မရမ်းကုန်းမြို့နယ်တွင် ယာဉ်(၃)စီးဆင့်တိုက်ရာမှ အမျိုးသားတစ်ဦး ဒဏ်ရာရရှိ
နာမူ (NSS) - အောက်တိုဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် ယာဉ်(၃)စီး ဆင့်တိုက်ရာမှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းထံမှ သိရသည်။ ဖြစ် စဉ်မှာ ယနေ့ (အောက်တိုဘာလ ၂၃ ရက်) မွန်းလွဲ ၁၂နာရီခန့်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဝေဇန္တာလမ်းတွင် အိမ်စီးကားတစ်စီး နှင့် တက္ကစီ(၂)စီးတို့ ဆင့်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ဝေဇန္တာလမ်း တံတားအကျော်လေးမှာပါ။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ (၃)စီးတိုက်တာပါ။ ဘယ်လိုတိုက်လဲဆိုတာတော့ သေချာမသိဘူး။ သူတို့ပြောတာတော့ တက္ကစီက ရပ်ထားတယ်လို့လည်း ပြောတယ်။ အရှိန်လွန်ပြီးတိုက်တယ်လို့လည်း ပြောတယ်။ ကိုယ်ပိုင်ကားတစ်စီးရယ်၊ တက္ကစီနှစ်စီးရယ်ပါ။ ဒဏ်ရာရတဲ့လူက အဲဒီမှာ ရပ်ထားတဲ့ဆိုက်ကားသမားလို့ပြောတယ်"ဟု မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ယာဉ်တိုက်မှုကြောင့် အသက် (၅၁)နှစ်အရွယ် အမျိုးသားတစ်ဦး မျက်နှာ ၊ ပေါင်နှင့် ခါးတို့တွင် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါထိခိုက်ဒဏ်ရာရရှိသူကို မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းမှ မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
BLACKPINK အဖွဲ့ဝင် Rose နဲ့ ဘရူနိုမားစ် တို့ရဲ့ "APT" က ၂၀၂၄ ခုနှစ်အတွင်း ကြည့်ရှုမှု သန်း (၁၀၀) အမြန်ဆုံးရရှိတဲ့ MV ဖြစ်လာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း