အကြမ်းဖက်များမှ လဝက ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်၍ စာရွက်စာတမ်းများအား မီးရှို့ဖျက်ဆီးပြီး လက်ကိုင်ဖုန်းနှင့် ဆိုင်ကယ်များ လုယက်ယူဆောင်မှုဖြစ်ပွား
Pearl
(NP News) - ဧပြီ ၆
မွန်ပြည်နယ်၊ သထုံမြို့နယ်၌ အကြမ်းဖက်သမားများမှ လဝက
ရုံးအတွင်းသို့ ဝင်ရောက်၍ ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်ကာ
စာရွက်စာတမ်းများအား မီးရှို့ဖျက်ဆီးပြီး လက်ကိုင်ဖုန်းနှင့် ဆိုင်ကယ်များ လုယက်
ယူဆောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီလ (၃) ရက်၊ မွန်းလွဲ ၃ နာရီ
၄ဝ မိနစ်အချိန်ခန့်တွင် သထုံမြို့နယ်၊ အောက်ကျင်းရပ်ကွက်ရှိ
လူဝင်မှုကြီးကြပ်ရေးစုပေါင်းရုံး၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လဝကရုံး၌ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး၊ ရုံးအမှုတွဲထိန်း၊
ရုံးမှတ်တမ်းထိန်းတို့ရှိနေစဉ် အကြမ်း ဖက်အမျိုးသား (၄) ဦးရောက်ရှိလာခဲ့ကြောင်း
သိရသည်။
ထိုသို့ရောက်ရှိလာပြီး ၎င်းတို့အား သေနတ်ပြခြိမ်းခြောက်ကာ ရုံးအောက်ထပ်ရှိ
နောက်ဖေးခန်းတွင် တံခါးပိတ်ချုပ်နှောင်၍ ရုံးစာရွက်စာတမ်းများအား
မီးရှို့ဖျက်ဆီးကာ လက်ကိုင်ဖုန်း ၂ လုံးနှင့် ရုံးရှေ့တွင် ရပ်ထားသည့် Honda Wave-100
ဆိုင်ကယ် ၂ စီးတို့အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
ထိုသို့မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်သွားခဲ့ပြီး
မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၁
စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်တွင်
မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
zawgyi version
အၾကမ္းဖက္မ်ားမွ လဝက ဝန္ထမ္းမ်ားအား ေသနတ္ျပၿခိမ္းေျခာက္၍ စာ႐ြက္စာတမ္းမ်ားအား မီးရႈိ႕ဖ်က္ဆီးၿပီး လက္ကိုင္ဖုန္းႏွင့္ ဆိုင္ကယ္မ်ား လုယက္ယူေဆာင္မႈျဖစ္ပြား
Pearl (NP News) - ဧၿပီ ၆
မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္၌ အၾကမ္းဖက္သမားမ်ားမွ လဝက ႐ုံးအတြင္းသို႔ ဝင္ေရာက္၍ ဝန္ထမ္းမ်ားအား ေသနတ္ျပၿခိမ္းေျခာက္ကာ စာ႐ြက္စာတမ္းမ်ားအား မီးရႈိ႕ဖ်က္ဆီးၿပီး လက္ကိုင္ဖုန္းႏွင့္ ဆိုင္ကယ္မ်ား လုယက္ ယူေဆာင္သြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဧၿပီလ (၃) ရက္၊ မြန္းလြဲ ၃ နာရီ ၄ဝ မိနစ္အခ်ိန္ခန႔္တြင္ သထုံၿမိဳ႕နယ္၊ ေအာက္က်င္းရပ္ကြက္ရွိ လူဝင္မႈႀကီးၾကပ္ေရးစုေပါင္း႐ုံး၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ လဝက႐ုံး၌ လက္ေထာက္လူဝင္မႈႀကီးၾကပ္ေရးမႉး၊ ႐ုံးအမႈတြဲထိန္း၊ ႐ုံးမွတ္တမ္းထိန္းတို႔ရွိေနစဥ္ အၾကမ္း ဖက္အမ်ိဳးသား (၄) ဦးေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေရာက္ရွိလာၿပီး ၎တို႔အား ေသနတ္ျပၿခိမ္းေျခာက္ကာ ႐ုံးေအာက္ထပ္ရွိ ေနာက္ေဖးခန္းတြင္ တံခါးပိတ္ခ်ဳပ္ေႏွာင္၍ ႐ုံးစာ႐ြက္စာတမ္းမ်ားအား မီးရႈိ႕ဖ်က္ဆီးကာ လက္ကိုင္ဖုန္း ၂ လုံးႏွင့္ ႐ုံးေရွ႕တြင္ ရပ္ထားသည့္ Honda Wave-100 ဆိုင္ကယ္ ၂ စီးတို႔အား လုယက္ယူေဆာင္ထြက္ေျပးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။
ထိုသို႔မီးရႈိ႕ဖ်က္ဆီးမႈေၾကာင့္ မီးေလာင္သြားခဲ့ၿပီး မီးသတ္တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က မီးသတ္ယာဥ္ ၄ စီး၊ ေရသယ္ယာဥ္ ၁ စီးျဖင့္ သြားေရာက္မီးျငႇိမ္းသတ္ခဲ့ရာ ညေန ၅ နာရီ ၁၅ မိနစ္အခ်ိန္တြင္ မီးၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ က်ဴးလြန္သူ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီးရမိႏိုင္ေရး ေဆာင္ ႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မီဒီယာသည် မဏ္ဍိုင်ကြီး (၃)ခုကို မယိမ်းမယိုင်စေရေး တည့်မတ်ပေးသည့် မဏ္ဍိုင်တစ်ခုဖြစ်ကြောင်း တပ်ချုပ်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း