အိန္ဒိယဘုရားပွဲတော်တစ်ခုအတွင်း မီးရှူးမီးပန်းဖောက်မှုနဲ့အတူ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူရာချီထိခိုက်ဒဏ်ရာရရှိ
Pika (NSS) - အောက်တိုဘာ ၂၉
အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာ အောက်တိုဘာလ(၂၈)ရက် ညနေပိုင်းကကျင်းပခဲ့တဲ့ ဘုရားပွဲတစ်ခုအတွင်း မီးရှူးမီးပန်းဖောက်မှုနဲ့အတူ ပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူရာချီထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အိန္ဒိယရဲတပ်ဖွဲ့က လူနှစ်ဦးကို အောက်တိုဘာလ(၂၉)ရက်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့လည်း သိရပါတယ်။ ရာနဲ့ချီတဲ့လူတွေဟာ မီးရှူးမီးပန်းတွေဖောက်တာကို ကြည့်ဖို့အတွက် Nileshwaram မြူနီစီပယ်မှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းအနီးတစ်ဝိုက်မှာ စုဝေးခဲ့ကြပြီးနောက် ယခုလိုဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ထို့နောက် မီးရှူးမီးပန်းတွေ ကောင်းကင်ပေါ်မှာထွက်မလာခင် အဲဒီအဆောက်အအုံအတွင်းကနေ ပေါက်ကွဲသံတွေကို ကြားခဲ့ရတယ်လို့ အိန္ဒိယသတင်းစာတွေက ရေးသားဖော်ပြထားပါတယ်။ ဒေသတွင်းရဲမှူးချုပ် Shilpa Dyavaiah က "ဒီဖြစ်ရပ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့လူ(၁၅၄)ဦးအနက် (၈)ဦးက စိုးရိမ်ရတဲ့အခြေအနေမှာရှိပါတယ်။ သူတို့တွေဟာ မီးရှူးမီးပန်းတွေကို အခြားမီးရှူးမီးပန်းတွေသိမ်းဆည်းထားတဲ့နေရာရဲ့ အနီးမှာ ဖောက်ခဲ့ကြတာပါ။ ပြီးတော့ ဖောက်လိုက်တဲ့မီးရှူးမီးပန်းတွေက ထွက်လာတဲ့မီးစတွေဟာ သိုလှောင်ထားတဲ့နေရာတွေကို ရောက်သွားပြီး ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာပါ"လို့ ပြောဆိုခဲ့ပါတယ်။
အဲဒီပေါက်ကွဲမှုတွေနဲ့အတူ ရာနဲ့ချီတဲ့လူတွေရဲ့ မျက်နှာတွေနဲ့လက်တွေဟာ မီးလောင်ကျွမ်းမှုဒဏ်ကို ခံခဲ့ရတယ်လို့ အရာရှိတွေရဲ့ပြောကြားချက်ကို ကိုးကားပြီး အိန္ဒိယမီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် ပွဲတော်ကျင်းပနေချိန်အတွင်း မီးရှူးမီးပန်းဖောက်ဖို့အတွက် ခွင့်ပြုချက်မပေးခဲ့ဘူးလို့ ဒေသတွင်းအစိုးရအရာရှိ K. Inbasekharကပြောကြားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘုရားကျောင်းဥက္ကဋ္ဌနဲ့အတွင်းရေးမှူးတို့ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ Hindu သတင်းစာက ရေးသားဖော်ပြထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မှဟဲဟိုးသို့ ကထိန်လာခင်းသော ဘုရားဖူးကား ချောက်ထဲပြုတ်ကျရာ (၇)ဦးသေ ဆုံးပြီး (၇)ဦးပြင်းထန်ဒဏ်ရာရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း