ပုသိမ်မြို့တွင် ခရီးသည်တင်ကား တိမ်းမှောက်မှုကြောင့် တစ်ဦး သေဆုံးပြီး (၆)ဦးထက် မနည်းထိခိုက် ဒဏ်ရာရ
စော (NP News) - ဧပြီ ၅
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် ခရီးသည်တင်ကား တိမ်းမှောက်မှုကြောင့် တစ်ဦး သေဆုံးပြီး (၆)ဦးထက် မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဧပြီလ ၅ ရက်)၊ နံနက် (၈)နာရီအချိန်ခန့်တွင် ပုသိမ်မြို့၊ ကန်ကြီးကျေးရွာ အုပ်စု မျက်ရှကျေးရွာအနီးရှိ မိုင်တိုင် (၂၉/၇)နှင့် (၃ဝ/ဝ)ကြားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ချောင်းသာမှ ပုသိမ်မြို့သို့ ခရီးသည်များတင်ကာ မောင်းနှင်လာသည့် Minibus တစ်စီးသည် အခင်းဖြစ်ရာနေရာအရောက်တွင် ယာဥ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ဧရာဝတီတိုင်းဒေသကြီးမှ သိရသည်။
“အရှိန်နည်းနည်းများပြီး တစ်ဖက်ကကားကိုရှောင်ပြီးဖြစ်သွားတာပါ။ သေဆုံးသူတစ်ယောက်ရှိတယ်။ သေဆုံးတဲ့တစ်ယောက်ကိုတော့ ဆေးရုံကိုသယ်လာပေးတယ်။ ကျန်တဲ့(၆)ယောက်ကိုတော့ ချောင်းသာဆေးရုံကိုပို့ပေးတယ်။ ထိခိုက်ဒဏ်ရာရတဲ့လူတွေတော့ မစိုးရိမ်ရပါဘူး”ဟု အထက်ပါကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ Minibus ခရီးသည်တင်ယာဉ်ပေါ်တွင် (၁၉)ဦးထက်မနည်းလိုက်ပါလာပြီး ယာဥ်တိမ်းမှောက်မှုကြောင့် ခရီးသည် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ဓမ္မပါလလူမှုကူညီရေးအသင်းယာဉ်ဖြင့် ချောင်းသာမြို့ပြည်သူဆေးရုံသို့ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။
zawgyi version
ပုသိမ္ၿမိဳ႕တြင္ ခရီးသည္တင္ကား တိမ္းေမွာက္မႈေၾကာင့္ တစ္ဦး ေသဆုံးၿပီး (၆)ဦးထက္ မနည္းထိခိုက္ ဒဏ္ရာရ
ေစာ (NP News) - ဧၿပီ ၅
ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕နယ္တြင္ ခရီးသည္တင္ကား တိမ္းေမွာက္မႈေၾကာင့္ တစ္ဦး ေသဆုံးၿပီး (၆)ဦးထက္ မနည္းထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔(ဧၿပီလ ၅ ရက္)၊ နံနက္ (၈)နာရီအခ်ိန္ခန႔္တြင္ ပုသိမ္ၿမိဳ႕၊ ကန္ႀကီးေက်း႐ြာ အုပ္စု မ်က္ရွေက်း႐ြာအနီးရွိ မိုင္တိုင္ (၂၉/၇)ႏွင့္ (၃ဝ/ဝ)ၾကားတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ေခ်ာင္းသာမွ ပုသိမ္ၿမိဳ႕သို႔ ခရီးသည္မ်ားတင္ကာ ေမာင္းႏွင္လာသည့္ Minibus တစ္စီးသည္ အခင္းျဖစ္ရာေနရာအေရာက္တြင္ ယာဥ္တိမ္းေမွာက္မႈျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ ဧရာဝတီတိုင္းေဒသႀကီးမွ သိရသည္။
“အရွိန္နည္းနည္းမ်ားၿပီး တစ္ဖက္ကကားကိုေရွာင္ၿပီးျဖစ္သြားတာပါ။ ေသဆုံးသူတစ္ေယာက္ရွိတယ္။ ေသဆုံးတဲ့တစ္ေယာက္ကိုေတာ့ ေဆး႐ုံကိုသယ္လာေပးတယ္။ က်န္တဲ့(၆)ေယာက္ကိုေတာ့ ေခ်ာင္းသာေဆး႐ုံကိုပို႔ေပးတယ္။ ထိခိုက္ဒဏ္ရာရတဲ့လူေတြေတာ့ မစိုးရိမ္ရပါဘူး”ဟု အထက္ပါကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ Minibus ခရီးသည္တင္ယာဥ္ေပၚတြင္ (၁၉)ဦးထက္မနည္းလိုက္ပါလာၿပီး ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ခရီးသည္ အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။
ေသဆုံးသူ၏ ႐ုပ္အေလာင္းကို ဓမၼပါလလူမႈကူညီေရးအသင္းယာဥ္ျဖင့္ ေခ်ာင္းသာၿမိဳ႕ျပည္သူေဆး႐ုံသို႔ပိုေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ICJ ၌ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုအပေါ်ရင်ဆိုင်ရန် ဝန်ကြီးဦးသန်းဆွေ ဦးဆောင်မည့် ကော်မတီတစ်ရပ်ကို နစက ပြင်ဆင်ဖွဲ့စည်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း