွင့္ ႏွင္းဆီလမ္းေထာင့္၌ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အခင္းျဖစ္ပြားရာေနရာရွိ သတင္းအရင္း အျမစ္က NP News ကိုေျပာသည္။
(၁)ႏွစ္သားအ႐ြယ္ကေလးငယ္အပါအဝင္ သားအမိ(၃)ဦးသည္ ပလပ္စတစ္ႏွင့္ ဗူးခြံမ်ား ေကာက္ယူကာ အမႈိက္ လွည္းအား တြန္းလာစဥ္အခ်ိန္တြင္ အခင္းျဖစ္ပြားရာေနရာအေရာက္၌ လွည္းအတြင္းမွ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ေပါက္ကြဲမႈေၾကာင့္ လွည္းတြန္းလာသည့္ အသက္(၂၄)အ႐ြယ္ရွိ မိခင္ျဖစ္သူ မေစာယုေမာ္တြင္ ထိခိုက္ဒဏ္ရာမ်ားရရရွိခဲ့ကာ အသက္အႏၲရာယ္စိုးရိမ္ရသည့္အေျခအေနတြင္ရွိေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆိုသည္။
ထို႔ျပင္ မိခင္ႏွင့္အတူ လိုက္ပါလာသည့္ အသက္(၄)ႏွစ္အ႐ြယ္ရွိ သမီးျဖစ္သူ မအိသဇင္ႏွင့္ အသက္(၁)ႏွစ္အ႐ြယ္ရွိ သားျဖစ္သူ ေမာင္ေနေအာင္တို႔မွာလည္း ထိခိုက္ဒဏ္မ်ား အသီးသီးရရွိခဲ့ေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။
အဆိုပါေပါက္ကြဲမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕ဝင္မ်ားက အခင္းျဖစ္ပြားရာေနရာသို႔ လာေရာက္ စုံစမ္း စစ္ေဆးမႈမ်ား ျပဳလုပ္သြားခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲများ တင်ပို့ခွင့် မှတ်ပုံတင်လျှောက်ထားလိုသည့် ကုမ္ပဏီများအနေဖြင့် EOI အဆိုပြုလွှာများ တင်သွင်းရန်ဖိတ်ခေါ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း