သာယာကုန်းပင်မဓာတ်အားခွဲရုံ တိုက်ခိုက်ခံရမှုဖြစ်ပွား
Pearl (NP News) - ဧပြီ ၆
ဗုံးခွဲတိုက်ခိုက်ခံထားရသည့် သာယာကုန်းပင်မဓာတ်အားခွဲရုံ၏ ထိခိုက်ပျက်စီးမှုများအား ပြင်ဆင်ပြီးဖြစ်၍ ဓာတ်အားပုံမှန် ပြန်လည်ပို့လွှတ်ချိတ်ဆက်နိုင်ပြီဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
နစကမှ ယနေ့(ဧပြီလ ၆ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ(၄)ရက်တွင် ကျောက်တံခါးမြို့နယ်ရှိ သာယာကုန်းပင်မဓာတ်အားခွဲရုံအား အကြမ်းဖက်များမှ Drone ဖြင့် ဗုံးများ ပစ်ချဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ထိုသို့တိုက်ခိုက်မှုကြောင့် ဝန်ထမ်း(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၁)ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဓာတ်အားခွဲရုံအတွင်းရှိ ရဲနွယ်၊ ရွှေကျင်၊ ကွန်းကျောင်းရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများမှထွက်ရှိသည့် ဓာတ်အား (၅၅)မဂ္ဂါဝပ်ကို ဓာတ်အားလိုင်းများနှင့် ချိတ်ဆက် ဖြန့်ဖြူးပေးလျက်ရှိသည့် ထရန်စဖော်မာများနှင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများပျက်စီးခဲ့ကာ နိုင်ငံတော်ဓာတ်အားစနစ်တစ်ခုလုံး ဓာတ်အားပြတ်တောက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပျက်စီးမှုများအား ဓာတ်အားပြန်လည်ရရှိရေးအတွက် အမြန်ဆုံးပြန်လည်ပြင်ဆင်ခဲ့ရာ ဧပြီလ (၅) ရက်၊ နံနက် (၁)နာရီ အချိန်ခန့်တွင် ဓာတ်အားစနစ်သို့ ဓာတ်အားပုံမှန်ပြန် လည်ပို့လွှတ်နိုင်ခဲ့ကြောင်း နစကမှဆိုသည်။
ယနေ့အချိန်ထိ အကြမ်းဖက်သမားများမှ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများအား ဖောက်ခွဲခဲ့သည့် အကြိမ်ပေါင်း (၂၂၉)ကြိမ်ရှိပြီဖြစ်ရာ လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းကာ ပြင်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
zawgyi version
သာယာကုန္းပင္မဓာတ္အားခြဲ႐ုံ တိုက္ခိုက္ခံရမႈျဖစ္ပြား
Pearl (NP News) - ဧၿပီ ၆
ဗုံးခြဲတိုက္ခိုက္ခံထားရသည့္ သာယာကုန္းပင္မဓာတ္အားခြဲ႐ုံ၏ ထိခိုက္ပ်က္စီးမႈမ်ားအား ျပင္ဆင္ၿပီးျဖစ္၍ ဓာတ္အားပုံမွန္ ျပန္လည္ပို႔လႊတ္ခ်ိတ္ဆက္ႏိုင္ၿပီျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
နစကမွ ယေန႔(ဧၿပီလ ၆ ရက္)တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ ဧၿပီလ(၄)ရက္တြင္ ေက်ာက္တံခါးၿမိဳ႕နယ္ရွိ သာယာကုန္းပင္မဓာတ္အားခြဲ႐ုံအား အၾကမ္းဖက္မ်ားမွ Drone ျဖင့္ ဗုံးမ်ား ပစ္ခ်ေဖာက္ခြဲတိုက္ခိုက္ခဲ့ေၾကာင္းသိရသည္။
ထိုသို႔တိုက္ခိုက္မႈေၾကာင့္ ဝန္ထမ္း(၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး (၁)ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ဓာတ္အားခြဲ႐ုံအတြင္းရွိ ရဲႏြယ္၊ ေ႐ႊက်င္၊ ကြန္းေက်ာင္းေရအားလွ်ပ္စစ္ဓာတ္အားေပး စက္႐ုံမ်ားမွထြက္ရွိသည့္ ဓာတ္အား (၅၅)မဂၢါဝပ္ကို ဓာတ္အားလိုင္းမ်ားႏွင့္ ခ်ိတ္ဆက္ ျဖန႔္ျဖဴးေပးလ်က္ရွိသည့္ ထရန္စေဖာ္မာမ်ားႏွင့္ ဓာတ္အားခြဲ႐ုံသုံးပစၥည္းမ်ားပ်က္စီးခဲ့ကာ ႏိုင္ငံေတာ္ဓာတ္အားစနစ္တစ္ခုလုံး ဓာတ္အားျပတ္ေတာက္ခဲ့ေၾကာင္းသိရသည္။
အဆိုပါ ပ်က္စီးမႈမ်ားအား ဓာတ္အားျပန္လည္ရရွိေရးအတြက္ အျမန္ဆုံးျပန္လည္ျပင္ဆင္ခဲ့ရာ ဧၿပီလ (၅) ရက္၊ နံနက္ (၁)နာရီ အခ်ိန္ခန႔္တြင္ ဓာတ္အားစနစ္သို႔ ဓာတ္အားပုံမွန္ျပန္ လည္ပို႔လႊတ္ႏိုင္ခဲ့ေၾကာင္း နစကမွဆိုသည္။
ယေန႔အခ်ိန္ထိ အၾကမ္းဖက္သမားမ်ားမွ လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံမ်ား၊ လွ်ပ္စစ္ဓာတ္အားလိုင္းမ်ားႏွင့္ ဓာတ္အားခြဲ႐ုံမ်ားအား ေဖာက္ခြဲခဲ့သည့္ အႀကိမ္ေပါင္း (၂၂၉)ႀကိမ္ရွိၿပီျဖစ္ရာ လွ်ပ္စစ္ဝန္ႀကီးဌာနအေနျဖင့္ လုံၿခဳံေရးအဖြဲ႕မ်ားႏွင့္ ပူးေပါင္းကာ ျပင္ဆင္ေရး လုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စည်းကမ်းနှင့်လုပ်ထုံးလုပ်နည်း မလိုက်နာသော ဒုတိယခရိုင်တရားသူကြီး၊ မြို့နယ်တရားသူ ကြီးအပါအဝင် (၁၇)ဦးကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း