တနင်္သာရီမြို့နယ်ရှိ သံကူကွန်ကရစ်တံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ
Pearl (NP News) - ဧပြီ ၈
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ သံကူကွန်ကရစ်တံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရကြောင်း နစကထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီလ (၆)ရက်၊ နံနက်(၆)နာရီခွဲအချိန်ခန့်၌ တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာအနီး မြိတ်-တနင်္သာရီ ပြည်ထောင်စုကားလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကားလမ်းရှိ၊ မိုင်တိုင်အမှတ် ၅ဝ၅ မိုင်၊ ၆ ဖာလုံနှင့် ၇ ဖာလုံကြားရှိ တံတားအမှတ် ၃/၅ဝ၆ သံကူကွန်ကရစ်တံတားတစ်စင်းအား အကြမ်းဖက်သမားများမှ မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း နစကမှ ဆိုသည်။
ထိုသို့ဖောက်ခွဲမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အလျား ၉ဝ ပေ၊ အကျယ် ၃ဝ ပေခန့်ရှိ အဆိုပါ တံတား၏ လက်ယာဘက်ခြမ်း အကျယ် ၁ ပေခွဲခန့်နှင့် တံတားကြမ်းခင်းအလယ် အရှည် ၂ဝ ပေခန့်တို့တွင် ၂ လက်မခန့် နိမ့်ကျပျက်စီးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
zawgyi version
တနသၤာရီၿမိဳ႕နယ္ရွိ သံကူကြန္ကရစ္တံတား မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခံရ
Pearl (NP News) - ဧၿပီ ၈
တနသၤာရီတိုင္း၊ တနသၤာရီၿမိဳ႕နယ္ရွိ သံကူကြန္ကရစ္တံတား မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခံရေၾကာင္း နစကထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဧၿပီလ (၆)ရက္၊ နံနက္(၆)နာရီခြဲအခ်ိန္ခန႔္၌ တနသၤာရီၿမိဳ႕နယ္၊ ရမ္းဖိုေက်း႐ြာအနီး ၿမိတ္-တနသၤာရီ ျပည္ေထာင္စုကားလမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ကားလမ္းရွိ၊ မိုင္တိုင္အမွတ္ ၅ဝ၅ မိုင္၊ ၆ ဖာလုံႏွင့္ ၇ ဖာလုံၾကားရွိ တံတားအမွတ္ ၃/၅ဝ၆ သံကူကြန္ကရစ္တံတားတစ္စင္းအား အၾကမ္းဖက္သမားမ်ားမွ မိုင္းေထာင္ေဖာက္ခြဲခဲ့ေၾကာင္း နစကမွ ဆိုသည္။
ထိုသို႔ေဖာက္ခြဲမႈေၾကာင့္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး အလ်ား ၉ဝ ေပ၊ အက်ယ္ ၃ဝ ေပခန႔္ရွိ အဆိုပါ တံတား၏ လက္ယာဘက္ျခမ္း အက်ယ္ ၁ ေပခြဲခန႔္ႏွင့္ တံတားၾကမ္းခင္းအလယ္ အရွည္ ၂ဝ ေပခန႔္တို႔တြင္ ၂ လက္မခန႔္ နိမ့္က်ပ်က္စီးခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ေဖာက္ခြဲဖ်က္ဆီးခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ဖမ္းဆီးအေရးယူႏိုင္ေရးႏွင့္ နယ္ေျမေဒသ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စည်းကမ်းမရှိသည့် တပ်မတော်သည် တပ်ပျက်သွားနိုင်ဟု ဒုတပ်ချုပ် သတိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း