အမျိုးသား (၄)ဦး မြစ်အတွင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွား
Pearl (NP News) - ဧပြီ ၁၈
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် အမျိုးသား(၄)ဦး မြစ်ထဲသို့ ရေဆင်းချိုးရာမှ ရေနစ်သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဧပြီလ ၁၇ ရက်)၊ နေ့လည် (၂)နာရီ အချိန်ခန့်တွင် ကျောက်ဆည်မြို့နယ်၊ ကျီးအိပ်ကျေးရွာအုပ်စု၊ ကောင်းတင်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ကျောက်ဆည်)ထံမှ သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သူများဖြစ်ကြသည့် ကိုစည်သူဖြိုး(၂၁)နှစ်၊ ခန့်ခန့် (၁၆)နှစ်၊ ကိုသော်တာဦး (၂ဝ)နှစ် နှင့် ကိုအောင်အောင်ဦး (၁၆)နှစ်တို့သည် ကျေးရွာအနီးရှိ စမုံမြစ်အတွင်း ရေဆင်းချိုးခဲ့ကြောင်း သိရသည်။
ထိုသို့ ရေဆင်းချိုးရာ ၎င်းတို့(၄)ဦးမှာ ရေနစ်ပျောက်ဆုံးသွားခဲ့သဖြင့် လူမှုကယ်ဆယ်ရေးအသင်းများမှ ရှာဖွေကယ်ဆယ်ရေးများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေကယ်ဆယ်ရေးများ ပြုလုပ်ခဲ့ရာ ညနေ (၆)နာရီ အချိန်ခန့်တွင် ၎င်းတို့အား သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ကျောက်ဆည်)မှ ဆိုထားသည်။
zawgyi version
အမ်ိဳးသား (၄)ဦး ျမစ္အတြင္း ေရဆင္းခ်ိဳးရာမွ ေရနစ္ေသဆုံးမႈျဖစ္ပြား
Pearl (NP News) - ဧၿပီ ၁၈
မႏၲေလးတိုင္း၊ ေက်ာက္ဆည္ၿမိဳ႕နယ္တြင္ အမ်ိဳးသား(၄)ဦး ျမစ္ထဲသို႔ ေရဆင္းခ်ိဳးရာမွ ေရနစ္ေသဆုံးသြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဧၿပီလ ၁၇ ရက္)၊ ေန႔လည္ (၂)နာရီ အခ်ိန္ခန႔္တြင္ ေက်ာက္ဆည္ၿမိဳ႕နယ္၊ က်ီးအိပ္ေက်း႐ြာအုပ္စု၊ ေကာင္းတင္ေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံ လူမႈကယ္ဆယ္ေရးအဖြဲ႕ (ေက်ာက္ဆည္)ထံမွ သိရသည္။
အဆိုပါေက်း႐ြာတြင္ေနထိုင္သူမ်ားျဖစ္ၾကသည့္ ကိုစည္သူၿဖိဳး(၂၁)ႏွစ္၊ ခန႔္ခန႔္ (၁၆)ႏွစ္၊ ကိုေသာ္တာဦး (၂ဝ)ႏွစ္ ႏွင့္ ကိုေအာင္ေအာင္ဦး (၁၆)ႏွစ္တို႔သည္ ေက်း႐ြာအနီးရွိ စမုံျမစ္အတြင္း ေရဆင္းခ်ိဳးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ေရဆင္းခ်ိဳးရာ ၎တို႔(၄)ဦးမွာ ေရနစ္ေပ်ာက္ဆုံးသြားခဲ့သျဖင့္ လူမႈကယ္ဆယ္ေရးအသင္းမ်ားမွ ရွာေဖြကယ္ဆယ္ေရးမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ရွာေဖြကယ္ဆယ္ေရးမ်ား ျပဳလုပ္ခဲ့ရာ ညေန (၆)နာရီ အခ်ိန္ခန႔္တြင္ ၎တို႔အား ေသဆုံးလ်က္ ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံ လူမႈကယ္ဆယ္ေရးအဖြဲ႕ (ေက်ာက္ဆည္)မွ ဆိုထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကြမ်းဖက်မှုဖြစ်စဉ်များရှိနေသော တိုင်းပြည်သည် တိုးတက်မှုနှောင့်နှေးနေမည်ဟု တပ်ချုပ်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း