ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
ဇာမဏီစံမောင် (NSS) - စက်တင်ဘာ ၁၉
မြန်မာ့ရာဇဝင် သမိုင်းထဲက ရှင်မဖြူကျွန်း
(၁၈၂၃) ခုနှစ်တွင် မြန်မာနှင့်အင်္ဂလိပ်တို့ နိုင်ငံရေးပဋိပက္ခဖြစ်ပွားနေစဉ် မြန်မာပိုင် မဏိပူရနှင့် အခြားနယ်များတွင် အင်္ဂလိပ်တို့ကသွေးထိုးပေး၍ နယ်စားများ ပုန်ကန်ခြားနားကုန်သည်။ ထို့ပြင် စစ်တ ကောင်းနှင့် ရခိုင်နယ်စပ် နတ်မြစ်ဝရှိ မြန်မာပိုင် ရှင်မဖြူကျွန်းပေါ်တွင် အင်္ဂလိပ်တို့က ကင်းတပ်တစ်ခု ကိုလည်း ချထားပြန်သည်။ ရှင်မဖြူကျွန်းသည် နတ် မြစ်ဝတွင်တည်ရှိ၍ စစ်တကောင်းနယ်တွင် ပါဝင် ခြင်းကြောင့် အင်္ဂလိပ်တို့က သူတို့ပိုင်ဟုဆိုကာ အလံစိုက်လာသည်။ ရှင်မဖြူကျွန်းမှာ ရှေးယခင် အဆက် ဆက်ကပင် ရခိုင်ပိုင်နက်ဖြစ်ခဲ့သည်။ ရခိုင်ရာဇဝင်သစ်ကျမ်းတွင် ရခိုင်ဘုရင်များသည် ကောက်စ်ဘဇား၊ မောက် သူဇာ၊ စစ်တကောင်းနှင့် ဘင်္ဂါလီ ဆယ့်နှစ်မြို့တိုင် အောင်ပိုင်ဆိုင်ကြောင်း ပြဆိုထားသည်။ ရခိုင်ပြည်သည် မြန်မာ့လက်အောက်ခံဖြစ်လာသောအခါ ရှင်မဖြူကျွန်းမှာ အလိုအလျောက် မြန်မာ ပိုင်နယ်မြေဖြစ် လာခဲ့သည်။
(၁၈၂၃) ခုနှစ် ဖေဖော်ဝါရီ (၂၃) ရက်နေ့ ညတွင် အင်္ဂလိပ်တို့က မိမိတို့ပိုင်ဆိုကာ ကျွန်းပေါ် တက်ရောက်သိမ်းပိုက်တပ်စွဲခဲ့ခြင်းဖြစ်သည်။ အင်္ဂလိပ်တို့သည် ငါတို့ပိုင်ရှင်မဖြူကျွန်းကို မတရားသိမ်း ပိုက်တပ်စွဲထားခြင်းမှာ ငါတို့ပိုင်နက်နယ်မြေကို တမင်သက်သက် ကျူးကျော်ရန်စခြင်းဖြစ်သည်။ ရခိုင် ပြည်နယ်တွင်ရှိနေသည့် မြန်မာ့အာဏာပိုင်တို့ထံ စာချွန်လွှာပို့၍ ရှင်မဖြူကျွန်းရှိ အင်္ဂလိပ် စစ်ဗာရီ စစ်သားများကို ကျွန်းမှ ပြန်လည်ရုပ်သိမ်းပေးရန် တရားဝင် တောင်းဆိုကြသည်။ (၁၈၂၃) ခုနှစ် မေလ ဆန်းတွင် ရခိုင်ပြည်ရှိ မြန်မာ့အာဏာပိုင်များက မြန်မာဘုရင် အမိန့်တော်အတိုင်း ကိုယ်စားလှယ် လေးဦးလွှတ်ကာ တရားဝင်တောင်းဆိုလေသည်။ ထိုအချိန်မှာပင် မြန်မာတို့သည် နတ်မြစ်ဝနှင့် တစ်ရက်ခရီးအကွာ လောက်တွင် ခံကတုတ်များ ဆောက်လုပ်လေသည်။ မေလကုန်လောက်တွင် စစ်တကောင်းအရေးပိုင်ထံသို့ မြန်မာဘုရင်ထံမှ နောက်ထပ် စာချွန်လွှာတစ်စောင် ပေးပို့လိုက်သည်။ “အရေးပိုင်မင်း သင့်ထံသို့ မြန်မာဘုရင်မင်းမြတ်၏ ကိုယ်စား ကျွန်တော် စာချွန်လွှာ ပေးအပ်လိုက်သည်။ အကြောင်းမှာ ရခိုင်ဒေသရှိ အခြားနယ်ပယ်များနှင့်တကွ ရှင်မဖြူကျွန်းကို ကျွန်ုပ်တို့၏ မြန်မာဘုရင်မင်း မြတ်တို့ ပိုင်ဆိုင်ခဲ့သည်မှာ (၄၆) နှစ်မျှကြာပြီဖြစ်၏။
ထို့ကြောင့် ရှင်မဖြူတွင်တပ်စွဲထားသော စစ်ဗာရီတို့ကို ရုပ်သိမ်းပေးရန်နှင့် ဆောက်လုပ်ထား သော ခံကတုတ်များကိုဖြိုဖျက်ပြီး ပစ္စည်းများကိုလည်း စွန့်ပစ်မထားခဲ့ဘဲ ယူဆောင်သိမ်းဆည်းသွားကြရ မည်။ အဆိုပါတောင်းဆိုချက်များကို မလိုက်လျော ပါက နိုင်ငံ စစ်မီးပွားရလိမ့်မည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်သည်” ဟုပါရှိသည့် ရာဇသံဖြစ်သည်။ အင်္ဂလိပ်တို့က မြေပုံဆွဲပြကာ ရှင်မဖြူကျွန်း သည် စစ်တကောင်းပိုင်နက်အတွင်း ရှိသည်ဟုဆိုကာ ဇွတ်ငြင်းခဲ့သည်။
နေပြည်တော်က ငါတို့သည် ဤအရေး အခင်းနှင့်ပတ်သက်၍ ခေါင်းငုံ့ခံရန်မသင့်၊ ရှင်မဖြူကျွန်း မှာ အင်္ဂလိပ်တို့ကို ငါတို့မြေပေါ်မှ မောင်းထုတ်ရန် စစ်ချီတိုက်ခိုက်မည့်အကြောင်းကို မြန်မာဘုရင်၏ အမိန့်အရ ဓညဝတီမြို့ဝန် မဟာမင်းလှကျော်စွာက စစ်တကောင်းမြို့ဝန်မှတစ်ဆင့် အိန္ဒိယ ဘုရင်ခံချုပ် ထံ(၁၈၂၃) ခုနှစ် ဩဂုတ်လ (၈) ရက် နေ့စွဲဖြင့် နောက်ဆုံးကန့်ကွက်လွှာ ပို့လိုက်ပါသည်။ စာတွင် “ဘုရင်ခံချုပ် စစ်တကောင်း အရေးပိုင်က ရှင်မဖြူ ကျွန်းသည် အင်္ဂလိပ်ပိုင်ဖြစ်ကြောင်းကို အင်္ဂလိပ်၊ ရခိုင်၊ ပါရှန်၊ ဟိန္ဒူ စတန်နီ (၄) ဘာသာဖြင့် ပြန်စာ ပါးခဲ့ပါသည်။ ဘုရင်ခံချုပ် လော့အင်းမတ်စ်၏အမိန့် အရ ပြန်ကြားခြင်းဖြစ်ပါသလော ဟု ကျွန်ုပ် မေးလိုသေး၏။ အကယ်၍ ဘုရင်ခံချုပ်၏ အမိန့်အရပြန် ကြားသည်ဆိုပါက ဘင်္ဂလားအစိုးရမှ ပိုင်ဆိုင်ကြောင်း ပြပါ။ ရခိုင်ပြည်ကို မြန်မာဘုရင်မင်းမြတ် သိမ်းယူခဲ့ စဉ်ကပင် ရခိုင်၊ ဓညဝတီ ပိုင်နက်ဖြစ်ခဲ့သဖြင့် မြန်မာ ဘုရင်မင်းမြတ်ကသာပိုင်ဆိုင်ကြောင်း ကျွန်တော် အရေးဆိုသည်။ ထိုကျွန်းတွင် တပ်စွဲလိုက်ခြင်းသည် လက်အောက်ခံငယ်သားများ၏ အငြင်း ပွားခြင်းကြောင့် ဖြစ်ကောင်းဖြစ်မည်။ သင့်ကြောင့် နှစ်နိုင်ငံမှာ ချစ်ကြည်ရေးနှင့် လေးစားမှုကိုပါ ထိခိုက် လာစေမည့် အကြောင်းများ ရှိလေသည်။ အဆိုပါ မဖွယ်ရာသော ကိစ္စများကိုတားဆီးပေးရန် ရှင်မဖြူ ကျွန်းတွင် တပ်စွဲထားသည့်တပ်ဖွဲ့များကိုရုပ်သိမ်းပေးပါရန် မေတ္တာရပ် ခံအပ်သည်” ဟု ပါရှိပါသည်။
သို့သော် ဘုရင်ခံချုပ်သည် စစ်တကောင်း မြို့ဝန်နည်းတူ ရှင်မဖြူကျွန်းမှာ ကုမ္ပဏီပိုင်ဖြစ် ကြောင်း၊ ထိုကိစ္စကို အေးအေးဆေးဆေး ဆွေးနွေးရန် မြန်မာကိုယ်စားလှယ်တစ်ဦးစေလွှတ်နိုင်ကြောင်း ပြန်ကြားကာ ကုလားစစ်ဗာရီတပ်သားများကို ရွှေ့ ပြောင်းမပေးခဲ့ချေ။ ထို့ကြောင့် (၁၈၂၃) ခုနှစ် စက် တင်ဘာလ (၂၄) ရက်နေ့တွင် စစ်သည် (၁၀ဝဝ) ပါဝင်သောမြန်မာတပ်များက မြန်မာပိုင် ရှင်မဖြူကျွန်း တွင်တပ်စွဲထားသော အင်္ဂလိပ်တို့၏ စစ်ဗာရီ စစ်သား တပ်ဖွဲ့ကို တက်ရောက် တိုက်ခိုက်မောင်းနှင် လိုက်ကြပြီး ရှင်မဖြူကျွန်းကို မြန်မာပိုင်ဖြစ်ကြောင်း ကြေညာလေသည်။ သို့သော် မြန်မာတပ်များ ကျွန်းကို သိမ်းပိုက်ပြီးနောက် လအနည်းငယ်အကြာတွင် ကျွန်းမှ ပြန်လည်ဆုတ်ခွာသွားခဲ့ရာ၊ အိန္ဒိယ ဘုရင်ခံချုပ် လော့အင်းမတ်စ်သည် ကျွန်းကို အခိုင်အမာသိမ်းပိုက်ထားရန် စီမံထားသူပီပီ (၁၈၂၃) ခုနှစ် နိုဝင်ဘာလ (၂၁) ရက်တွင် အစောင့်မရှိသည့်ကျွန်းပေါ်သို့ (၆) ပေါင်ဒါ အမြောက်နှစ်လက်ပါရှိသော တပ်ဖွဲ့နှစ်ခုကိုစေလွှတ်ကာ ကျွန်းကို ပြန်လည်သိမ်းယူလိုက်လေသည်။
ဗြိတိသျှတပ်မှူးက ဓညဝတီမြို့ဝန်ထံသို့ နယ်နိမိတ်အရေးဆွေးနွေးရန် မြန်မာအရာရှိနှစ်ဦး စေလွှတ်ပေးရန် အမှာစာရေးကာ အကြံပေးသဖြင့် ဓညဝတီမြို့ဝန်က ကိုယ်စားလှယ် (၄)ဦး စေလွှတ် လိုက်လေသည်။ သင်တို့ကို ငါကြားရခြင်းကတော့ ရှင်မဖြူကျွန်းနှင့်ပတ်သက်၍ သင်တို့မြန်မာတွေရဲ့ ဆန္ဒ ဘယ်လိုရှိသလဲဆိုတာ သိချင်လို့ပါပဲ။ သိမ်းပိုက် တပ်စွဲထားတဲ့ရှင်မဖြူကျွန်းကို ကျွန်ုပ်တို့ထံ ခြွင်းချက်မရှိ ပြန်လည်ပေးအပ်ဖို့တောင်းဆိုချင်တာပါပဲ” ဟု ပြောသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့က သည်အရေးနှင့်ပတ်သက်ပြီး နှစ်နိုင်ငံ စစ်မက်ဖြစ်ပွားပါက ဆုံးရှုံးမှုများစွာနဲ့ မိုက်မဲရာကြပါလိမ့်မည်၊ ဒါကြောင့် နှစ်ဖက်လုံးက ရှင်မဖြူကျွန်းကို မသိမ်းပိုက်ကြဘဲ ကြားနေဒေသဖြစ်ထားရင် ပိုသင့်မြတ်မည့် အကြောင်း ပြောကြားသည်။ စစ်တကောင်းအရေးပိုင်က ကျွန်းကို အင်္ဂလိပ်တို့တပ်စွဲထားပါက မြန်မာတို့ ပြန်လည် တိုက်ခိုက်မည်မှန်း ကောင်းစွာသဘောပေါက်သော် လည်း ဘုရင်ခံချုပ် လော့အင်းမတ်စ်၏ မူဝါဒကို သိသူဖြစ်ရာ မြန်မာတို့တင်ပြသော ကြားနေဒေသအဖြစ် သတ်မှတ်ချက်ကို လက်မခံစေခဲ့ပါ။ ဘုရင်ခံချုပ် လော့အင်းမတ်စ်ကလည်း “ကျွန်ုပ်တို့ကတော့ သင်တို့တင်ပြသလို လက်မခံနိုင်ပါဘူး၊ ဒါက လည်း ကျွန်ုပ် ထုတ်ပြန်ခဲ့တဲ့ ကျုပ်ရဲ့ဆန္ဒအမှန်ပါပဲ၊ ကျွန်ုပ်တို့ ကုမ္ပဏီဆန္ဒအရက ရှင်မဖြူကျွန်းကို အပိုင်ယူထားဖို့ ဆုံးဖြတ်ပြီးဖြစ်သည်။ ဒါကြောင့် ကျွနု်ပ်တို့ပိုင်ဆိုင် သော ဤကျွန်းကို လာရောက် နှောင့်ယှက်ရင်တော့ နတ်မြစ်ဖြတ်ကျော်လာသူမှန်သမျှကို ကျွန်ုပ်တို့ တိုက်ခိုက်ချေမှုန်းရပါလိမ့်မည် ” ဟု ပြန်ပြောခဲ့သည်။
မြန်မာတွေရဲ့အဆိုပြုချက်ကို လက်မခံဘဲ ရှင်မဖြူကျွန်းကို မတရားသိမ်းပိုက်တပ်စွဲထားမယ် ဆို တော့ နှစ်နိုင်ငံ စပြီး စစ်မက်ဖြစ်ပွားရုံရှိတော့ သည်ဟု မြန်မာတို့ဆုံးဖြတ်သည်။ (၁၈၂၄)ခုနှစ် ဇန်နဝါရီ လတွင် အင်အား (၆၀ဝဝ) မှ (၇၀ဝဝ) ခန့်ရှိသော မြန်မာတပ်ကြီးသည် မဏိပူရနယ်တွင် တပ်တည် စုရုံးနေကြပြီဟူသောသတင်းကို စီလဟတ်မြို့ပိုင်က ဘင်္ဂလားအစိုးရထံ အစီရင်ခံသည်။ ဒမေဂျာ နယူ တန် ကွပ်ကဲတဲ့ အင်္ဂလိပ်တပ်က စိလဟတ် စစ်မျက်နှာတွင်နေ၍ မြန်မာတပ်များချီတက်လာပါက တိုက်ခိုက်ရန် အသင့်ပြင်ထားစေသည်။
ဘင်္ဂလားအစိုးရ၏ ညွှန်ကြားချက်ကြောင့် အာသံမှစစ်ချီလာသော မြန်မာတပ်များသည် မေဂျာ နူးတန်ကွပ်ကဲသည့် အင်္ဂလိပ်တပ်ကြီးနှင့် တိုက်ပွဲဖြစ်ပွားပါတော့သည်။ ယင်းတိုက်ပွဲကား အင်္ဂလိပ်-မြန်မာ ပထမဆုံး(The First Englo Burmese War) ကို အစပြုသည့် တိုက်ပွဲဖြစ်လေသည်။ မြန်မာ တပ်များသည် ဘင်္ဂလားနယ် စစ်တကောင်းမြို့ကိုသိမ်းယူနိုင် သည်အထိရောက်ခဲ့ကြသည်။
“ ဘင်္ဂါလီအသွင်ပြောင်း ဒုက္ခသည်များ ရန်ပုံငွေ ဇာတ်ကားကြီး” ရှိတ်ဟာစီနာ စီစဉ်သည်
ကုလသမဂ္ဂ ကမ္ဘာ့ဘေးဒုက္ခ သည်များရန်ပုံ ငွေအဖွဲ့က တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း တစ်ထောင်နီးပါး ဆင်းရဲတွင်းနက်လှပါသော ဘင်္ဂါလီလူမျိုးနှင့် သူ့နိုင်ငံရအောင် နှစ်စဉ် အကွက်ကျကျ ဟာစီနာ စီစဉ်နိုင်ခဲ့သည်။
ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် ဘင်္ဂါလီ လှေစီးနှင့် ရွှေ့ပြောင်းအခြေချ ဒုက္ခ သည်များနှင့် ဘင်္ဂလားဒေ့ရှ်အိမ်ရှင်များကို ထောက်ပံ့ရန် ဒေါ်လာ (၈၅၂.၄) သန်း ဟာစီနာအစိုးရက တောင်းခံထားသည်။ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ၊ အခြား လူသားချင်း စာနာထောက် ထားမှုမိတ်ဖက်များနှင့်အတူ ယနေ့ ဘင်္ဂါလီရွှေ့ပြောင်း ဒုက္ခသည်များနှင့် ၎င်းတို့၏ အိမ်ရှင်အသိုင်းအဝိုင်း များကိုကာကွယ်ရန်နှင့်ကူညီရန် နိုင်ငံတကာ အသိုင်း အဝိုင်းကို ကြိုးပမ်းမှု နှစ်ဆတိုးရန် တောင်းဆို လိုက်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လွန်ခဲ့သောခုနစ်နှစ်က မြန်မာနိုင်ငံမှထွက်ပြေးလာသည့် ဘင်္ဂါလီ ရွှေ့ ပြောင်းဒုက္ခသည်တစ်သန်းနီးပါးကို ရက်ရက်ရောရော အကွက်ချပြီး လက်ခံပေးနေသည်။ လူသား ချင်း စာနာမှုအကျပ်အတည်းအတွက် (၂၀၂၄) ပူးတွဲတုံ့ ပြန်ရေးစီမံချက်ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင် များ၏ အဆင့်ဆင့်သောဦးဆောင်မှုအောက်တွင် စတင်ဆောင်ရွက်လျက်ရှိသည်။ မြန်မာကတော့ မစို့မပို့ရန် ပုံငွေနဲ့ အခြေချစခန်းသစ်များတည်ပြီး တရားစွဲခံရသည်။
ဘင်္ဂလားဒေ့ရှ်ရှိ လှေစီးနှင့် ရွှေ့ပြောင်း အခြေချဘင်္ဂါလီ အိမ်ထောင်စုများ၏ (၉၅) ရာခိုင်နှုန်း ခန့် သည် ထိခိုက်လွယ်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီအပေါ် မှီခိုနေရဆဲဖြစ်သည်။ ဘင်္ဂါလီ ရွှေ့ပြောင်း ဒုက္ခသည်စခန်း ခေါင်းဆောင်နှစ်ဦး လက်သည်မပေါ်သည့် လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ် ဘယ်ကလာသနည်း။ အထူးသဖြင့် ပစ်မှတ်ထား ဘင်္ဂါလီရွှေ့ပြောင်းဒုက္ခသည် ဦးရေ၏ (၇၀) ရာခိုင်နှုန်းကျော်ပါဝင်သည့် အမျိုးသမီးများနှင့် ကလေးများအတွက် စဉ်ဆက်မပြတ်အကူအညီသည် အရေးကြီးပြီး အလွဲသုံးစားလုပ်မှု၊ ခေါင်းပုံဖြတ်မှုနှင့် ကျား/မရေးရာ အခြေခံအကြမ်းဖက်မှုအန္တရာယ်များ ကို ရင်ဆိုင်ကြုံတွေ့နေရသည်။ စခန်းများရှိ ဘင်္ဂါလီ ရွှေ့ပြောင်းဒုက္ခသည်များ၏ ထက်ဝက်ကျော်သည် အသက်(၁၈)နှစ်အောက်များဖြစ်ပြီး ပညာရေး၊ ကျွမ်း ကျင်မှု၊ တည်ဆောက်ရေးနှင့် အသက်မွေးဝမ်း ကျောင်း မှုများအတွက် အကန့်အသတ်ရှိသော အခွင့်အလမ်းများကြားတွင် နစ်မြောနေသည်။
လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်း သည် နိုင်ငံတကာ မီးမောင်းထိုးပြမှုထက် ကြီးမားနေသေးသဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ဒေသခံ လူထုနှင့် အကူအညီပေးရေးအေဂျင်စီများသည် တိုး လာနေသောလိုအပ်ချက်များကို တုံ့ပြန်ရန်အတွက် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှုများတိုးမြှင့်တောင်းခံရန် လိုအပ်နေသည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများမှလွတ်မြောက်ရန် ဆိုသည့် လူ့အခွင့်ရေးဆရာကြီးများအကြိုက် ခေါင်းစဉ်ကြီးတပ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးခဲ့ကြသည့် ဘင်္ဂါလီအမျိုးသမီးများ၊ ကလေးများနှင့် အမျိုးသားများသည် အခြေခံလိုအပ်ချက်များကိုဖြည့် ဆည်းရန် ရုန်းကန်နေရကာ ၎င်းတို့၏ အကျပ်အတည်း အန္တရာယ်များဆိုသည့် ဟာစီနာ၏စကားသံများက ရိုးအီ မသွားသကဲ့သို့ဖြစ်နေသည်။ မလုံခြုံမှုနှင့် သဘာဝ ဘေးဒဏ်များကြုံတွေ့နေရသော လူစည်ကားသော စခန်းများတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီကိုမှီခိုနေရသည့် ဘင်္ဂါလီရွှေ့ပြောင်းဒုက္ခ သည်များသည် ရှိနေဆဲဖြစ်သည်။ ဒီဇင်ဘာလတွင် ဂျနီဗာ၌ပြုလုပ်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည် များဖိုရမ်တွင်ပြုလုပ်ခဲ့ သောကတိကဝတ်များ ပြည့်စုံစေရန်အတွက် ခြေလှမ်းများလည်း လိုအပ်သည်။ ဘင်္ဂါလီ ရွှေ့ပြောင်း လူမျိုးများအတွက် မိမိကိုယ်မိမိ မှီခိုအားထားမှုကိုမြှင့်တင်ရန်နှင့် အန္တရာယ်ရှိသော လှေစီးဒုက္ခသည်အရေ အတွက်ကိုလျှော့ချရန် မျှော်လင့်ချက်များပေးရန် ပါဝင်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
RELATED POSTS
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
21 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ