ဘီးလင်းမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံး
Pearl (NP News) - ဧပြီ ၈
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဘီးလင်းမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဧပြီလ ၈ ရက်)၊ နံနက် ၇ နာရီအချိန်ခန့်တွင် ဘီးလင်းမြို့နယ်၊ ကျောက်ရေတွင်းကျေးရွာ၊ အမှတ်(၂၂)အကြီးစားတာယာစက်ရုံအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါတာယာစက်ရုံအနီးတွင် ကုန်စိမ်းများတင်လာသည့် ဟိုက်ဂျက်ကား နှင့် မှန်လုံကားတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
"မှန်လုံနဲ့ ဟိုက်ဂျက်နဲ့ပေါ့၊ ဟိုက်ဂျက်ယာဉ်မောင်းဆုံးတယ်။ သူ့ဘေးမှာ လိုက်ပါလာတဲ့ အဒေါ်ကြီးတစ်ဦးကတော့ အပြင်ကိုလွင့်ထွက်သွားပြီး လက်ကျိုးတယ် ။ သူကတော့ နည်းနည်း စိုးရိမ်ရတယ်။ နောက်မှာပါတဲ့ (၂)ယောက်က ဒဏ်ရာရတယ်။ မှန်လုံယာဉ်ကလူတော့ ဘာမှဖြစ်မသွားဘူး။ တိုက်တာကတော့ ဒဲ့တိုက်တဲ့ သဘောပေါ့" ဟု ဘီးလင်းမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့စုစည်းအားမာန်၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။
ထိုသို့ ဖြစ်ပွားမှုကြောင့် ဟိုက်ဂျက်ယာဉ်မောင်းအမျိုးသားတစ်ဦးသေဆုံးသွားခဲ့ပြီး ၎င်းနှင့်အတူပါလာသော အမျိုးသမီး(၃)ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား သထုံဆေးရုံနှင့် ဘီးလင်းမြို့ပြည်သူ့ဆေးရုံသို့ အသီးသီးပို့ဆောင်ထားပြီး ဒဏ်ရာရရှိသောအမျိုးသမီး (၁)ဦးမှာ စိုးရိမ်ဖွယ်ရာရှိနေကြောင်း သိရသည်။
zawgyi version
ဘီးလင္းၿမိဳ႕နယ္တြင္ ယာဥ္တိုက္မႈျဖစ္ပြားရာ အမ်ိဳးသားတစ္ဦး ပြဲခ်င္းၿပီး ေသဆုံး
Pearl (NP News) - ဧၿပီ ၈
မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္တြင္ ယာဥ္တိုက္မႈျဖစ္ပြားရာ အမ်ိဳးသားတစ္ဦး ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္း ဘီးလင္းၿမိဳ႕အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ဧၿပီလ ၈ ရက္)၊ နံနက္ ၇ နာရီအခ်ိန္ခန႔္တြင္ ဘီးလင္းၿမိဳ႕နယ္၊ ေက်ာက္ေရတြင္းေက်း႐ြာ၊ အမွတ္(၂၂)အႀကီးစားတာယာစက္႐ုံအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါတာယာစက္႐ုံအနီးတြင္ ကုန္စိမ္းမ်ားတင္လာသည့္ ဟိုက္ဂ်က္ကား ႏွင့္ မွန္လုံကားတို႔ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
"မွန္လုံနဲ႔ ဟိုက္ဂ်က္နဲ႔ေပါ့၊ ဟိုက္ဂ်က္ယာဥ္ေမာင္းဆုံးတယ္။ သူ႔ေဘးမွာ လိုက္ပါလာတဲ့ အေဒၚႀကီးတစ္ဦးကေတာ့ အျပင္ကိုလြင့္ထြက္သြားၿပီး လက္က်ိဳးတယ္ ။ သူကေတာ့ နည္းနည္း စိုးရိမ္ရတယ္။ ေနာက္မွာပါတဲ့ (၂)ေယာက္က ဒဏ္ရာရတယ္။ မွန္လုံယာဥ္ကလူေတာ့ ဘာမွျဖစ္မသြားဘူး။ တိုက္တာကေတာ့ ဒဲ့တိုက္တဲ့ သေဘာေပါ့" ဟု ဘီးလင္းၿမိဳ႕အေရးေပၚကယ္ဆယ္ေရးအဖြဲ႕စုစည္းအားမာန္၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။
ထိုသို႔ ျဖစ္ပြားမႈေၾကာင့္ ဟိုက္ဂ်က္ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦးေသဆုံးသြားခဲ့ၿပီး ၎ႏွင့္အတူပါလာေသာ အမ်ိဳးသမီး(၃)ဦးတို႔ ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎တို႔အား သထုံေဆး႐ုံႏွင့္ ဘီးလင္းၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ အသီးသီးပို႔ေဆာင္ထားၿပီး ဒဏ္ရာရရွိေသာအမ်ိဳးသမီး (၁)ဦးမွာ စိုးရိမ္ဖြယ္ရာရွိေနေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြဝတီ-ကော့ကရိတ်အာရှလမ်းတိုက်ပွဲများ၌ ပူးပေါင်းပါဝင်နေသည့် KNU/KNLA-PC မှ ဗျူဟာမှူးနှင့် တပ်ရင်းမှူးတို့ကို ထုတ်ပယ်ကြောင်း ကြေညာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း