ငွေသားကိုင်ဆောင်အသုံးပြုမှုနည်းပါးစေရန် နေပြည်တော်ရှိ ဝန်ကြီးဌာနများ၌ ATM စက်များ တပ်ဆင်သွားမည်
စော (NP News) - ဧပြီ ၆
နေပြည်တော်ရှိ နိုင်ငံ့ဝန်ထမ်း (အရာထမ်း)များ၏ လစာငွေများ ATM ကတ်မှတစ်ဆင့်ထုတ်ယူနိုင်ရန်အတွက် မြန်မာစီးပွားရေးဘဏ် နှင့် ပုဂ္ဂလိကဘဏ်များမှ ATM စက်များကို ဝန်ကြီးဌာနများ၌ တပ်ဆင်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားခဲ့သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဧပြီလ ၅ ရက်တွင် ကျင်းပခဲ့သော အစည်အဝေး၌ အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ATM ငွေထုတ်ကတ်ဖြင့် ငွေပေးချေမှုများကို ပိုမိုအကျွမ်းအဝင်ရှိလာစေရန် ရည်ရွယ်၍ ATM စက်များကို အစိုးရဌာနများ၌ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက ဆိုသည်။
“နေပြည်တော်ရှိ ဝန်ကြီးဌာနနဲ့ အစိုးရဌာနအဖွဲ့အစည်းတွေအတွက် နိုင်ငံပိုင်စီးပွားရေးဘဏ်နဲ့ ပုဂ္ဂလိကဘဏ် တွေရဲ့ ATM စက်တွေ တပ်ဆင်ထားခြင်းမရှိသေးတာကြောင့် ATM စက်တွေတပ်ဆင်ဆောင်ရွက်ပေးသွားမှာဖြစ် ပါတယ်”ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံ၏ လက်လီငွေပေးစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ငွေသားကိုင်ဆောင်အသုံးပြုမှုနည်းသည့် ငွေရေးကြေးရေးစနစ် ဖော်ဆောင်နိုင်စေရန်အတွက် ATM စက်များမှ ငွေသားထုတ်ယူမှုများကို အစိုးရဌာနများ၌ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝန်ကြီးဌာန(၄)ခုအတွက် ဆေးပညာဘွဲ့ရ လူဦးရေ (၂ဝဝ)နီးပါး ခေါ်ယူ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း