မြန်မာ့ပထမဆုံး ဖွဲနုဆီစက်ရုံမှ ဆီများ လာမည့်နှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်မည်
ယွန်း (NSS) - စက်တင်ဘာ ၇
မြန်မာ့ပထမဆုံးဖွဲနုဆီစက်ရုံ၏ စက်ပစ္စည်း တင်သွင်းမှုများကို ဆက်လက်လုပ်ဆောင်နေပြီး လာ မည့်(၂၀၂၅) နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က NSS ကိုပြောသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီတွင် နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ MAPCO ဆန်စက်ဝန်း၌ မြန်မာ နိုင်ငံ၏ ပထမဆုံး ဖွဲနုဆီကြမ်းနှင့် ဆီချောပါဝင်သည့် စက်ရုံကို စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်း များကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး စက်ပစ္စည်း တင်သွင်းမည့်လုပ်ငန်းများကိုလည်း လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။ “လက်ရှိကတော့ တည်ဆောက်ရေးတွေဆက်လုပ်နေပါတယ်။ စီမံကိန်းတွေ ကတော့ (၂၀၂၅) နှစ်ဆန်းပိုင်းမှပြီးမှာပေါ့။ အခုက တော့ တည်ဆောက်ရေးလုပ်နေတာရယ် နောက်ပြီး တော့ အိန္ဒိယနိုင်ငံကနေစက်ပစ္စည်းတင်သွင်းတဲ့ အပိုင်းတွေကို လုပ်နေပါတယ်။ ပြီးတာကတော့ နောက်နှစ်မှပြီးမှပေါ့” ဟု ဦးရဲမင်းအောင် က NSS ကိုပြောသည်။
အဆိုပါ ဖွဲနုဆီကြမ်းနှင့် ဆီချော ပါဝင်သည့် စက်ရုံသည် တစ်နှစ်လျှင် ဆီကြမ်းတန်ချိန် (၉၀ဝဝ) နှင့် ဆီချောတန်ချိန် (၆၃၀ဝ) စုစုပေါင်း တန်ချိန် (၁၅၃၀ဝ) ခန့်ကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး နေပြည်တော် အပါအဝင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း နှင့် ပဲခူးတိုင်းတို့တွင် စက်ရုံပေါင်း(၁၀) ရုံ တည်ဆောက်သွားရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါစက်ရုံများမှ ထွက်ရှိလာသည့် ဆီ များကို ပြည်တွင်းဈေးကွက်တွင် ရောင်းချသွားမည် ဖြစ်ပြီး ပိုလျှံပါက အဓိကကအားဖြင့် ဂျပန်နိုင်ငံ၊ ကိုရီး ယားနိုင်ငံနှင့် ဥရောပနိုင်ငံတွေကို တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ နှစ်စဉ်စားသုံးဆီသုံးစွဲမှု တန်ချိန်(၁၂)သိန်းခန့်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုမှာ တန်ချိန် သုံးသိန်းခန့်သာရှိသဖြင့် နှစ်စဉ်ပြည်ပမှ တန်ချိန် ကိုးသိန်းခန့်တင်သွင်းနေရကြောင်း သိရသည်။ ထို့ပြင် ပြည်တွင်း၌ စားသုံးဆီဖူလုံရေးအတွက် ပြည်တွင်းရှိ မြေလွတ်မြေရိုင်းများ၌ ပြည်ပမှ စိုက်ပျိုးရေး ကုမ္ပဏီကြီးများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ညှိနှိုင်းမှုများရှိနေကြောင်း သိရသည်။
လက်ရှိပြည်တွင်းဈေးကွက်တွင် စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် (၁၇၀ဝဝ) နှုန်းဖြင့် ဝယ် ယူနေရပြီး ပဲဆီတစ်ပိဿာလျှင် ငွေကျပ် (၂၈၀ဝဝ) နှုန်းဖြင့် ဝယ်ယူနေရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသက်(၁၁၂)နှစ်ပြည့်မွေးနေ့ကိုကျင်းပခဲ့တဲ့ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း