လျှပ်စစ်သုံးယာဉ်များအား ၂ဝ၂၅ ခုနှစ်အထိ ဘီးခွန်ကင်းလွတ်ခွင့်အပါအဝင် အရောင်းပြခန်းများ၏ အခွန်အခများကို ကင်းလွတ်ခွင့်ပေးသွားမည်
မျိုးကြီး (NP News) - ဧပြီ ၁ဝ
လျှပ်စစ်သုံးယာဉ်များအား ၂ဝ၂၅ ခုနှစ်အထိ ဘီးခွန်ကင်းလွတ်ခွင့်အပါအဝင် အရောင်းပြခန်းများ၏ အခွန်အခများကို ကင်းလွတ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
SKD စနစ်ဖြင့် ပြည်ပမှတင်သွင်းသည့် လျှပ်စစ်သုံးယာဉ်များအတွက် အကောက်ခွန်နှုန်းများကို သုညရာရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်ပေးထားမှုအား ၂ဝ၂၄ ခုနှစ် မတ်လကုန်အထိ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုသည်။
ထို့ပြင် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ သုံးစွဲခြင်းများနှင့်ပတ် သက်၍လည်း အခြားသော သက်သာခွင့်များကို ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက အသိပေးကြေညာထားသည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နှင့် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီတို့အနေဖြင့် လျှပ်စစ်သုံးယာဉ်များအပေါ် ၂ဝ၂၃ ခုနှစ်မှ ၂ဝ၂၅ ခုနှစ်အထိ ၁ဝဝ ရာခိုင်နှုန်း ဘီးခွန်ကင်းလွတ်ခွင့်၊ မြို့ဝင်ကြေး၊ လမ်းအသုံးပြုခ၊ တန်ပိုကြေး၊ အရောင်းပြခန်း၊ လုပ်ငန်းလိုင်စင်၊ ညအိပ်ခ၊ ပစ္စည်းခွန် စသည်တို့အပေါ်တွင် အခွန်အခကင်းလွတ်ခွင့်ပြုသွားမည်ဟု ဝန်ကြီးဌာနက ဆိုသည်။
အလားတူ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်း၊ B.O.T စနစ်ဖြင့် ဆောင် ရွက်သောလမ်း၊ ကျန်ပြည်ထောင်စုလမ်းများနှင့် တိုင်းနှင့်ပြည်နယ်လမ်းများတွင် လျှပ်စစ်သုံးယာဉ်များအတွက် လမ်း၊ တံတားအသုံးပြုခများကိုလည်း ယခုနှစ် ဧပြီလမှစ၍ (၂)နှစ်အထိ ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
လက်ရှိ နစကလက်ထက်တွင် လျှပ်စစ်သုံးယာဉ်များဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်းတွေ့ရှိရပြီး နိုင်ငံအတွင်းရှိ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးအပါအဝင် အမြန်လမ်း၌ charging station များစွာ တည်ဆောက်လျက်ရှိကြောင်း တွေ့ရှိရသည်။
zawgyi version
လွ်ပ္စစ္သုံးယာဥ္မ်ားအား ၂ဝ၂၅ ခုႏွစ္အထိ ဘီးခြန္ကင္းလြတ္ခြင့္အပါအဝင္ အေရာင္းျပခန္းမ်ား၏ အခြန္အခမ်ားကို ကင္းလြတ္ခြင့္ေပးသြားမည္
မ်ိဳးႀကီး (NP News) - ဧၿပီ ၁ဝ
လွ်ပ္စစ္သုံးယာဥ္မ်ားအား ၂ဝ၂၅ ခုႏွစ္အထိ ဘီးခြန္ကင္းလြတ္ခြင့္အပါအဝင္ အေရာင္းျပခန္းမ်ား၏ အခြန္အခမ်ားကို ကင္းလြတ္ခြင့္ ေပးသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။
SKD စနစ္ျဖင့္ ျပည္ပမွတင္သြင္းသည့္ လွ်ပ္စစ္သုံးယာဥ္မ်ားအတြက္ အေကာက္ခြန္ႏႈန္းမ်ားကို သုညရာရာခိုင္ႏႈန္းသို႔ ေလွ်ာ့ခ်သတ္မွတ္ေပးထားမႈအား ၂ဝ၂၄ ခုႏွစ္ မတ္လကုန္အထိ ဆက္လက္ေပးသြားမည္ျဖစ္ေၾကာင္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနက ဆိုသည္။
ထို႔ျပင္ လွ်ပ္စစ္သုံးယာဥ္ႏွင့္ဆက္စပ္ပစၥည္းမ်ား တင္သြင္းျခင္း၊ ထုတ္လုပ္ျခင္း၊ သုံးစြဲျခင္းမ်ားႏွင့္ပတ္ သက္၍လည္း အျခားေသာ သက္သာခြင့္မ်ားကို ဆက္လက္ေပးသြားမည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက အသိေပးေၾကညာထားသည္။
ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ႏွင့္ မႏၲေလးၿမိဳ႕ေတာ္စည္ပင္ သာယာေရးေကာ္မတီတို႔အေနျဖင့္ လွ်ပ္စစ္သုံးယာဥ္မ်ားအေပၚ ၂ဝ၂၃ ခုႏွစ္မွ ၂ဝ၂၅ ခုႏွစ္အထိ ၁ဝဝ ရာခိုင္ႏႈန္း ဘီးခြန္ကင္းလြတ္ခြင့္၊ ၿမိဳ႕ဝင္ေၾကး၊ လမ္းအသုံးျပဳခ၊ တန္ပိုေၾကး၊ အေရာင္းျပခန္း၊ လုပ္ငန္းလိုင္စင္၊ ညအိပ္ခ၊ ပစၥည္းခြန္ စသည္တို႔အေပၚတြင္ အခြန္အခကင္းလြတ္ခြင့္ျပဳသြားမည္ဟု ဝန္ႀကီးဌာနက ဆိုသည္။
အလားတူ ေဆာက္လုပ္ေရးဝန္ႀကီးဌာနအေနျဖင့္ ရန္ကုန္-မႏၲေလးအျမန္လမ္း၊ B.O.T စနစ္ျဖင့္ ေဆာင္ ႐ြက္ေသာလမ္း၊ က်န္ျပည္ေထာင္စုလမ္းမ်ားႏွင့္ တိုင္းႏွင့္ျပည္နယ္လမ္းမ်ားတြင္ လွ်ပ္စစ္သုံးယာဥ္မ်ားအတြက္ လမ္း၊ တံတားအသုံးျပဳခမ်ားကိုလည္း ယခုႏွစ္ ဧၿပီလမွစ၍ (၂)ႏွစ္အထိ ကင္းလြတ္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း ေၾကညာထားသည္။
လက္ရွိ နစကလက္ထက္တြင္ လွ်ပ္စစ္သုံးယာဥ္မ်ားဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစားေပးေဆာင္႐ြက္လ်က္ရွိေၾကာင္းေတြ႕ရွိရၿပီး ႏိုင္ငံအတြင္းရွိ ရန္ကုန္၊ ေနျပည္ေတာ္၊ မႏၲေလးအပါအဝင္ အျမန္လမ္း၌ charging station မ်ားစြာ တည္ေဆာက္လ်က္ရွိေၾကာင္း ေတြ႕ရွိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပင်တာဂွန်စာရွက်စာတန်းများ အွန်လိုင်းပေါက်ကြားမှုနောက်ဆက်တွဲ ပြဿနာအလွန်ကြီးမား ရှုပ်ထွေးဟုဆို
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း