Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
(၂)နှစ်ကျော်ကာလအတွင်း ရထားလမ်းနှင့်ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးခံရမှု အကြိမ်ရေ(၁၁ဝ)ဖြစ်ပွားခဲ့ကြောင်း နစက ထုတ်ပြန်

NP News - ဧပြီ ၆


၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်မှစ၍ လက်ရှိအချိန်အထိ PDF များအနေဖြင့် ရထားလမ်းနှင့်ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးခြင်း အကြိမ်ရေ (၁၁ဝ) လုပ်ဆောင်ခဲ့ကြောင်း နစကမှ ထုတ်ပြန်သည့် သတင်းအချက်အလက်များအရသိရသည်။ 


ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ် ဧပြီလ (၄) ရက်၊ နေ့လည် (၁၂)နာရီ၊ (၁ဝ)မိနစ်အချိန်ခန့်တွင် သထုံမြို့နယ်၊ ရင်းငြိမ်ဘူတာနှင့် သထုံဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၃၉/၂-၁ တွင် လမ်းခင်းကျောက်များသယ်လာ‌သည့် ကျောက်ရထားအား PDF များက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးတိုက်ခိုက်ခဲ့ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 


ပဲခူး-မော်လမြိုင်လမ်းပိုင်းရှိ မွန်ပြည်နယ်၊ ဇင်းကျိုက်ဘူတာမှ ဌာန၏ လမ်းခင်းကျောက်များ သယ်ယူ၍ ဧပြီလ ၄ ရက် နံနက်ပိုင်းတွင် ဇင်းကျိုက်မှ ထွက်ခွာလာသည့် ရထားအမှတ် (၆၈၄) အစုန်ကျောက်ရထားသည် အခင်းဖြစ်နေရာအားဖြတ်သန်းစဉ် PDF များ ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့ကြောင်း နစကမှ ဆိုသည်။ 


ထိုသို့ပေါက်ကွဲမှုကြောင့် အရှေ့ဘက်သံလမ်း(၁)ပေခွဲခန့်ပြတ်ထွက်ခဲ့ပြီး အနောက်ဘက်သံလမ်း (၁)ပေခွဲခန့် ဗိုက်သားကွဲခဲ့ကာ ကွန်ကရစ်ဇလီဖား(၁)တုံးပျက်ဆီးခဲ့ကြောင်း သိရသည်။


ရထားလမ်း အနည်းငယ်ပျက်စီးမှုအား လမ်းပိုင်းပြုပြင်မှုများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၅ဝ မိနစ်မှစ၍ ရထားများ ပုံမှန်ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။ 


ထို့ကြောင့် PDF များအနေဖြင့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်မှစ၍ လက်ရှိအချိန်အထိ မြန်မာ့မီးရထား၏ ရန်ကုန်-ပဲခူး-မော်လမြိုင် လမ်းပိုင်းအတွင်း ရထားလမ်းများ၊ တံတားများအား တံတားမိုင်းခွဲမှု (၆)ကြိမ်၊ သံလမ်းမိုင်းခွဲမှု (၄)ကြိမ်၊ လက်လုပ်မိုင်းပေါက်ကွဲ/တွေ့ရှိမှု (၆)ကြိမ် စုစုပေါင်း (၁၆)ကြိမ်နှင့် ဘူတာ/ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁)ကြိမ်တို့ကို ကျူးလွန်ခဲ့ကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။


ထို့ကြောင့် မြန်မာ့မီးရထားလမ်း ကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးခြင်း (၁၁ဝ)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၃၇)ကြိမ်၊ ဘူတာများအား မီးရှို့ဖျက်ဆီးခြင်း (၁၁)ကြိမ်တို့ကို ကျူးလွန်ခဲ့ကြပြီးဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version


NP News - ဧပြီ ၆















Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

Light Truck မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် သံဃာတစ်ပါး ပျံလွန်တော်မူ

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved