မန္တလေးမှ ဟိုပင်ဘက်သို့ မောင်းနှင်လာသည့် ယာဉ်ပေါ်မှ ငွေကျပ်သိန်း (၆၉ဝဝ)ကျော်တန်ဖိုးရှိသော ဘိန်းဖြူများ ဖမ်းဆီးရမိ
စော (NP News) - ဧပြီ ၁၈
မန္တလေးမှ ဟိုပင်ဘက်သို့ မောင်းနှင်လာသည့် ယာဉ်ပေါ်တွင် ငွေကျပ်သိန်း (၆၉ဝဝ)ကျော်တန်ဖိုးရှိသော ဘိန်းဖြူများဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ယမန့်နေ့ (ဧပြီလ ၁၇ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် (ဧပြီလ ၁၄ ရက်)၊ ညနေ (၄)နာရီခွဲအချိန်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီအောင် စစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ရှာဖွေခဲ့ရာ မန္တလေးမှ ဟိုပင်ဘက်သို့ ကိုမြင့်ဇော်ဦး မောင်းနှင်လာပြီး ကိုရန်နိုင်မိုးလိုက်ပါလာသည့် (၂၂)ဘီးတွဲယာဉ်အား စစ်ဆေးခဲ့ရာ ယာဥ်ပေါ်တွင် ဘိလပ်မြေအိတ်များဖြင့် ဖုံးထားသည့် ဆပ်ပြာခွက် (၃ဝ၈ဝ)ခွက်အတွင်းမှ ဘိန်းဖြူ (၂၇ ဒသမ ၇၂) ကီလိုကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဘိန်းဖြူများသည် ငွေကျပ်သိန်း(၆၉ဝဝ) ကျော်တန်ဖိုးရှိကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ ၎င်းဘိန်းဖြူများသည် ရှမ်းပြည်နယ်မှ ကချင်ပြည်နယ်သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်းသိရှိရပြီး ၎င်းတို့အား ဥပဒေအရအရေးယူထားကြောင်း ရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။
zawgyi version
မႏၲေလးမွ ဟိုပင္ဘက္သို႔ ေမာင္းႏွင္လာသည့္ ယာဥ္ေပၚမွ ေငြက်ပ္သိန္း (၆၉ဝဝ)ေက်ာ္တန္ဖိုးရွိေသာ ဘိန္းျဖဴမ်ား ဖမ္းဆီးရမိ
ေစာ (NP News) - ဧၿပီ ၁၈
မႏၲေလးမွ ဟိုပင္ဘက္သို႔ ေမာင္းႏွင္လာသည့္ ယာဥ္ေပၚတြင္ ေငြက်ပ္သိန္း (၆၉ဝဝ)ေက်ာ္တန္ဖိုးရွိေသာ ဘိန္းျဖဴမ်ားဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိသည္။
ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ယမန႔္ေန႔ (ဧၿပီလ ၁၇ ရက္)တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ (ဧၿပီလ ၁၄ ရက္)၊ ညေန (၄)နာရီခြဲအခ်ိန္တြင္ ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္၊ နန႔္စီေအာင္ စစ္ေဆးေရးဂိတ္၌ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕မွ စစ္ေဆးရွာေဖြမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ ရွာေဖြခဲ့ရာ မႏၲေလးမွ ဟိုပင္ဘက္သို႔ ကိုျမင့္ေဇာ္ဦး ေမာင္းႏွင္လာၿပီး ကိုရန္ႏိုင္မိုးလိုက္ပါလာသည့္ (၂၂)ဘီးတြဲယာဥ္အား စစ္ေဆးခဲ့ရာ ယာဥ္ေပၚတြင္ ဘိလပ္ေျမအိတ္မ်ားျဖင့္ ဖုံးထားသည့္ ဆပ္ျပာခြက္ (၃ဝ၈ဝ)ခြက္အတြင္းမွ ဘိန္းျဖဴ (၂၇ ဒသမ ၇၂) ကီလိုကို ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဘိန္းျဖဴမ်ားသည္ ေငြက်ပ္သိန္း(၆၉ဝဝ) ေက်ာ္တန္ဖိုးရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုထားသည္။
စစ္ေဆးေဖာ္ထုတ္ခ်က္မ်ားအရ ၎ဘိန္းျဖဴမ်ားသည္ ရွမ္းျပည္နယ္မွ ကခ်င္ျပည္နယ္သို႔ သယ္ေဆာင္လာျခင္းျဖစ္ေၾကာင္းသိရွိရၿပီး ၎တို႔အား ဥပေဒအရအေရးယူထားေၾကာင္း ရဲတပ္ဖြဲ႕မွထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့ရိုးရာသင်္ကြန်ကာလ၌ သင်္ကြန်မဏ္ဍပ်များ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် (၁၂)ဦးသေဆုံးခဲ့ပြီး (၈၃) ဦး ဒဏ်ရာရရှိခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း