တိုင်းရင်းသားအားလုံး ကန့်သတ်ခွဲခြားမှုမရှိဘဲ ခရီးသွားလာနိုင်ပြီး ကျားဖျန့် လုပ်ငန်းနှင့် ဆက်စပ်သည့် ဒေသအချို့တွင် စိစစ်ကြပ်မတ်နေဟု နစကဆို
ယွန်း (NSS) - ဩဂုတ် ၃ဝ
တိုင်းရင်းသားအားလုံး ကန့်သတ်ခွဲခြားမှုမရှိဘဲ ခရီးသွားလာနိုင်ပြီး ကျားဖျန့်လုပ်ငန်းနှင့် ဆက်စပ်သည့် ဒေသအချို့တွင် စိစစ်ကြပ်မတ်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က မီဒီယာများကို ပြောသည်။
လတ်တလော အဝေးပြေးကားဂိတ်များရှိ ယာဉ်လိုင်းများ၌ ၁၃/ မှတ်ပုံတင် ကိုင်ဆောင်သည့် ပလောင်၊ ကိုးကန့်နှင့် “ဝ”တိုင်းရင်းသားများကို ကားလက်မှတ်များ မရောင်းချရန် ညွှန်ကြားချက်များ ရှိနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
နစကအနေဖြင့် အထက်ပါညွှန်ကြားချက်ထုတ် ပြန်ထားခြင်းမရှိကြောင်းသိရပြီး တိုင်းရင်းသား ပြည်သူများအားလုံး ကန့်သတ်ခွဲခြားမှုမရှိဘဲ လွတ်လပ်စွာ ခရီးသွားလာနိုင်ကြောင်း နစကသတင်း ထုတ် ပြန်ရေးအဖွဲ့က ဩဂုတ်လ (၂၃)ရက်တွင် ဆိုသည်။ သို့သော် မိမိနေထိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် မဟုတ်ဘဲ အခြား မည်သည့်ဒေသများကိုမဆို သွားရောက်ရာတွင် ရပ်ကွက်ထောက်ခံစာ အပါအဝင် ရဲစခန်းထောက်ခံစာ နှင့် မှတ်ပုံတင်များကို ယူဆောင်လာရန်လိုကြောင်း အဝေးပြေးယာဉ်လိုင်းတစ်ခုထံ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။
“ရခိုင်တွေမှမဟုတ်ဘူး။ ဘယ်ကိုပဲသွားသွား ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ မှတ်ပုံ တင်မူရင်း အဲဒီသုံးခုကတော့ ပါမှပဲရမှာ။ ရန်ကုန် ကနေ မန္တလေးကိုသွားမယ် မှတ်ပုံတင်က မန္တလေး တိုင်းက မှတ်ပုံတင်ဆိုရင်တော့ မှတ်ပုံတင်တစ်ခုတည်း ပါရင်ရပါတယ်။ မန္တလေးက မဟုတ်ဘဲနဲ့ တခြား တိုင်းက ဆိုရင်တော့ ရပ်ကွက်ထောက်ခံစာနဲ့ ရဲစခန်း ထောက်ခံစာ ယူလာရမှာပါ။ ပလောင်တို့၊ ကိုးကန့် တို့ကိုလည်းမဟုတ်ပါဘူး။ ကိုယ်သွားမယ့်နေရာက ကိုယ့်တိုင်းဒေသမဟုတ်ဘဲနဲ့ တခြားဒေသတွေဆိုရင် ဘယ်ခရီးစဉ်အတွက်မဆို လိုတယ်”ဟု အထက်ပါ ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဓိကအားဖြင့် ကျားဖျန့်လုပ်ငန်းနှင့် ဆက်စပ်နေသည့် နယ်စပ်ဒေသအချို့တွင် စစ်ဆေးစိစစ်မှု များကို ကြပ်မတ်ဆောင်ရွက်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုထားသည်။ ပြည်ပြေး မီဒီယာများက တိုင်းရင်းသားများကို သွားလာခွင့် ကန့်သတ်နေသည့် သဘောမျိုး သွေးခွဲရေးသားနေကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုဂံ ပျဉ်ပြားမင်းနန်းတော်ရာ အရှေ့ဘက်ကျုံးကို တူးဖော်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း