ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ G to G အစီအစဉ်ဖြင့် တန်းမြင့်ဆန်တန်ချိန် (၄)သိန်းတင်ပို့မှုပြီးစီး
ယွန်း (NP News) - ဧပြီ ၇
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ G to G အစီအစဉ်ဖြင့် ဆန်တင်ပို့ရာတွင် အောင်မြင်စွာတင်ပို့နိုင်ရန် ပို့ကုန်ထောက်ပံ့ပို့ငွေအဖြစ် နစကမှ ငွေကျပ် (၇၉)ဘီလျံ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂ဝ၂၂ ခုနှစ် အောက်တိုဘာလမှ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလအတွင်း တန်းမြင့်ဆန်များ တင်ပို့ပြီးစီးခဲ့သည့် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုညစာစားပွဲကို ဧပြီလ (၅)ရက်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပခဲ့သည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အထက်ပါကဲ့သို့ အသိပေးပြောဆိုထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား G to G စနစ်ဖြင့် ဆန်ရောင်းဝယ်မှု ဆိုင်ရာနားလည်မှုစာချွန်လွှာကို ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါ စာချုပ်အရ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမအကြိမ်အဖြစ် ဆန်တန်ချိန်(၁)သိန်းကို ၂ဝ၁၇ ခုနှစ်တွင် တင်ပို့ခဲ့ပြီး ဒုတိယအကြိမ် ဆန်တန်ချိန်(၁)သိန်းကို ၂ဝ၂၁ ခုနှစ်တွင် တင်ပို့နိုင်ခဲ့သည်။
ထို့နောက် တတိယအကြိမ် ဆန်တန်ချိန်(၂)သိန်း တင်ပို့မှုကို ၂ဝ၂၃ ခုနှစ်တွင် နောက်ဆုံးတင်ပို့ခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စားနပ်ရိက္ခာညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့အကြား ဆန်ရောင်းဝယ်မှုဆိုင်ရာ သဘောတူစာချုပ်ကို ၂ဝ၂၂ ခုနှစ်မှ ၂ဝ၂၇ ခုနှစ်အထိ (၅)နှစ်ထပ်မံ လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးက ဆက်လက်ပြောဆိုထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ G to G အစီအစဉ်ဖြင့် ဆန်တင်ပို့နိုင်ရေး လုပ်ငန်းစဉ်များအောင်မြင်ရေးအတွက် နစကအနေဖြင့် ပို့ကုန်ထောက်ပံ့ငွေအဖြစ် ယခင်နှစ်တွင် ငွေကျပ်ဘီလျံ (၃ဝ)ကို ထောက်ပံ့ပေးခဲ့ပြီး ယခုနှစ်တွင်လည်း နစကမှ ငွေကျပ်(၇၉)ဘီလျံကို ထပ်မံထောက်ပံ့ပေးထားကြောင်း သိရသည်။
zawgyi version
ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ G to G အစီအစဥ္ျဖင့္ တန္းျမင့္ဆန္တန္ခ်ိန္(၄)သိန္းတင္ပို႔မႈၿပီးစီး
ယြန္း (NP News) - ဧၿပီ ၇
ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ G to G အစီအစဥ္ျဖင့္ ဆန္တင္ပို႔ရာတြင္ ေအာင္ျမင္စြာတင္ပို႔ႏိုင္ရန္ ပို႔ကုန္ေထာက္ပံ့ပို႔ေငြအျဖစ္ နစကမွ ေငြက်ပ္ (၇၉)ဘီလ်ံ ေထာက္ပံ့ေပးခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံမွ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ၂ဝ၂၂ ခုႏွစ္ ေအာက္တိုဘာလမွ ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလအတြင္း တန္းျမင့္ဆန္မ်ား တင္ပို႔ၿပီးစီးခဲ့သည့္ အထိမ္းအမွတ္အျဖစ္ ဂုဏ္ျပဳညစာစားပြဲကို ဧၿပီလ (၅)ရက္တြင္ ေနျပည္ေတာ္ရွိ သဂၤဟဟိုတယ္၌ က်င္းပခဲ့သည္။
အဆိုပါ ဂုဏ္ျပဳညစာစားပြဲတြင္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန ျပည္ ေထာင္စုဝန္ႀကီး ဦးေအာင္ႏိုင္ဦးက အထက္ပါကဲ့သို႔ အသိေပးေျပာဆိုထားျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံတို႔အၾကား G to G စနစ္ျဖင့္ ဆန္ေရာင္းဝယ္မႈ ဆိုင္ရာနားလည္မႈစာခြၽန္လႊာကို ၿပီးခဲ့သည့္ ၂ဝ၁၇ ခုႏွစ္၊ စက္တင္ဘာလတြင္ လက္မွတ္ေရးထိုးခဲ့သည္။
အဆိုပါ စာခ်ဳပ္အရ ျမန္မာႏိုင္ငံမွ ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ ပထမအႀကိမ္အျဖစ္ ဆန္တန္ခ်ိန္(၁)သိန္းကို ၂ဝ၁၇ ခုႏွစ္တြင္ တင္ပို႔ခဲ့ၿပီး ဒုတိယအႀကိမ္ ဆန္တန္ခ်ိန္(၁)သိန္းကို ၂ဝ၂၁ ခုႏွစ္တြင္ တင္ပို႔ႏိုင္ခဲ့သည္။
ထို႔ေနာက္ တတိယအႀကိမ္ ဆန္တန္ခ်ိန္(၂)သိန္း တင္ပို႔မႈကို ၂ဝ၂၃ ခုႏွစ္တြင္ ေနာက္ဆုံးတင္ပို႔ခဲ့ေၾကာင္း သိရသည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံ စားနပ္ရိကၡာၫႊန္ၾကားမႈဦးစီးဌာနႏွင့္ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္တို႔အၾကား ဆန္ေရာင္းဝယ္မႈဆိုင္ရာ သေဘာတူစာခ်ဳပ္ကို ၂ဝ၂၂ ခုႏွစ္မွ ၂ဝ၂၇ ခုႏွစ္အထိ (၅)ႏွစ္ထပ္မံ လက္မွတ္ေရးထိုးထားၿပီးျဖစ္ေၾကာင္း စီးပြားကူးသန္းဝန္ႀကီးက ဆက္လက္ေျပာဆိုထားသည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ G to G အစီအစဥ္ျဖင့္ ဆန္တင္ပို႔ႏိုင္ေရး လုပ္ငန္းစဥ္မ်ားေအာင္ျမင္ေရးအတြက္ နစကအေနျဖင့္ ပို႔ကုန္ေထာက္ပံ့ေငြအျဖစ္ ယခင္ႏွစ္တြင္ ေငြက်ပ္ဘီလ်ံ (၃ဝ)ကို ေထာက္ပံ့ေပးခဲ့ၿပီး ယခုႏွစ္တြင္လည္း နစကမွ ေငြက်ပ္(၇၉)ဘီလ်ံကို ထပ္မံေထာက္ပံ့ေပးထားေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖောင်းကြွနံပါတ်ပြားတပ်ဆင်ရန် ကျန်နေသေးသည့် မော်တော်ယာဉ်များကို ရုံးပိတ်ရက်များတွင်လည်း ဆောင်ရွက်ပေးနေကြောင်း ကညနထုတ်ပြန်
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း