နေပြည်တော်သို့ကားငှားစီးလာသည့်လင်မယားမှ ယာဉ်မောင်းကို ဆန်ပိုက်ဖြင့်ထိုးကာ ကားလုယက်မှုဖြစ်ပွား
Pearl (NP News) - ဧပြီ ၈
နေပြည်တော်သို့ကားငှားစီးလာသည့်လင်မယားမှ ယာဉ်မောင်းကို ဆန်ပိုက်ဖြင့်ထိုးကာ ကားလုယက်မှုဖြစ်ပွားခဲ့ကြောင်း ဇီဝိတဒါနအသင်းထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဧပြီလ ၇ ရက်)၊ ည (၉)နာရီခွဲအချိန်ခန့်တွင် သာဂရ-ကိုးပင်-ရိုးမဖြတ်လမ်း၊ မိုင်တိုင်(၁ဝ)၊ ဖိုးကျားဆင်စခန်းအကျော်တွင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါ လင်မယားသည် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှ နေပြည်တော်သို့သွားရန်အတွက် ကားငှားခဲ့ပြီး ယာဉ်မောင်းအမျိုးသားသည် အမြန်လမ်းအတိုင်း မောင်းနှင်လာရာ မိုင်တိုင် (၁၇၃)မှဆင်း၍ သဂရ-ကိုးပင်-ရိုးမဖြတ်လမ်းမှမောင်းနှင်ခဲ့ကြောင်း သိရသည်။
ထိုသို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ ယာဉ်မောင်းအား ဆန်ပိုက်ဖြင့် ၂ ချက်ထိုး၍ လမ်းဘေး၌ ပစ်ထားခဲ့ကြောင်းသိရသည်။
"ရန်ကုန်ကနေ ကားငှားလာပြီး အမြန်လမ်း ၁၇၃ မိုင်ကနေအဆင်း လမ်းခွဲ၊ သာဂရ-ကိုးပင်-ရိုးမဖြတ်လမ်းမှာဖြစ်တာ၊ ဖိုးကျားဆင်စခန်းအကျော်ပေါ့။ လုသွားတာက (၁ဝ)မိုင်မှာ၊ ကားကိုတော့ ညတွင်းချင်း (၅၃)မိုင်မှာမိတယ်။ လုသွားတဲ့လင်မယားကတော့ ယောက်ျားက ပြေးသွားတယ်၊ မိန်းမကိုတော့ မိသွားတယ်။ လူနာကတော့ အခြေအနေကောင်းပါတယ်" ဟု ဇီဝိတဒါနအသင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
ယာဉ်မောင်းဖြစ်သူသည် အသက် (၂၈)နှစ်ခန့်ရှိပြီး ဆန်ပိုက်ဖြင့်အထိုးခံရမှုကြောင့် ၎င်းတွင် လည်ပင်း နှင့် ကျောဘက်၌ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
လုယက်ခံရသည့် ကားနှင့် လုယက်သွားသည့် အမျိုးသမီးအား အဆိုပါလမ်း၊ မိုင်တိုင် (၅၃)တွင် ဖမ်းဆီးရမိခဲ့ပြီး အမျိုးသားဖြစ်သူသည် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
zawgyi version
ေနျပည္ေတာ္သို႔ကားငွားစီးလာသည့္လင္မယားမွ ယာဥ္ေမာင္းကို ဆန္ပိုက္ျဖင့္ထိုးကာ ကားလုယက္မႈျဖစ္ပြား
Pearl (NP News) - ဧၿပီ ၈
ေနျပည္ေတာ္သို႔ကားငွားစီးလာသည့္လင္မယားမွ ယာဥ္ေမာင္းကို ဆန္ပိုက္ျဖင့္ထိုးကာ ကားလုယက္မႈျဖစ္ပြားခဲ့ေၾကာင္း ဇီဝိတဒါနအသင္းထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဧၿပီလ ၇ ရက္)၊ ည (၉)နာရီခြဲအခ်ိန္ခန႔္တြင္ သာဂရ-ကိုးပင္-႐ိုးမျဖတ္လမ္း၊ မိုင္တိုင္(၁ဝ)၊ ဖိုးက်ားဆင္စခန္းအေက်ာ္တြင္ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
အဆိုပါ လင္မယားသည္ ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္မွ ေနျပည္ေတာ္သို႔သြားရန္အတြက္ ကားငွားခဲ့ၿပီး ယာဥ္ေမာင္းအမ်ိဳးသားသည္ အျမန္လမ္းအတိုင္း ေမာင္းႏွင္လာရာ မိုင္တိုင္ (၁၇၃)မွဆင္း၍ သဂရ-ကိုးပင္-႐ိုးမျဖတ္လမ္းမွေမာင္းႏွင္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ေမာင္းႏွင္လာစဥ္ အခင္းျဖစ္ေနရာအေရာက္၌ ယာဥ္ေမာင္းအား ဆန္ပိုက္ျဖင့္ ၂ ခ်က္ထိုး၍ လမ္းေဘး၌ ပစ္ထားခဲ့ေၾကာင္းသိရသည္။
"ရန္ကုန္ကေန ကားငွားလာၿပီး အျမန္လမ္း ၁၇၃ မိုင္ကေနအဆင္း လမ္းခြဲ၊ သာဂရ-ကိုးပင္-႐ိုးမျဖတ္လမ္းမွာျဖစ္တာ၊ ဖိုးက်ားဆင္စခန္းအေက်ာ္ေပါ့။ လုသြားတာက (၁ဝ)မိုင္မွာ၊ ကားကိုေတာ့ ညတြင္းခ်င္း (၅၃)မိုင္မွာမိတယ္။ လုသြားတဲ့လင္မယားကေတာ့ ေယာက္်ားက ေျပးသြားတယ္၊ မိန္းမကိုေတာ့ မိသြားတယ္။ လူနာကေတာ့ အေျခအေနေကာင္းပါတယ္" ဟု ဇီဝိတဒါနအသင္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။
ယာဥ္ေမာင္းျဖစ္သူသည္ အသက္ (၂၈)ႏွစ္ခန႔္ရွိၿပီး ဆန္ပိုက္ျဖင့္အထိုးခံရမႈေၾကာင့္ ၎တြင္ လည္ပင္း ႏွင့္ ေက်ာဘက္၌ ဒဏ္ရာရရွိခဲ့ေၾကာင္းသိရသည္။
လုယက္ခံရသည့္ ကားႏွင့္ လုယက္သြားသည့္ အမ်ိဳးသမီးအား အဆိုပါလမ္း၊ မိုင္တိုင္ (၅၃)တြင္ ဖမ္းဆီးရမိခဲ့ၿပီး အမ်ိဳးသားျဖစ္သူသည္ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသမီးတစ်ဦး(၈)လွှာတိုက်ခန်းပေါ်မှ ပြုတ်ကျမှု စမ်းချောင်းမြို့နယ်တွင်ဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း