ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက LDP ပါတီခေါင်းဆောင်အဖြစ် ထပ်မံအရွေးခံတော့မည် မဟုတ်ကြောင်း အသိပေး
ALynn (NSS) - ဩဂုတ် ၁၄
ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ၏ ပါတီခေါင်းဆောင်အဖြစ် ပြန်လည်အရွေးခံရန် ကြိုးပမ်းမည်မဟုတ်ကြောင်း ဆုံးဖြတ်ချက်ချခဲ့ သည့်အတွက် ဝန်ကြီးချုပ်အသစ်ကို ထပ်မံရွေးချယ်ရတော့မည်ဖြစ်သည်။ ဗုဒ္ဓဟူးနေ့ (ဩဂုတ်လ ၁၄ ရက်) က တိုကျိုတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ ကီရှီဒါက LDP ၏ ခေါင်းဆောင်မှုအသစ်ကို ရွေးချယ်ဖို့ အချိန်ကျပြီဖြစ်ကြောင်းနှင့် ၎င်းအား အပြည့်အဝ ထောက်ခံမည်ဟု ဆိုသည်။
"ဒီရွေးကောက်ပွဲမှာ LDP က ပြောင်းလဲနေပြီး ပါတီက LDP အသစ်ဖြစ်ကြောင်း ပြည်သူတွေကို ပြသဖို့ လိုအပ်ပါတယ်"ဟု Kishida က သတင်းထောက်များအား ပြောကြားခဲ့သည်။ ကီရှီဒါသည် ၎င်း၏ရာထူးအတွက် ထပ်မံအရွေးခံတော့မည်မဟုတ်ကြောင်း အကြီးတန်း အုပ်ချုပ်ရေး အရာရှိများကို အကြောင်းကြားခဲ့သည်ဟု နိုင်ငံပိုင် ရုပ်သံလိုင်း NHK အပါအဝင် ဂျပန်မီဒီယာများက အစောပိုင်းတွင် ဖော်ပြခဲ့သည်။ ကီရှီဒါသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ပါတီဥက္ကဋ္ဌအဖြစ် သုံးနှစ်သက်တမ်းအတွက် ရွေးကောက်ခံခဲ့ရပြီး မကြာမီမှာပင် အထွေ ထွေရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည်။
သို့သော် ပါတီက ကျင်းပသည့်ပွဲများအတွက် လက်မှတ်ရောင်းချခြင်းမှ ကောက်ခံရရှိထားသော နိုင်ငံရေးရန်ပုံငွေများနှင့်ပတ်သက်၍ LDP အတွင်း အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြားတွင် ၎င်း၏ ထောက်ခံမှုနှုန်းသည် သိသိသာသာ ကျဆင်းသွားခဲ့သည်။ LDP သည် ပါလီမန်တွင် အမတ်နေရာအများဆုံးရထားသောကြောင့် ပါတီခေါင်းဆောင်အရွေးခံမည့်သူသည် ဂျပန်၏ နောက်ထပ် ၀န်ကြီးချုပ်ဖြစ်လာမည်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကီရှီဒါသည် ကိုဗစ်ကပ်ရောဂါကို ကိုင်တွယ်ရာတွင် ဝေဖန်ခံရသော Yoshihide Suga ထံမှ ရာထူးကို ရယူခဲ့သည်။ ကီရှီဒါလက်ထက်တွင် ဂျပန်သည် ၎င်း၏ကာကွယ်ရေးအသုံးစရိတ်ကို ၂၀၂၇ ခုနှစ်တွင် NATO စံနှုန်းသို့ နှစ်ဆတိုးရန် ကတိပြုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထွက်ပေါ်နေသော သတင်းများမှာ မဟုတ်မှန်ပဲ နိုင်ငံတော်အကြီးအကဲနှင့်တာဝန်ရှိသူများအနေဖြင့် နိုင်ငံ့တာဝန်များကို တက်ညီလက်ညီ ကျေပွန်စွာထမ်းဆောင်လျက်ရှိဟု နစက တုံ့ပြန်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း