Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဉာဏ်ရည်မြင့်နိုင်ငံ့ခေါင်းဆောင်များ၊ အဆင့်မြင့်တာဝန်ရှိသူများ Apple Watch အပါအဝင် Smart Watch များကို ဝတ်ဆင် “အသုံးမပြုကြခြင်း” အကြောင်းအရင်းများ

လင်းမြတ် (NSS) - စက်တင်ဘာ ၂၇

  High Profile အဆင့်မြင့်ပုဂ္ဂိုလ်များ Apple Watch အပါအဝင် Smart Watch များကို ဝတ်ဆင် အသုံးမပြုကြခြင်းအကြောင်းရင်း များစွာ ရှိကြသည့်အထဲမှ ဘုံတူညီသော အကြောင်းရင်း များကို အောက်ပါအတိုင်း စုစည်းတင်ပြလိုက်ပါသည်။

၁။ လုံခြုံရေးဆိုင်ရာသတိပြုမှု(Security Concern)။ Apple Watch၊ Smart Watch  များ တွင် (GPS၊ Bluetooth၊ and Wi-Fi) အစရှိသည့် လေ့လာ၊ စောင့်ကြည့်၊ ခြေရာခံစနစ်များပါရှိခြင်းကြောင့် ပိုင်ရှင်၏ ကျန်းမာရေး၊ စိတ်လှုပ်ရှားမှု၊ တည် နေရာနှင့် အခြား ကိုယ်ရေးအချက်အလက်များကို စောင့်ကြည့်၊ ဝင်ရောက်၊ ခိုးယူခံရနိုင်ခြေများပြားခြင်း။ နိုင်ငံ့ခေါင်းဆောင်များနှင့် အခြားအဆင့်မြင့်ပုဂ္ဂိုလ်များသည် အရေးကြီးဆုံးနှင့် ဖြစ်နိုင်ခြေအများဆုံးပစ်မှတ်များ ဖြစ်နေတတ်ခြင်းအတွက် အီလက်ထရောနစ်ဆိုင် ရာခိုးယူတိုက်ခိုက်နိုင်ခြင်း Cyber Attack နှင့် အခြားသော အင်တာနက်နှင့် တည်နေရာချိတ်ဆက် အသုံး အဆောင်များကို မသုံးကြခြင်းဖြင့် Risk အနည်းဆုံး ဖြစ်ရန်လျှော့ချခြင်းမှသည် အမျိုးသားအဆင့် လုံခြုံရေးအထိ ထိခိုက်နိုင်ခြင်းကို ကြိုတင်ကာ ကွယ်ခြင်းလည်းဖြစ်သည်။ ခေတ်မီတိုးတက်သည့် နိုင်ငံ များတွင် High Profile အဆင့်မြင့်ပုဂ္ဂိုလ်များ၏ ဖုန်း Oper­ating System မှအစ ကာကွယ်ရေး ဝန်ကြီး ဌာနနှင့် ဖုန်း Company တို့ အထူးပူးပေါင်းပြင်ဆင်ထားသော Special Version ကိုသာ အသုံးပြုစေလေ့ ရှိပြီး ဖုန်း မှာများသောအားဖြင့် ကိုယ်ရေးအရာရှိနှင့်သာ အမြဲရှိနေပြီး ဖုန်းလာ ဖုန်းခေါ်ကိုပင် ကိုယ်ရေး အရာရှိ မှတစ်ဆင့်သာ အသုံးပြုလေ့ရှိကြသည်။

၂။ သံတမန် လုပ်ထုံးလုပ်နည်းနှင့် အစဉ်အလာ (Diplomatic Protocol and Tradition)  

သံခင်း တမန်ခင်းတွေ့ဆုံမှုများတွင်လည်း ထိုနိုင်ငံလူကြီး၏ ရိုးရာထုံးတမ်းအစဉ်အလာကိုအ လေးထားပြီး ခေတ်မီအသုံးအဆောင်များကို လိုသည်ထက် ပိုမခုံမင်ကြောင်းပြသခြင်း။ ယနေ့ခေတ် နိုင်ငံ တော်အဆင့် လူကြီးများကြားထဲတွင် ထိုအရာများ မဝတ်ဆင် အသုံးမပြုခြင်းက သေးငယ်သောအရာ တစ်ခုဟု ထင်ရသော်လည်း သိပ်ကိုအရေးပါသော သတိပြုရန် အချက်တစ်ချက်ဖြစ်လာသည်။

၃။ မိမိပုံရိပ်နှင့် မြင်စေလိုသော သဘောထားပုံရိပ် (Image and Perception)

နိုင်ငံတော်အဆင့် ခေါင်းဆောင်များသည် အများပြည်သူနှင့် ချိတ်ဆက် ဆက်နွှယ်နေသော ပုံရိပ်များကိုလည်း အမြဲအထူး သတိပြုလေ့ရှိကြသည်။ သမားရိုးကျ သာမန် အဆင့်မြင့် နာရီလောက် ဝတ်ဆင် ရုံဖြင့် အများအမြင်နှင့်ရော မိမိရာထူးနှင့်ပါ သင့်တင့် လုံလောက်ကြောင်း လက်ခံကြသည့် အပြင် ခေတ်နှင့် အညီ လူထုကြားရေပန်းစားနေသည့် ခေတ်မီအီလက် ထရောနစ်နှင့်ဆက်ဆိုင်သော Smart Device များ ကိုအသုံးမပြုခြင်းဖြင့် အများပြည်သူ အမျက်ထွက် အာရုံစိုက်မှုကို ရှောင်ရှားနိုင် သည်။ ထို့ပြင် ပြည်သူကို အလုပ်အကျွေးပြုသူများအဖြစ် သာမန် အသုံးအဆောင်များနှင့် ဘဝကိုသာ နှစ်သက်သောသူဖြစ်ကြောင်း ပုံရိပ် သက်သေပြရာရောက်သည်။

၄။ အနှောင့်အယှက်ပေးခြင်း (Distraction)

Smart Device များတွင် သတိပေးခြင်း စနစ်များစွာပါဝင်သောကြောင့် တာဝန်ကြီးကြီး စိတ် နှစ်တွေးတော ကြံစည်လုပ်ဆောင်ရသူများအတွက် အနှောင့်အယှက်ဖြစ်စေသကဲ့သို့ အတွေးပျက်စေ သည်။ နိုင်ငံတကာအဆင့် တွေ့ဆုံမှုများ၊ အရေးကြီး အစည်းအဝေးများတွင် ပိုပြီး မိမိတွင်သာမက တစ် ဖက်သူနှင့် အစည်းအဝေးဖော်များကိုပါ အနှောင့် အယှက်ပေး မရိုသေရာရောက်သကဲ့သို့ စကားစပြတ် အာရုံစူးစိုက် အလေးထားမှုလျော့စေသည်။

၅။ နိုင်ငံ့ဂုဏ်သိက္ခာနှင့် ဒေသအမှတ်တံဆိပ် (Nati­onal Pride and Local Brands)

အချို့သော နာရီထုတ်နိုင်သည့်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များဆိုလျှင် မိမိကဘယ်နိုင်ငံက ဘယ်နာရီ အမျိုးအစားကိုပဲ ကြိုက်နေတတ်ပါစေ လူထုရှေ့၊ နိုင်ငံတကာစာမျက်နှာရှေ့၊ မီဒီယာရှေ့တွင် မိမိနိုင်ငံလုပ် အမှတ်တံဆိပ်နှင့်နာရီကိုသာ ထင်သာမြင်သာ ဂုဏ်ယူစွာ ဝတ်ပြလေ့ရှိကြသည်။ ထိုအလေ့ အထများဟာ ပြည်တွင်းအမှတ်တံဆိပ်ကို အသိအ မှတ်ပြု၊ ကြော်ငြာပြရုံမက ပြည် တွင်းကုန်ထုတ်လုပ် မှု များကိုလည်း စိတ်ဓာတ်မြှင့်တင်ပေးရာရောက်သည်။ နိုင်ငံတကာလုပ် အဆင့်မြင့် တန်ဖိုးကြီး ခေတ်မီ နာရီ များနှင့် Smart Device လက်ဆောင်ပေးကမ်းကာ ချည်းကပ်လိုသူများကိုလည်း အလိုအလျောက် ဟန့်တား ထားရာရောက်သည်။ (ဥပမာ- ဆွစ်ဇာလန်နိုင် ငံခေါင်းဆောင်များသည် ဆွစ်ဇ်လုပ် သမား ရိုးကျ နာရီကိုသာ ဝတ်ဆင်လေ့ရှိသကဲ့သို့၊ အလားတူပင် ရုရှား၊ တရုတ် နိုင်ငံ့ခေါင်းဆောင်များသည် လည်း မိမိတို့နိုင်ငံထုတ် အမှတ်တံဆိပ်ပါ သမားရိုးကျနာရီကိုသာဝတ် ဆင်ပြီး အများပြည်သူ နိုင်ငံ တကာရှေ့ထွက်လေ့ရှိသည်။

၆။ ကိုယ်ပိုင် သီးသန့်အချက်အလက် လုံခြုံရေးသ တိပြုမှုI(Privacy Concern)

  Smart Watchs များသည် လူတစ်ယောက်၏ ကိုယ်ရေးအချက်အလက်များအပြင် ယခု လက်ရှိ၊ တစ်ရက် (၂၄)နာရီတာ၊ တစ်ပတ်၊ တစ်လ စသည်ဖြင့် ဝတ်ဆင်သူ၏စိတ်ဖိစီးမှုအဆင့်နှင့် အခြေအနေ၊ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ အောက်ဆီဂျင် အတက်အကျ၊ တည်နေရာ၊ လမ်းလျှောက်နေလား၊ ပြေးနေ လား၊ စီးဘီးစီးနေလား၊ ကားစီးနေလား၊ လေယာဉ်ပေါ်မှာလား စသည်ဖြင့် အချိန်နှင့်တစ်ပြေးညီ ကိုယ် တွင်း ဖြစ်ပျက်မှုတွေမှသည် တည်နေရာအထိပါ ခြေရာခံစုံစမ်းနိုင်သဖြင့် ထိုအရာများကိုတားဆီးနိုင်ရန် အသုံမပြုကြခြင်း ဖြစ်သည်။ နိုင်ငံတကာတွင်တော့ အရေးပါသည့် နိုင်ငံတော်အဆင့်လူကြီးသာမက ၎င်း၏ ကိုယ်ရေးအရာရှိ လုံခြုံရေးစည်းထဲရှိရမည့်လူများပါ သုံးစွဲခြင်းမပြုသည်ကိုတွေ့ရသည်။ အစိုးရအ ဖွဲ့ဝင်များ၊ အရာရှိကြီးများ၊ သံအမတ်နှင့် သံရုံးဝန် ထမ်းများလည်း အသုံးမပြုကြသည်ကိုတွေ့နိုင်သည့် အပြင် ဖုန်းတည်နေရာဖွင့်ခြင်းကိုပင် ကန့်သတ်ထားသည်ကိုတွေ့နိုင်သည်။ 

၇။ ကိုယ်ပိုင်ရွေးချယ်မှု(Personal Preference)

ယခုခေတ်တွင် နိုင်ငံ၏အရေးကြီးတာဝန် ယူထားသူများသာမက ထင်ရှားကျော်ကြားသူများ လုပ်ငန်းစု သူဌေးကြီးများပါ ကိုယ်ပိုင် သီးသန့်အချက် အလက်လုံခြုံရေးသတိပြုမှု(Privacy Concern) 

 အတွက်ရော အချိန်နဲ့အမျှအလုပ်ရှုပ် တာဝန်ကြီး စိတ်ဖိစီးမှုများသည့် သူတို့လိုလူနေမှုဘဝအတွက် အပိုစိတ်ဖိစီးမှုနှင့် စိုးရိမ်စရာများကိုရှောင်ရှားနိုင်ရန် သမားရိုးကျ နာရီများကိုသာ ရွေးချယ်ဝတ်ဆင်လေ့ရှိ ကြတော့သည်။ 

သို့သော်ငြားလည်း ခြွင်းချက်အဖြစ် Smart Device ထုတ်နိုင်သော နိုင်ငံများ၏ နိုင်ငံ့ခေါင်း ဆောင်များသည် ထို Smart Device ထုတ်ကုန်များ နှင့်သက်ဆိုင်သော အခမ်းအနားများနှင့် စုပေါင်းလေ့ ကျင့်ခန်းများတွင် Smart Device များကို ပြည်တွင်း ထုတ်ကုန်များအဖြစ် ဝတ်ဆင်ပါဝင်လေ့ရှိကြပြီး အ ခမ်းအနားပြီးသည်နှင့် သာမန်နာရီကို ချက်ချင်းပြောင်း လဲဝတ်ဆင်ကာ အချက်အလက်များကို သက် ဆိုင်ရာ လုံခြုံရေးက ဖျက်ဆီးပစ်လေ့ရှိသည်။   


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်များ

RECENT POSTS
ရုရှားသို့ အလုပ်သမားစေလွှတ်ရေးဆိုင်ရာ MOU ၌ ရုရှားဘာသာစကားကျွမ်းကျင်မှု စစ်ဆေးသည့် စာစစ်ဌာနထားရှိရေးကိုပါ ထည့်သွင်းသင့်
19 Mar 2025
ရွေးကောက်ပွဲ အထမြောက်အောင်မြင်ရန်အတွက် လက်နက်ကိုင်များပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပသင့်ကြောင်း အကြံပြု
19 Mar 2025
ဘီလာရုစ်နိုင်ငံ ဝန်ကြီးချုပ်အသစ်အကြောင်း တစေ့တစောင်း
19 Mar 2025
ရုရှားတွေရင်းနှီးမြှုပ်နှံမယ့် ထားဝယ် SEZ အနာဂတ်ကို ဆွေးနွေးခြင်း
19 Mar 2025
တစ်ခေါ်မှ တစ်မျှော်ဖြစ်သွားသည့် ကျောက်ပန်းတောင်း - မြင်းခြံ ခရီး
19 Mar 2025
ဥရောပအသင်းကြီးတွေရဲ့ ၂၀၂၄-၂၀၂၅ နေးရှင်းလိဂ် ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက်များ
19 Mar 2025
အိမ်မှုကိစ္စများကို လုပ်ဆောင်နိုင်သည့် AI စွမ်းအင်သုံး လူသားပုံစံစက်ရုပ်ကို နော်ဝေးစက်ရုပ်ကုမ္ပဏီတစ်ခု ထုတ်ပြန်ပြသ
19 Mar 2025
စင်ကာပူနိုင်ငံ၊ Lim Chu Kang လမ်းမပေါ် မှာ မိကျောင်း တစ်ကောင် ရောက်ရှိနေ
19 Mar 2025
တောင်ကိုရီးယား မင်းသမီး လီဆီယောင်း အိမ်ထောင်သက် (၈)နှစ်အကြာမှာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြတ်စဲ
19 Mar 2025
မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကြီးတွင် နိုင်ငံကျော်အနုပညာရှင်များက အငြိမ့်သဘင်၊ တေးဂီတများဖြင့် ဖျော်ဖြေ
19 Mar 2025
အမေရိကန်မှာ ပြင်းထန်ရာသီဥတုကြောင့် သေဆုံးသူ(၃၆)ဦးအထိ တိုးလာ
18 Mar 2025
ဖူဂျီတောင်တက်ခရီးစဉ် ဝင်ကြေးယန်း (၄၀၀၀)ထိ မြင့်တက်
18 Mar 2025
မြိုင်မြို့နယ်မှ ပြည်သူ့ စစ်ရွာနှင့် ဒေသခံပြောစကား
18 Mar 2025
သမ္မတထရမ့်၏ကျင့်သုံးမြဲ ကုန်သွယ်စစ်ပွဲ စီးပွားရေးဖိအားများက ဒုတိယသက်တမ်းမှာကော အလုပ်ဖြစ်ပါ့မလား
18 Mar 2025
ထားဝယ်၌ ဒေသခံများနှင့် PDF များအကြား မကျေနပ်သည့်အဆင့်မှ တင်းမာမှုအထိဖြစ်လာနေ
18 Mar 2025
တရားမဝင် ဓာတ်အားခိုးယူသုံးစွဲမှုမှ ဒဏ်ကြေးငွေကျပ်(၄)ဘီလျံနီးပါးရရှိခဲ့ရာ စက်မှုလုပ်ငန်းများက အများဆုံးဖြစ်
18 Mar 2025
ဆေးဝါးများကို တင်သွင်းခွင့်ပိတ်ထားခြင်းမျိုးမရှိဟုဆို
18 Mar 2025
အသီးအရွက်များဖြင့်ဖန်တီးထားသော ဂီတတူရိယာများဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာ့ပထမဆုံး သံစုံတီးဝိုင်း
18 Mar 2025
VOA/RFA နဲ့ USAGM ကို ရိုက်ခတ်လာတဲ့ ထရမ့်ရဲ့ အမိန့်တစ်ချက်၊ AA နဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူ လွှဲပြောင်းဆက်ဆံမှု၊ တောင်ကြီး ရွှေဘုန်းပွင့် တောမီး၊ ရွှေစာရံ ဘုရားဖူးရင်း အသက်ဆုံးရှုံးခဲ့ရသူများ (၁၆-၃-၂ဝ၂၅)
18 Mar 2025
အရပ်ဖက်နေရာကို ဗုံးမှားကြဲမိသည့် တောင်ကိုရီးယား လေယာဉ်မှူး နှစ်ဦးကို တရားစွဲ
14 Mar 2025
FOLLOW US

Copyright © News Services Station | All Right Reserved