ထိုင်းနိုင်ငံမှာ လမ်းဘေးအရက်ပုန်းသောက်သုံးမှုကြောင့် အနည်းဆုံးလူ(၆) ဦးသေဆုံး
Pika (NSS) - ဩဂုတ် ၂၉
ထိုင်းနိုင်ငံမှာ methanol ပါဝင်တဲ့အရက်ပုန်းသောက်သုံးမှုကြောင့် အနည်းဆုံးလူ(၆)ဦးသေဆုံးခဲ့ပြီး အခြားလူ(၂၀)ကျော်ကို ဆေးရုံတင်ခဲ့ရတယ်လို့ အာဏာပိုင်တွေက ဩဂုတ်လ(၂၈)ရက်နေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
အရက်ပုန်းသောက်သုံးမှုကြောင့် သေဆုံးမှုတွေဟာ ဘန်ကောက်မြို့အနောက်မြောက်ဘက် Khlong Sam Wa ခရိုင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အာဏာပိုင်တွေဟာ တရားမဝင်လမ်းဘေးအရက်ဆိုင်(၁၉)ဆိုင်ကို တွေ့ရှိခဲ့တယ်လို့သိရပါတယ်။ ဒီဖြစ်ရပ်ကြောင့် အနည်းဆုံးလူ(၆)ဦးသေဆုံးခဲ့ပြီး အခြားလူ(၂၀)ကျော်ဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ ဘန်ကောက်မြို့ပြအုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။
အရက်ပုန်းသောက်သုံးမိသူတစ်ဦးရဲ့ သားဖြစ်သူက 'ကျွန်တော့်အဖေက ဒီအရက်ပုန်းကိုသောက်သုံးပြီးနောက်မှာတော့ လက္ခဏာတွေချက်ချင်းပြလာခဲ့တာပါ။ ပြီးတော့ သူသတိပြန်လည်လာတဲ့အချိန်မှာ ဆေးရုံပေါ်ကို ရောက်နေပါပြီ'လို့ ပြောဆိုခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ ထိုင်းနိုင်ငံမှာ တင်းကျပ်တဲ့အရက်ဥပဒေတွေရှိတယ်လို့လည်း သိရပါတယ်။ ဒီလိုဖြစ်ရပ်တွေဖြစ်ပွားပြီးနောက် အာဏာပိုင်တွေဟာ အဲဒီဧရိယာအတွင်းမှာရှိတဲ့ တရားမဝင်လမ်းဘေးအရက်ဆိုင်တွေ အားလုံးကို ဖယ်ရှားနှိမ်နှင်းပစ်ခဲ့တယ်လို့ Khlong Sam Wa ခရိုင်ထိပ်တန်းအရာရှိ Somwang Chaiprakraiwan ကပြောကြားခဲ့ပါတယ်။
၎င်းက 'ရဲတပ်ဖွဲ့တွေနဲ့ သက်ဆိုင်ရာဌာနတွေက တရားမဝင်လမ်းဘေးအရက်ဆိုင်တွေ ဖွင့်နေတဲ့လူတွေအားလုံးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်' လို့ပြောဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိုက်ပွဲများကြားမှ ပညာရေးဓားစာခံဖြစ်နေသော ကလေးငယ်များကို လက်ခံသင်ကြားမည့် အထူးအစီအစဉ် IBEC စတင်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း