ဧပြီလကုန်အထိ ရန်ကုန်မြို့၌ အရေးပေါ် လျှပ်စစ်ဓာတ်အားလျှော့ချခြင်းများ ဆောင်ရွက်မည်ဟု YESC အသိပေး
ယွန်း (NP News) - ဧပြီ ၁၈
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဧပြီလကုန်အထိ ယာယီဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)က ဧပြီလ ၁၈ ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
နိုင်ငံတော်ဓာတ်အားစနစ်အတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသော ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို ဧပြီလ ၁၈ ရက် မှ ဧပြီလကုန် (ဧပြီလ ၃ဝ ရက်)အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း YESC မှ ထုတ်ပြန်ထားသည်။
ထို့ကြောင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဥ်အတွင်း ရွှေသဘာဝဓာတ်ငွေ့ဖြင့် မောင်းနှင်နေသော ဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပို့လွှတ်မှု (၂၃ဝ)မဂ္ဂါဝပ်ခန့် လျော့နည်းသွားမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ အရေးပေါ်ဝန်အားလျှော့ချခြင်းများ ဆောင်ရွက်မည်ဖြစ်ခြင်းကြောင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ထိုသို့ ယာယီဝန်အားလျှော့ချခြင်းများကိုလည်း ပြည်သူများအနေဖြင့် နားလည်ပေးရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ထားသည်။
zawgyi version
ယွန်း (NP News) - ဧပြီ ၁၈
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံတွင် လျှို့ဝှက်ရဲစခန်းတည်ထောင်မည့်တရုတ်အစိုးရအား ကူညီပေးနေသူနှစ်ဦးကို ဖမ်းဆီးခဲ့ဟုဆို
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း