စမ်းချောင်းမြို့နယ်တွင် အမှိုက်ပုံးအတွင်းမှ မွေးကင်းစကလေးအလောင်းတွေ့ရှိ
Pearl (NP News) - ဧပြီ ၁၉
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် အမှိုက်ပုံးအတွင်းမှ မွေးကင်းစကလေးအလောင်းတွေ့ရှိခဲ့ကြောင်း စမ်းချောင်း အရန်မီးသတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီလ ၁၈ ရက်)၊ ညနေ (၄)နာရီခွဲအချိန်ခန့်တွင် စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းမပေါ်ရှိ ပန်းခြံတာဝါအနီး၌ တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခြံတာဝါအနီးရှိ အမှိုက်ပုံးတွင် ကြွပ်ကြွပ်အိတ်အမည်းဖြင့်ထည့်ထားသော မွေးကင်းစကလေး အလောင်းအား တွေ့ရှိခဲ့ကြောင်း စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ ဆိုသည်။
“အမှိုက်ပုံးထဲမှာ ကြွပ်ကြွပ်အိတ်အမည်းနဲ့ထည့်ထားတာ၊ မွေးကင်းစလေး ချက်ကြိုးတန်းလန်းနဲ့။ ရောက်သွားတဲ့အချိန်က အသက်မရှိတော့ဘူး၊ Dead Body ပဲ။ ယောက်ျားလေးလား မိန်းကလေးလားတော့ သေချာမသိဘူး” ဟု စမ်းချောင်း အရန်မီးသတ်တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
လက်ရှိတွင် ၎င်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
zawgyi version
စမ္းေခ်ာင္းၿမိဳ႕နယ္တြင္ အမႈိက္ပုံးအတြင္းမွ ေမြးကင္းစကေလးအေလာင္းေတြ႕ရွိ
Pearl (NP News) - ဧၿပီ ၁၉
ရန္ကုန္တိုင္း၊ စမ္းေခ်ာင္းၿမိဳ႕နယ္တြင္ အမႈိက္ပုံးအတြင္းမွ ေမြးကင္းစကေလးအေလာင္းေတြ႕ရွိခဲ့ေၾကာင္း စမ္းေခ်ာင္း အရန္မီးသတ္တပ္ဖြဲ႕ထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဧၿပီလ ၁၈ ရက္)၊ ညေန (၄)နာရီခြဲအခ်ိန္ခန႔္တြင္ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ဗားကရာလမ္းမေပၚရွိ ပန္းၿခံတာဝါအနီး၌ ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ပန္းၿခံတာဝါအနီးရွိ အမႈိက္ပုံးတြင္ ႂကြပ္ႂကြပ္အိတ္အမည္းျဖင့္ထည့္ထားေသာ ေမြးကင္းစကေလး အေလာင္းအား ေတြ႕ရွိခဲ့ေၾကာင္း စမ္းေခ်ာင္းအရန္မီးသတ္တပ္ဖြဲ႕မွ ဆိုသည္။
“အမႈိက္ပုံးထဲမွာ ႂကြပ္ႂကြပ္အိတ္အမည္းနဲ႔ထည့္ထားတာ၊ ေမြးကင္းစေလး ခ်က္ႀကိဳးတန္းလန္းနဲ႔။ ေရာက္သြားတဲ့အခ်ိန္က အသက္မရွိေတာ့ဘူး၊ Dead Body ပဲ။ ေယာက္်ားေလးလား မိန္းကေလးလားေတာ့ ေသခ်ာမသိဘူး” ဟု စမ္းေခ်ာင္း အရန္မီးသတ္တပ္ဖြဲ႕၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။
လက္ရွိတြင္ ၎အား ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မရမ်းကုန်းမြို့နယ်တွင် အသက်(၇ဝ)ဝန်းကျင်အရွယ် အဘိုးအိုတစ်ဦး လဲကျသေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း