မျှစ်ချိုးပြီး ပြန်လာစဉ် ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားခဲ့ရာ အမျိုးသားနှစ်ဦးသေဆုံး
စော (NP News) - ဧပြီ ၅
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မျှစ်ချိုးပြီးပြန်လာစဉ် ဆိုင်ကယ်မတော်တဆမှု ဖြစ်ပွားခဲ့ရာ အမျိုးသားနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီလ ၄ ရက်)၊ နေ့လည်(၂)နာရီဝန်းကျင်အချိန် မောင်တောမြို့ ကိုင်းကြီးကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း မောင်တောမြို့နယ်ကရုဏာကွန်ရက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ကျွန်တော်တို့ကို (၂)နာရီကျော်လောက်ဆက်သွယ်လာပါတယ်။ ကျွန်တော်တို့ကို အကူ အညီတောင်းတာ လမ်းမှာ မတော်တဆဖြစ်လို့ နှစ်ယောက်ဆုံးသွားတယ်ဆို့လို့ မောင်တောဆေးရုံကိုယူသွားတာ ဖြစ်စဉ်ကတော့ဘယ်လို ဖြစ်တာလဲမသိဘူး။ မျှစ်သွားခူးပြီးအပြန်မှ ဖြစ်တာပါ”ဟု မောင်တောမြို့နယ်ကရုဏာကွန်ရက်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါ အမျိုးသားနှစ်ဦးသည် ဦးအောင်လှထွန်း (၅၂)နှစ်နှင့် ၎င်း၏သမက်ဖြစ်သူ ဦးမောင်ခင်သန်း (၂၆)နှစ်တို့ဖြစ်ပြီး မောင်တောမြို့နယ်၊ စေတီပြင်ကျေးရွာတွင် နေထိုင်ကြောင်း သိရသည်။
၎င်းတို့၏ရုပ်အလောင်းကို မောင်တောဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မောင်တောမြို့နယ် ကရုဏာကွန်ရက် လူမှုကူညီရေးအသင်းမှ ဆိုသည်။
zawgyi version
မွ်စ္ခ်ိဳးၿပီး ျပန္လာစဥ္ ဆိုင္ကယ္မေတာ္တဆမႈျဖစ္ပြားခဲ့ရာ အမ်ိဳးသားႏွစ္ဦးေသဆုံး
ေစာ (NP News) - ဧၿပီ ၅
ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္တြင္ မွ်စ္ခ်ိဳးၿပီးျပန္လာစဥ္ ဆိုင္ကယ္မေတာ္တဆမႈ ျဖစ္ပြားခဲ့ရာ အမ်ိဳးသားႏွစ္ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဧၿပီလ ၄ ရက္)၊ ေန႔လည္(၂)နာရီဝန္းက်င္အခ်ိန္ ေမာင္ေတာၿမိဳ႕ ကိုင္းႀကီးေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း ေမာင္ေတာၿမိဳ႕နယ္က႐ုဏာကြန္ရက္လူမႈကူညီေရးအသင္းထံမွ သိရသည္။
“ကြၽန္ေတာ္တို႔ကို (၂)နာရီေက်ာ္ေလာက္ဆက္သြယ္လာပါတယ္။ ကြၽန္ေတာ္တို႔ကို အကူ အညီေတာင္းတာ လမ္းမွာ မေတာ္တဆျဖစ္လို႔ ႏွစ္ေယာက္ဆုံးသြားတယ္ဆို႔လို႔ ေမာင္ေတာေဆး႐ုံကိုယူသြားတာ ျဖစ္စဥ္ကေတာ့ဘယ္လို ျဖစ္တာလဲမသိဘူး။ မွ်စ္သြားခူးၿပီးအျပန္မွ ျဖစ္တာပါ”ဟု ေမာင္ေတာၿမိဳ႕နယ္က႐ုဏာကြန္ရက္လူမႈကူညီေရးအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါ အမ်ိဳးသားႏွစ္ဦးသည္ ဦးေအာင္လွထြန္း (၅၂)ႏွစ္ႏွင့္ ၎၏သမက္ျဖစ္သူ ဦးေမာင္ခင္သန္း (၂၆)ႏွစ္တို႔ျဖစ္ၿပီး ေမာင္ေတာၿမိဳ႕နယ္၊ ေစတီျပင္ေက်း႐ြာတြင္ ေနထိုင္ေၾကာင္း သိရသည္။
၎တို႔၏႐ုပ္အေလာင္းကို ေမာင္ေတာေဆး႐ုံရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ေမာင္ေတာၿမိဳ႕နယ္ က႐ုဏာကြန္ရက္ လူမႈကူညီေရးအသင္းမွ ဆိုသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကားဂိတ်တွင် ပါဆယ်ပစ္စည်းပို့ထားသည့် စက္ကူဂျပ်ဖာအတွင်းမှ ငွေကျပ်သိန်း(၁၈ဝဝ) တန်ဖိုးရှိသော Happy Water များဖမ်းဆီးရမိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း