Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အိန္ဒိယက အန်ဒမန် နှင့် နီကိုဘာကျွန်းတွင် ကုန်လွှဲပြောင်းတင် ရေနက်ဆိပ် ကမ်း တည်ဆောက်နေ

Htay Oung (NSS) - စက်တင်ဘာ ၁၄

အိန္ဒိယနိုင်ငံက တင်ပို့လိုက်တဲ့ ကွန်တိန်နာသေတ္တာအားလုံးရဲ့ ၂၅% နီးပါးဟာ နိုင်ငံရပ်ခြား ဆိပ်ကမ်းများမှာ အတင်အချလုပ်ပြီးမှ ဦးတည်ရာတိုင်းပြည်ကို ရောက်ရှိနေခဲ့ပါတယ်။ အဲ့ဒီလို နိုင်ငံခြားဆိပ်ကမ်းများကို မှီခိုနေ ရခြင်းဟာ အိန္ဒိယရဲ့ကူးသန်းရောင်းဝယ်မှုလုပ်ငန်းအတွက် ကုန်ကျစရိတ်ကို တိုးမြင့်စေပြီး အမျိုးသားလုံခြုံရေး အပေါ် စိန်ခေါ်မှုတစ်ရပ် ဖြစ်စေခဲ့တယ်လို့ နယူးဒေလီအခြေစိုက် “ဆွာဝါရာ့ဂျ်ယာ”က စက်တင်ဘာလ ၇ ရက်တွင် ရေးသားပါတယ်။

နာရင်ဒြာမိုဒီအစိုးရက အက်ဒမန်နဲ့ နီကိုဘာကျွန်းများတဝှိုက်ရှိ “ဂဲလက် သာ” ပင်လယ်အော်ရေပြင်ကို နိုင်ငံတ ကာ သယ်ယူပို့ဆောင်ရေးရဲ့ အသည်းနှလုံးဖြစ်လာစေဖို့ ရူပီးငွေ ၄၄၀ ဘီလျံကုန်ကျခံပြီး အကြီးစား စီမံ ကိန်းကြီးတစ်ခုအဖြစ် တရားဝင် တည်ဆောက်နေပါတယ်။

စီမံကိန်းမှာ အဆင့် ၄ ဆင့်ပါဝင်ပြီး ၂၀၂၈ ခုနှစ် ပထမအဆင့်ပြီးစီးတဲ့အခါ ပေ ၂၀ အရွယ် ကွန်တိန်နာသေတ္တာ ပေါင်း ၄-သန်းကို ကိုင်တွယ်နိုင်ပါလိမ့်မယ်။ ၂၀၅၈-ခုနှစ် စီမံကိန်းတစ်ရပ်လုံး ပြီးစီးတဲ့အခါ ကွန်တိန်နာသေတ္တာ ပေါင်း ၁၆-သန်းအထိ ကိုင်တွယ်နိုင်ပါလိမ့်မယ်။ ကုန်သေတ္တာ ပြောင်းရွှေတင်ချပြုလုပ်နိုင်မယ့် ဆိပ်ကမ်းတည်ဆောက်ရေးအတွက် အိန္ဒိယအစိုးရက တင်ဒါခေါ်ယူပြီး ၁-နှစ်အကြာမှာ ယခုစီမံကိန်းပေါ်ထွက်လာခြင်းဖြစ်ပါ တယ်။

အိန္ဒိယအနေနဲ့ ရေစူးများတဲ့ သင်္ဘောများအတွက် ကုန်တင်ချပြုလုပ်နိုင်မယ့် ဆိပ်ကမ်းအခြေခံအဆောက်အ အုံဆိုင်ရာ မူဝါဒကောင်းကောင်း မရှိပဲ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပါတယ်။ ဒီအတွက် ပင်လယ်ကူးကုန်သွယ် ရေ ကြောင်းဆိုင်ရာလုပ်ငန်းများမှာ နှောင့်နှေးမှုများ ဖြစ်ခဲ့ရပါတယ်။ 

အဲဒီ အားနည်းချက်ကို မကြာသေးမီကမှ စတင်ပြောင်းလဲနိုင်ခဲ့ပေမယ့် အိန္ဒိယနိုင်ငံအတွင်း သယ်ယူပို့ဆောင်ရေး ဗဟိုချက်တစ်ခုခုရှိမနေခြင်းဟာ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ရာမှာ ဆက်လက် ထိခိုက်နေခဲ့ရပါတယ်။ အိန္ဒိယ တိုက်ငယ်ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းရှိ အဓိကဆိပ်ကမ်း အားလုံးနီးပါးနဲ့ အနောက်ဘက်ကမ်းရိုးတန်းရှိ ဆိပ်ကမ်းအချို့မှာလည်း ရေစူးများတဲ့ ပင်လယ်ကူးသင်္ဘောများ ဆိုက်ကပ်နိုင်ခြင်း မရှိပဲဖြစ်နေပါတယ်။ အဲဒီဆိပ် ကမ်းအများစုဟာ ရေစူး ၈ မီတာမှ ၁၂ မီတာကြား သင်္ဘောများသာ ဆိုက် ကပ်နိုင်ပါတယ်။ နှိုင်းယှဉ်ကြည့်လျှင် နိုင်ငံတကာ ကုန်သွယ်ရေကြောင်း သင်္ဘောများရဲ့ ရေစူး၊ ဗျက်အကျယ်နဲ့ ရေလမ်းကြောင်းလိုအပ်ချက်များအရ ရေစူး ၁၂ မီတာမှ ၂၀ မီတာကြား သို့မဟုတ် အဲဒီထက် ရေစူးများတဲ့ သင်္ဘောများဖြစ်လေ့ရှိပါတယ်။

ဒီအတွက် အိန္ဒိယဆိပ်ကမ်းများကို ဆိုက်ရောက်လာနိုင်တဲ့ သင်္ဘောများရဲ့ အရွယ်အစားကို တင်းတင်းကြပ် ကြပ် ကန့်သတ်ထားပါတယ်။ ရလဒ်အနေဖြင့် တန်ချိန် ၂၅,၀၀၀ မှ ၇၅,၀၀၀ အထိသာ ကုန်ချိန်တင်နိုင်တဲ့ ကုန်သွယ်ရေကြောင်း သင်္ဘောငယ်များသာ ဆိပ်ကမ်းအတွင်း ဝင်ရောက်ဆိုက်ကပ်နိုင်ပြီး အဲ့ဒီထက်များလျှင် ဆိပ်ကမ်းအပြင်ဘက်မှာ ကျောက်ချထားပြီး အလုပ်လုပ်ဖို့သာ ရှိပါတယ်။ 

သင်္ဘောငယ်များနဲ့ ကုန်တင်ပို့ခြင်းထက် သင်္ဘောကြီးများကို အသုံးပြုခြင်းက ကုန်တင်ချပြုလုပ်ရာမှာ စီးပွားရေးအရ ပိုပြီးတွက်ခြေကိုက်ပါတယ်။ ကမ္ဘာတစ်ဝန်းအရွယ်အစားကြီးမားတဲ့ သင်္ဘောများကို တွင်တွင်ကျယ် ကျယ် အသုံးပြုနေချိန် အဲ့ဒီနေရာမှာ အိန္ဒိယဟာ တစ်ပန်းရှုံးနေပြီး နှစ်ကြာလာလေ ကန့်သတ်ချက် ကြီးမား လေ ဖြစ်နေပါတယ်။ အထူးသဖြင့် တင်ချစရိတ်ကြီးမားပြီး ထိခိုက်မခံနိုင်တဲ့ ကုန်သေတ္တာများကို ရက်ရှည် ထိန်း သိမ်းနိုင်ဖို့ ခက်ခဲလာပါတယ်။ ဒီအတွက် သောင်တူးခြင်း၊ ရေအောက်ကြမ်းပြင်မှ နုံးအနှစ်များကို ဖယ်ရှားခြင်း တို့ဖြင့် ဖြေရှင်းနိုင်ပေမယ့် ကုန်ကျစရိတ်အပြင် ရေတိုလက်ပူတိုက် ဖြေရှင်းရာ ရောက်ပါတယ်။ 

အကောင်းဆုံးကတော့ ကုန်သေတ္တာများကို သင်္ဘောတစ်စီးမှ အခြားတစ်စီးသို့ ပြောင်းလဲတင်ဆောင်နည်း၊ သို့မဟုတ် အရွယ်အစားကြီးများတဲ့ သင်္ဘောများနဲ့ သင်္ဘောငယ်များပါ ကွန်တိန်နာများကို လိုအပ်သလို လွှဲပြောင်း တင်ဆောင်ခြင်းဖြစ်ပါတယ်။ အိန္ဒိယဆိပ်ကမ်းများဟာ ရေစူးများတဲ့ သင်္ဘောများအနေနဲ့ ဆိုက်ကပ်နိုင်ခြင်းမရှိတဲ့အတွက် ပြည်ပ ပို့ကွန်တိန်နာများကို သင်္ဘောငယ်များမှာ သယ်ဆောင်ပြီး အခြားတစ်နေရာမှာ သင့်ရှိနေတဲ့ သင်္ဘောကြီးထံ ပြောင်းလဲသယ်ဆောင်ဖို့ ဖြစ်ပါတယ်။ အဲ့ဒီနေရာဟာ အိန္ဒိယပိုင် ဧရိယာအတွင်းဖြစ်လျှင် စီး ပွားရေးအရရော အမျိုးသားလုံခြုံရေးအရပါ အားလုံးအဆင်ပြေပါလိမ့်မယ်။  

အဲဒီလိုအပ်ချက်နဲ့ ကိုက်ညီနေတာ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ အန်ဒမန်နဲ့ နီကိုဘာကျွန်းပဲ ဖြစ်ပါတယ်။ အိန္ဒိယ ဆိပ်ကမ်းများအတွက် အနောက်ဘက် (သီရိလင်္ကာ) ကိုလံဘို၊ အရှေ့ဘက် စင်္ကာပူနဲ့ ပင်လယ်ကွေ့ ဒူဘိုင်း တို့လို ဒေသတွင်း အခြား အဓိက ဆိပ်ကမ်းများနဲ့အတူ  ကုန်စည်ပို့ဆောင်ရေးအချက်အချာနေရာအဖြစ် ဖန် တီးဖို့ ဖြစ်ပါတယ်။ အဲဒီလိုသာ အကောင် အထည်ဖော်နိုင်မယ်ဆိုလျှင် အိန္ဒိယက တင်ပို့လိုက်တဲ့ ကွန်တိန်နာ စုစုပေါင်းရဲ့ ၈၀% ကို ဒူဘိုင်း၊ ကိုလံဘို၊ စင်္ကာပူဆိပ်ကမ်းများမှာ ချပြီး အခြားနိုင်ငံသွား သင်္ဘောကြီးများမှာ ပြောင်းရွှေ့တင်ဆောင်စရာ မလိုအပ်တော့ပါ။

အက်ဒမန်နဲ့ နီကိုဘာကျွန်းစုများမှာ ကျွန်းငယ်ပေါင်း ၂၀၀ ခန့်နဲ့ ဖွဲ့စည်းထားပြီး အိန္ဒိယသမုဒ္ဒရာ အရှေ့ မြောက်ပိုင်းမှာ တည်ရှိပါတယ်။ တောင်ဘက်ရှိ ကျွန်းများကို နီကိုဘာကျွန်းစုများလို့ ခေါ်ပါတယ်။ အိန္ဒိယအ ချုပ်အခြာအာဏာပိုင် နယ်မြေဖြစ်ပြီး ကျွန်းစုများရဲ့ အနောက်ဘက်ကို (Bay of Bengal) ဘင်္ဂလားပင်လယ် အော်၊ အရှေ့ ဘက်ကို  (Andaman Sea) ကပ္ပလီပင်လယ်လို့ ခေါ်ပါတယ်။ နက်ရှိုင်းတဲ့ ပင်လယ်အော်နဲ့ အရှေ့-အနောက်ပင်လယ်ရေလမ်းကြောင်းမှာ ဗျူဟာမြောက် စံပြအခြေအနေများကို ပိုင်ဆိုင်ပါတယ်။ 

ကျွန်းစုများဟာ မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီးကမ်းရိုးတန်း အနောက်တောင်ဘက် ရေမိုင် ၈၁-မိုင်ခန့် ဝေးပါတယ်။ အိန္ဒိယပိုင် ကျွန်းစုများရဲ့ မြောက်ဘက်ရှိ ကိုကိုးကျွန်းနဲ့ ပရီပဲရစ်ကျွန်းတို့ဟာ မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ အဲဒီလို နေရာမှာ အိန္ဒိယရဲ့ ကွန်တိနိနာလွှဲပြောင်းတင် အချက်အချာ နေရာအဖြစ် ဖန်တီးနိုင်ခဲ့လျှင် နိုင်ငံရပ်ခြား ဆိပ်ကမ်းများအတွက် ကုန်ကျနေရတဲ့ စရိတ်စကအဖြစ် ကွန်တိန်နာတစ်လုံးလျှင် ကန်ဒေါ်လာ ၂၀၀ မှ ၂၅၀ အ ထိ ယိုပေါက်ကို ပိတ်နိုင်ပါလိမ့်ယ်။ ဒါအပြင် အများစုဟာ အိန္ဒိယဆိပ်ကမ်းများထံ ရောက်ရှိသွားပြီး အလုပ်အကိုင်ဖန်တီးမှုများ ဖြစ်ပေါ်စေပါလိမ့်မယ်။

တစ်ချက်ခုတ်ပြီး နှစ်ချက်ပြတ်ရတာကတော့ တရုတ်က BRI ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အိန္ဒိယသမုဒ္ဒရာအတွင်း နက်ရှိုင်းစွာ ရင်းနှီးမြှုပ်နှံလာခြင်းကို အားပြိုင်နိုင်ပါလိမ့်မယ်။ ဒီအချက်ဟာ အိန္ဒိယရဲ့ အမျိုးသား လုံခြုံရေးအတွက် အလွန်အရေးကြီးပါတယ်။ တရုတ်ကုမ္ပဏီတွေဟာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်းရဲ့ အစိတ်အပိုင်းအများအပြားမှာ ဝင်ရောက်လုပ် ကိုင်နေပြီး နိုင်ငံအတွင်း သင်္ဘောတင် ကွန်တိန်နာစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကို ကိုင်တွယ်ဆောင်ရွက်နေပါပြီ၊ စီးပွားရေး အကျပ်အတည်းများကြောင့် သီရိလင်္ကာအနေနဲ့ တရုတ်အပေါ် လိုက်လျောမှုများ ပြုလုပ်ခဲ့ရခြင်းဟာ အိန္ဒိယအတွက် စိုးရိမ်မှုဖြစ်စေခဲ့ပါတယ်။ တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုကို လျှော့ချရန် အိန္ဒိယအတွက် အဓိက သယ်ယူပို့ဆောင်ရေး ဗဟိုချက်တစ်ခု ဖော်ဆောင်ရန် အရေးကြီးပါတယ်။

စီမံကိန်း လျာထားတဲ့ ဂရိတ်နီကိုဘာကျွန်း ရေပြင်တစ်ဝိုက်ဟာ သောင်တူးစရာ မလိုပဲ ရေစူးများတဲ့ သင်္ဘော ကြီးများ ဝင်ထွက်နိုင်လောက်အောင် နက်ရှိုင်းပါတယ်။ အချက်အချာကျတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ တို့လို နိုင်ငံများမှ ကွန်တိန်နာလွှဲပြောင်းတင်ဆောင်ရာမှာ သင်္ဘောကုမ္ပဏီများအတွက် ကုန်ကျစရိတ်သက်သာ စေပြီး ခရီးအကွာအဝေးကို ပိုမိုတိုတောင်းစေခြင်းက စင်္ကာပူနဲ့ ယှဉ်ပြိုင်နိုင်ပါတယ်။ 

(Swarajya., 7 September 2024,” Explained: Why India Is Building A Transshipment Port In Andaman And Nicobar's Galathea Bay” ကို ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံရှိ လူကုန်ကူးမှုများသည် အိမ်နီးချင်းနှင့် အရှေ့အလယ်ပိုင်းနိုင်ငံအချို့၏ ဈေးကွက်လိုအပ်ချက်ဖြင့် ချိတ်ဆက်နေပြီး ကလေးရောင်းစားမှုပါ ဖြစ်ပွားနေ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved