Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ (၄၄၁ဝ) ကျပ်
  • ရွှေဈေး တစ်ကျပ်သား - ၁ဝ,၁၁ဝ,ဝဝဝ
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ

တင်ဇာလင်း (NSS) - အောက်တိုဘာ ၃ 

နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ ဗီယက်နမ်သမ္မတတိုလမ်၏ခရီးစဉ်သည် အမေရိကန်-ဗီယက်နမ်ကြားဆက်ဆံရေး ခိုင်မာအား ကောင်းရန်အတွက် အခွင့်အလမ်းဖြစ်သကဲ့သို့ နိုင်ငံ့ ခေါင်းဆောင်နှစ်ဦးကြား တိုက်ရိုက်ထိတွေ့ဆက်ဆံရန်အတွက်လည်း အခွင့်အရေးတစ်ခုဖြစ်လာသည်။ အဆိုပါခရီးစဉ်သည် ပြီးခဲ့သည့်နှစ်က သမိုင်းဝင် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး သဘောတူ ညီချက်၏အရေးပါမှုကို မီးမောင်းထိုးပြနေပြီး နှစ်နိုင် ငံအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် နောက်ထပ် လမ်းကြောင်းသစ်များကို ရှာဖွေနိုင်မည်ဖြစ်သည်။ သမ္မတ ဂျိုးဘိုင်ဒန်က ဗီယက်နမ်ကွန်မြူနစ်ပါတီ (CPV)၏ အထွေထွေအတွင်းရေးမှူးအဖြစ်ရွေး ချယ်ခံရသည့် သမ္မတတိုလမ်အား ချီးကျူးဂုဏ်ပြုခဲ့ပြီး ဗီယက်နမ်နိုင်ငံ၏ ခေါင်းဆောင်မှုကဏ္ဍသစ်တွင် အလားအလာကောင်းများကို တွေ့မြင်နေရကြောင်း ဖော်ပြခဲ့သည်။ အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ် မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ပေါ်ပေါက်လာသော အခွင့်အလမ်းများကို ဖမ်းဆုပ်ရာတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု၏အရေးပါပုံကို သမ္မတဘိုင် ဒန်က အလေးပေးဖော်ပြခဲ့သည်။ ထို့ပြင် တိုလမ်လက် ထက်တွင် နှစ်နိုင်ငံစလုံးအတွက် ၎င်းတို့၏ မဟာဗျူ ဟာမြောက်ဆက်ဆံရေးကိုတိုးမြှင့်ရန်နှင့် စီးပွားရေး တိုးတက်မှု၊ ဒေသတွင်းလုံခြုံရေး၊ ကုန်သွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုကဲ့သို့သော အဓိကကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် အဖိုးတန်အခွင့်အရေးရှိကြောင်းလည်း ဘိုင်ဒန်ကမှတ်ချက်ပြုခဲ့သည်။

အမေရိကန်၏ အထွေထွေရွေးကောက်ပွဲမှာ နီးကပ်လာသလို တိုလမ်အနေဖြင့် ဗီယက်နမ် ကွန်မြူ နစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေး ချယ်ခံရခြင်းတို့သည် အချိန်အားဖြင့် တိုက်ဆိုင်နေ သည်။ လာမည့်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါ တီမှ သမ္မတလောင်းဖြစ်သည့် ကမ်မလာဟားရစ်သည် လည်း ဒေသတွင်း၌ ဗီယက်နမ်၏ အရေးပါသော အခန်းကဏ္ဍကြောင့် အမေရိကန်အတွက် ဗျူဟာ မြောက်မဟာမိတ်အဖြစ် ရှုမြင်လျက်ရှိသည်။ နှစ်နိုင်ငံ အကြား နိုင်ငံရေးစနစ်နှင့် အယူဝါဒအရ ကွဲပြားမှုများ ရှိနေသော်လည်း အပြန်အလှန် ယုံကြည်မှုတည် ဆောက်နိုင်ရန် အမေရိကန်က မျှော်လင့်နေသည်။ အမေရိကန်က (၁၉၉၄) ခုနှစ်တွင် ဗီယက်နမ်အပေါ် ၎င်း၏စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းလိုက်သော အခါတွင် ဗီယက်နမ်၏စီးပွားရေးသည် ပုံမှန်အခြေအ နေသို့ ပြန်လည်ရောက်ရှိလာပြီး သိသိသာသာ ဖွံ့ဖြိုး လာခဲ့သည်။ (၂၀ဝ၇) ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်းသို့ ဗီယက်နမ်ဝင်ရောက်ခဲ့ပြီးနောက် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာခဲ့ပြီး ကုန်သွယ်မှုဆက်ဆံရေးကို ခိုင်မာလာစေခဲ့သည်။ 


ဗီယက်နမ်၏စီးပွားရေးကို တွန်းအားဖြစ်စေခဲ့သော

ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးတန်ဖိုးမှာ အမေရိ ကန်ဒေါ်လာ (၄၅၃) ဘီလျံရှိပြီး ၎င်း၏ ဆိုရှယ်လစ် ဈေးကွက်စနစ်ကြောင့် (၂၀၁၁) ခုနှစ်ကတည်းက လျင်မြန်စွာတိုးတက်လာခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ဂလိုဘယ်လိုက်ဇေးရှင်းသည် အဓိ ကအခန်းကဏ္ဍမှ ပါဝင်နေသည်။ ဗီယက်နမ်တွင် Nike ၏ ထုတ်လုပ်ရေးစက်ရုံများ၌ အမျိုးသမီးငယ် (၅၃၀,ဝဝဝ)ကျော်ကို အလုပ်ခန့်ထားသည်မှာ ဂလို ဘယ်လိုက်ဇေးရှင်း၏ သက်ရောက်မှုပင်ဖြစ်သည်။ ထိုကဲ့သို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ဝင် ရောက်လာခြင်းကြောင့် ဆင်းရဲမွဲတေမှု သိသိသာသာ လျော့ကျလာခြင်း၊ လူနေမှုအဆင့်အတန်း မြင့်တက် လာခြင်းနှင့် အသက်ရှည်ရှည်နေထိုင်လာနိုင်ခြင်း အပါအဝင် နိုင်ငံအတွက် သိသာထင်ရှားသော အကျိုးကျေးဇူးများရရှိစေခဲ့သည်။ ဗီယက်နမ်၏ လက်ရှိ တစ်ဦးချင်း GDP သည် ကန်ဒေါ်လာ (၄,၆၂၂) ရှိပြီး ယင်းမှာ ရင်းနှီးမြှုပ်နှံမှု၏ ကောင်းမွန်သောသက် ရောက်မှုများကို မီးမောင်းထိုးပြနေသည်။ ထို့ပြင် အင် အားကြီးနိုင်ငံများထံမှ တင်သွင်းကုန်များကို မှီခို အားထားနေခြင်းကြောင့် ဆက်ဆံရေးကိုလည်း ပိုမို အားကောင်းလာစေသည်။ ပြီးခဲ့သည့်နှစ်က သမ္မတ ဘိုင်ဒန်၏ခရီးစဉ်အတွင်း ဗီယက်နမ်ကုမ္ပဏီများ သည် Boeing မှ (၇၃၇)Max ဂျက်လေယာဉ် အစင်း (၅၀) ဝယ်ယူရန် ဒေါ်လာ (၁၀) ဘီလျံကျော် စာချုပ်များချုပ်ဆိုခဲ့ပြီး (၂၀၂၇-၂၀၃၀) အတွင်း လွှဲ ပြောင်းပေးရန်စီစဉ်ထားသည်။ အဆိုပါ သဘောတူ ညီချက်သည် အမေရိကန်တွင် အလုပ်အကိုင်ပေါင်း (၃၀,ဝဝဝ) ကျော် တိုးပွားလာစေနိုင်မည်ဟု မျှော်လင့် ရသည်။

ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ နိုင်ငံရေးထိန်း ချုပ်မှုအောက်တွင် တစ်ပါတီနိုင်ငံတော်အဖြစ် ဆက် လက်တည်ရှိနေချိန်တွင် စီးပွားရေးဖြေလျှော့မှုနှင့် ပြုပြင်ပြောင်းလဲမှုများကြောင့် လူမှုရေးနှင့် နိုင်ငံရေး အသွင်ကူးပြောင်းမှုအပေါ် အကျိုးသက်ရောက်စေသည်။ စီးပွားရေးဖြေလျှော့မှုများရှိနေသော်လည်း ဗဟိုချုပ်ကိုင်မှုအားကောင်းသော နိုင်ငံပိုင်စီးပွားရေး ကဏ္ဍများ အကျယ်အပြန့် ဆက်လက်တည်ရှိနေခြင်း သည် အကျင့်ပျက်အရာရှိများ ပေါများလာရန်အတွက် တွန်းအားဖြစ်လာခဲ့သည်။

 သမ္မတလမ် လက်ထက် နိုင်ငံရေး၊စီးပွားရေးအခြေအနေ

စီးပွားရေးအရ လမ်သည် နည်းပညာဦးဆောင်မှုကို ဦးစားပေးပြီး ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများကို ထက်သန်စွာ ထောက်ခံသူဖြစ်သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဗဟိုဦးဆောင်ကော်မတီဥက္ကဋ္ဌအဖြစ် ပထမအကြိမ်အစည်းအဝေးတွင် ၎င်းက "အဂတိ လိုက်စားမှုတိုက်ဖျက်ရေးသည် စီးပွားရေး တိုးတက်မှု အပေါ် အဟန့်အတားမရှိစေရ"ဟု အလေးပေးပြော ကြားခဲ့သည်။ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အား ထုတ်မှုများကို ဆက်လက်လုပ်ဆောင်ရန် တိုက်တွန်း ခဲ့သော်လည်း ယင်းလှုပ်ရှားမှုများသည် စီးပွားရေးပန်း တိုင်များအပေါ် ထိခိုက်မှုမရှိစေရန် ၎င်းက ဖော်ပြခဲ့ ခြင်းဖြစ်သည်။ ဤအချက်ကြောင့် ယခင်က အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ပစ်မှတ်ဖြစ်သည့် ဗီယက် နမ်၏ အိမ်ခြံမြေဈေးကွက် အနည်းငယ် ပြန်လည် ဦး မော့လာခြင်းဖြစ်ကာ စီးပွားရေး အသိုင်းအဝိုင်းများ လည်း အနည်းငယ် စိတ်သက်သာရာရလာခဲ့သည်။

နိုင်ငံခြားရေးမူဝါဒတွင် လမ်သည် ဗီယက်နမ်၏ ကျင့်သုံးမြဲBamboo Diplomacy  အတိုင်း အမေရိ ကန်နှင့်သာမက တရုတ်နှင့်ပါ ကောင်းမွန်သည့် ဆက် ဆံရေးရဖို့ ကြိုးစားနေခြင်းဖြစ်သည်။ ပါတီအကြီးအ ကဲဖြစ်လာချိန်တွင် ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ် အဖြစ် ဘေဂျင်းသို့သွားရောက်ကာ ဗီယက်နမ်အတွက် တရုတ်၏အရေးပါမှုကို ပြသခဲ့သည်။ ထို့ပြင် စက်တင်ဘာ (၂၁) ရက်မှ (၂၇) ရက်အထိ ကုလ သမဂ္ဂအထွေထွေညီလာခံအတွက် အမေရိကန်သို့ သွားရောက်လည်ပတ်နေပြီး စူပါပါဝါနိုင်ငံများနှင့် သာတူညီမျှစွာဆက်ဆံရေးကို ထိန်းသိမ်းရန် ကြိုးပမ်း နေသည်။ လမ်၏ ခေါင်းဆောင်မှုပုံစံသည် အတွေးအ ခေါ်အယူအဆများထက် လက်တွေ့ကျပုံပေါ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံရေးတည်ငြိမ်မှုများ အပေါ် ပို၍အာရုံစိုက်ထားသည်။ ထို့ကြောင့် ၎င်း၏ လက်ထက်တွင် စွန့်ဦးတီထွင်စွမ်းအင်ကို ပြန်လည် အသက်သွင်းရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်စေမည့် စီးပွားရေးအလားအလာ ကောင်းများ ဖြစ်ထွန်းလာနိုင်သည်။

ခေါင်းဆောင်သစ်အတွက် စိန်ခေါ်မှုများ

ဗီယက်နမ်၏စီးပွားရေးသည် ခံနိုင်ရည်ရှိသည် ဟုထင်ရသော်လည်း မကြာသေးမီနှစ်များအတွင်း မျှော်မှန်းချက်နည်းပါးခဲ့သည်။ အလွန်အားကောင်း သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုများ သည် ဗျူရိုကရေစီယန္တရားကြီးကို ယိမ်းယိုင်လာစေ ကာ ဆုံးဖြတ်ချက်ချခြင်းနှင့် စီးပွားရေးတိုးတက်မှု များအတွက် အဟန့်အတားဖြစ်စေသည်။ မကြာခဏ ခေါင်းဆောင်အပြောင်းအလဲများကြောင့် နိုင်ငံရေး တည်ငြိမ်မှုနှင့် တိုင်းပြည်၏ဂုဏ်သိက္ခာကို ညှိုးနွမ်း စေခဲ့သည်။ ဗီယက်နမ်မြောက်ပိုင်းကို တိုင်ဖွန်းရာဂိ၏ ဖျက်ဆီးမှုကြောင့် ခေါင်းဆောင်သစ်၏ အစီအစဉ်များ ကို ပိုမိုရှုပ်ထွေးစေကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုများ ထပ်လောင်းတိုးလာခဲ့သည်။ နိုင်ငံခြား ရေးကိစ္စရပ်များတွင် တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများမြင့်တက်လာခြင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ဖူနန်တက်ချိုတူးမြောင်းကဲ့သို့သော အငြင်းပွား ဖွယ်စီမံကိန်းများကြောင့် ဗီယက်နမ်၏ အင်အားကြီး နိုင်ငံများကြား သိမ်မွေ့စွာ ဟန်ချက်ညီညီလုပ်ဆောင် မည့် မူဝါဒများကို ဟန်ချက်ပျက်စေသည်။

ဗဟိုအဆင့်၌ အမျိုးသားလွှတ်တော်က အောက် တိုဘာလတွင် သမ္မတအသစ်ရွေးချယ်မည့် အစီအစဉ် ကိုကြေညာခဲ့ပြီး လမ်က ၎င်း၏ရာထူးနှစ်ရပ်စလုံးကို စွန့်လွှတ်လိမ့်မည်ဟု မှတ်ချက်ပြုကြသည်။ လမ်သည် ၎င်း၏ကြီးမားသော ရာထူးနှစ်ခုလုံးကို ဆက်လက် ထိန်းသိမ်းထားနိုင်သော်လည်း တစ်ဦးတစ်ယောက် တည်းက အာဏာကိုဆုပ်ကိုင်ထားခြင်းပုံစံကို ရှောင် ရှားပေးလိုသည်။ တစ်ပြေးနေသော သမ္မတလောင်း Luong Cuong  သည် စစ်တပ်ယန္တရား၏ တစ်စိတ် တစ်ပိုင်းဖြစ်သော်လည်း ကာကွယ်ရေးဝန်ကြီး han Van Giang  ကဲ့သို့ ဩဇာညောင်းခြင်းမရှိပါ။ အကယ်၍ Luong Cuong သာ သမ္မတဖြစ်လာပါက ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်း ခေါင်းဆောင်လေးဦး ဖြစ်သည့် CPV ၏ အထွေထွေအတွင်းရေးမှူးချုပ်၊ သမ္မတ၊ ဝန်ကြီးချုပ်နှင့် အမျိုး သားလွှတ်တော်ဥက္ကဋ္ဌတို့ ပါဝင်သော "မဏ္ဍိုင်လေးခု" ကို ပြန်လည်အသက် သွင်းနိုင်မည်ဖြစ်သည်။ 

အချုပ်အားဖြင့်ဆိုရလျှင် ခေါင်းဆောင်လမ်သည် ပြုပြင်ပြောင်းလဲရေးနှင့် စဉ်ဆက်မပြတ်တိုးတက်ရေး ကြားတွင် ဂရုတစိုက်လျှောက်လှမ်းနေပြီး လမ်၏လုပ် ဆောင်ချက်များသည် ၎င်း၏ ရှေ့ကခေါင်းဆောင် များထက် ပိုမိုခိုင်မာအားကောင်းနေကြောင်း အရိပ် အမြွက်ပြနေသည်။ တိုလမ်၏ ခေါင်းဆောင်မှုသည် နောင်လာမည့်နှစ်များအတွင်း နိုင်ငံကို ဖွံ့ဖြိုးတိုးတက် ရေးလမ်းကြောင်းပေါ်သို့တင်ပေးနိုင်သည့် အခိုက်အတံ့ဖြစ်သည့်အတွက် ယခုအချိန်အခါသည် ဗီယက်နမ် နိုင်ငံအတွက် အရေးပါသောအချိန်ဖြစ်ကြောင်း  ရေးသားလိုက်ရသည်။       


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ

RECENT POSTS
ကျီစုသုသာန်တွင် သေတ္တာအခေါင်းနှင့် ကတ်ဈေးနှုန်းမြင့်တက်လာသဖြင့် ဆင်းရဲနွမ်းပါးသူများ နာရေးကိစ္စများအတွက် အခက်အခဲများရှိနေ
08 Sep 2026
ခွေးရူးပြန်ကာကွယ်ဆေး လုံလောက်စွာရှိဟုဆိုသော်လည်း မြေပြင်တွင် ဆေးမရှိသည့်အခြေအနေများကြုံတွေ့နေရ
08 Sep 2026
ငါးစာကုန်ကြမ်းဖွဲနုဖတ်အတွင်း ဖွဲကြမ်းများရောနှောရောင်းချလာသဖြင့် တိုင်းဧရာမှ ငါးလုပ်ငန်းရှင်များ အခက် တွေ့နေ
08 Sep 2026
ထိုင်းရဲ့ပြည်နှင်ဒဏ် ဥပဒေသစ် မြန်မာတွေအတွက် ဘယ်လိုလဲ (ဘာသာပြန်ဆောင်းပါး)
08 Sep 2026
နိုင်ငံတော်ဘဏ္ဍာခိုးယူသကဲ့သို့ဖြစ်နေသည့် KTV ၊ Bar နှင့် စားသောက်ဆိုင်ကြီးအချို့ကို လုပ်ငန်းလိုင်စင် ယာယီပိတ်သိမ်းသည်အထိ အရေးယူပြရန်လို
08 Sep 2026
မန္တလေး - မြစ်ကြီးနား ခရီး (သို့) ကိုယ်ကျိုးစီးပွားဖြင့် ကာသောလမ်း
08 Sep 2026
အလှအပရေးရာ ခွဲစိတ်ကုသခြင်း၊ ဆေးထိုးခြင်းများ လုပ်နေသော Beauty salon များကို အရေးယူရန်လို
08 Sep 2026
မြဝတီက အွန်လိုင်းလိမ်လည်ဆိုက်များ ရှင်းလင်းမှုတွင် စောဆန်းအောင်နှင့် စိုင်းကျော်လှ လက်ရှောင်နေခြင်းက မေးခွန်းထုတ်ဖွယ်ဖြစ်လာ
08 Sep 2026
ကလေးတစ်ဦး ပျောက်သွားတဲ့အထိ ရေကြီးခဲ့တဲ့ တာမွေ Ocean ရှေ့တဝိုက် ဘယ်လိုရှင်းမလဲ၊ လျှပ်စစ်မီး ခိုးသုံးတဲ့ မြောင်းတကာက SKY MAN သံရည်ကြိုစက်ရုံ လျော်ကြေးပေးရတော့မယ်၊ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေတိုင်လို့ ပြည်သူ့ပါတီက နှစ်ဦး ရာထူးပြုတ်သွားရှာ၊ ကမ္ဘောဒီးယားသွားမယ့် မြန်မာသမ္မတနဲ့ မြန်မာပြည်လာမယ့် Walk for Peace ဆရာတော် (၈-ဝ၉-၂ဝ၂၆)
08 Sep 2026
အရုပ်ဆိုင်တစ်ဆိုင်တွင် ဝန်ထမ်းတစ်ဦး ဓာတ်လှေကားညှပ်မိရာမှ ညာခြေထောက် ပြင်းထန်ဒဏ်ရာရရှိ
08 Sep 2026
ယနေ့ စက်တင်ဘာလ(၈)ရက်အတွက် ပြည်တွင်း/ပြည်ပသတင်းထူးများ
08 Sep 2026
သိန္နီတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွား
08 Sep 2026
ကနေဒါ လေယာဉ်ကုမ္ပဏီအနေနှင့် အမေရိကန်တွင် လာရောက်ထုတ်လုပ်ရန် သမ္မတ ထရမ့်ခြိမ်းခြောက်၊ တရုတ်အသာစီး ရနေတဲ့ ကုန်သွယ်ရေးစစ်ပွဲ အလားအလာ (နိုင်ငံတကာရေးရာ ဆောင်းပါး)
08 Sep 2026
စာမတတ်သူဦးရေကို နှစ်အလိုက်လျှော့ချနိုင်ရန် အမျိုးသားရေးတာဝန်အဖြစ် ကြိုးပမ်းရမည်ဟု နိုင်ငံတော်သမ္မတပြော
08 Sep 2026
ကနေဒါ Bombardier လေယာဉ်များ ရောင်းချခွင့်ပိတ်မည်ဟု ထရန့် ခြိမ်းခြောက်
08 Sep 2026
လေကြောင်းရန် ကာကွယ်ရေးစနစ်များ အရေးပေါ်ထောက်ပံ့ပေးရန် NATO ထံ ယူကရိန်း တောင်းဆို
08 Sep 2026
Walk For Peace ဆရာတော် မြန်မာပြည်သို့ နိုဝင်ဘာလအတွင်း ကြွမည်
08 Sep 2026
ပိတ်သိမ်းမည့် Teng Hui သိုးမွှေးစက်ရုံလုပ်သားများ အခြားစက်ရုံသို့ ပြောင်းရွှေ့လုပ်ကိုင်နိုင်ရန် ချိတ်ဆက်ပေးနေ
08 Sep 2026
ရန်ကုန်မြို့တွင် အသက်(၇၀)ကျော် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး နေအိမ်တွင် သေဆုံးမှု ဖြစ်
08 Sep 2026
CIA အကြီးအကဲရဲ့မော်စကိုခရီးစဉ်က ပဋိပက္ခကိုထိန်းကျောင်းခြင်းလော၊ စစ်ရေးအလှည့်အပြောင်းတစ်ခု၏ အကြိုနိမိတ်လော
08 Sep 2026
FOLLOW US

Copyright © News Services Station | All Right Reserved