ပေကျင်းက ထိန်းချုပ်ရန် ခြေလှမ်းပြင်နေသည့် ဘင်္ဂလားပင်လယ်အော် အနာဂတ် အခြေအနေ
Htay Oung (NSS) - ဩဂုတ် ၁၂
၂၀၂၄ ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြင်းထန်တဲ့ လူထုဆန္ဒပြပွဲများဖြစ်ပွားပြီးနောက် ဝန်ကြီးချုပ် ရှိတ်ဟာစီနာဟာ ဆန္ဒအလျောက် ပြည်ပသို့ ထွက်ခွာသွားခြင်းအားဖြင့် အဝါမီလိခ်ပါတီအစိုးရ ပြိုလဲသွားခဲ့ပါတယ်။ အခုလို အရှက်တကွဲ အကျိုးနည်းဖြစ်ရခြင်းနာက်ကွယ်မှာ အမေရိကန်နိုင်ငံ ပါဝင်ပတ်သက်နေတယ်လို့ ယုံကြည်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ကျွန်းငယ်လေးရဲ့ အချုပ်အခြာနယ်မြေပိုင်ဆိုင်မှုကို သူတို့လက်တွင်းထိုးအပ်ပေးခြင်း မရှိလို့သာ ဖြစ်ရကြောင်း ဝန်ကြီးချုပ်ဟောင်းက ပြောပြတယ်လို့ “ယူရိုအေးရှားတိုင်းမ်”က ဩဂုတ်လ ၁၁ ရက်မှာ ရေးသားပါတယ်။
ဘင်္ဂလားပင်လယ်အော်ဟာ ကမ္ဘာ့အကြီးဆုံး ပင်လယ်အော်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အရှေ့ဘက်မှ အင်ဒိုနီး ရှားနိုင်ငံရဲ့အနောက်ဘက်တိုင်အောင် ကျယ်ဝန်းပြီး ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနဲ့ မြန်မာနိုင်ငံတို့က ဝိုင်းပတ်ထားပါတယ်။ အာဖရိက-အရှေ့အလယ်ပိုင်းဒေသနဲ့ တရုတ်-ဂျပန်-ကိုရီးယားနိုင်ငံတို့ကို ဆက်သွယ်ပေးရာ ရေပြင်ဖြစ်ပြီး ကမ္ဘာ့ပင်လယ်ရေကြောင်း ကုန်သွယ်မှုရဲ့ထက်ဝက်ခန့်ဟာ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်း သွားရပါတယ်။ တောင်တရုတ်ပင်လယ်နဲ့ ဆက်စပ်နေတဲ့ မလက္ကာရေလက်ကြား ဝင်ထွက်ပေါက်ကို အပေါ်စီးမှ ရှုမြင်နိုင်ပါတယ်။
စစ်ရေး စီးပွားရေး အင်အားကြီးထွားလာခြင်းနဲ့အတူ ငါတကော ကောလာတဲ့ တရုတ်ရဲ့ ခြေလှမ်းများကို စောင့် ကြည့်ဖို့အတွက် “ပွင့်လင်း-လွတ်လပ်-အားလုံးပါဝင်တဲ့ အင်ဒိုပစိဖိတ်ဒေသကြီး ဖြစ်မြောက်ရေး” ခေါင်းစဉ်လှ လှလေးပေးထားတဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒအရ ဘင်္ဂလားပင်လယ်အော်ဟာ မရှိမဖြစ် လိုအပ်ပါ တယ်။ တစ်ဖက်မှာလည်း ကျယ်ပြောလှတဲ့ အဲ့ဒီရေပြင်ကြီးရဲ့ စီးပွားရေး၊ သံတမန်ရေး၊ လုံခြုံရေးဆိုင်ရာ အရေး ပါမှုဟာ အမေရိကန်အတွက်သာမက တရုတ်၊ ဂျပန်၊ အိန္ဒိယနဲ့ ရုရှားတို့လို ကမ္ဘာ့အင်အားကြီးနိုင်ငံများကိုလည်း ဆွဲဆောင်နေတယ်လို့ ဂျာမနီနိုင်ငံ “အားဖွတ်တက္ကသိုလ်” ပဋိပက္ခနဲ့ ငြိမ်းချမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာ ပညာရှင် “ရီသူး ရှားမား” က ဆိုပါတယ်။
ပင်လယ်အော်အတွင်း ၁.၁၆ စတုရန်းမိုင်သာ ကျယ်ဝန်းတဲ့ ဘင်္ဂလားဒေ့ရှ်ပိုင် စိန့်မာတင်ကျွန်းဟာ ကော့ခ်ဘ ဇား-တက္ကနဖ်ကျွန်းဆွယ်တောင်ဘက် ၅ မိုင်ခန့်အကွာမှာ တည်ရှိပြီး (တရုတ်နဲ့ နီးစပ်တယ်လို့ ကမ္ဘာက သိရှိ ထားသူ) မြန်မာနိုင်ငံရဲ့ ရခိုင်မောင်တောကမ်းရိုးတန်းမှ ၅ မိုင်ခန့်သာ ဝေးပါတယ်။ အဲ့ဒီကျွန်းငယ်လေးကို အမေရိကန်က မျက်စိကျလျက်ရှိကြောင်း ကောလဟလ သတင်းများ ထွက်ပေါ်နေခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ။ အတိအကျ ပြောရလျှင် ၂၀၀၃ ခုနှစ်ကတည်းကဖြစ်ပြီး စိန့်မာတင်ကျွန်းပေါ်မှာဖြစ်စေ၊ စစ်တကောင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အခြားတစ်နေရာရာမှာဖြစ်စေ စစ်အခြေစိုက်စခန်းအတွက် နေရာငှားရမ်းနိုင်ဖို့ ဝါရှင်တန်အနေနဲ့ အသည်းအသန်ဖြစ်နေကြောင်း နိုင်ငံတကာ မီဒီယာများက ရေးသားခဲ့ကြပါတယ်။ ဒါကာမြို့ အမေရိကန်သံအမတ်ကြီးကတော့ အဲ့ဒီသတင်းများ မဟုတ်မမှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ တောင်အာရှနိုင်ငံများအတွင်း ဒီမိုကရေစီမြှင့်တင်ရေး ဖိအားပေးနေတဲ့ အမေရိကန်နဲ့ ရှိတ်ဟာစီနာအ စိုးရတို့ဟာ အစေးမကပ်နိုင်ပဲ ရှိခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ တောင်အာရှနိုင်ငံအတွင်း ဒီမိုကရေစီမြှင့့်တင်ရေး အချက်အချာဖြစ်စေလိုသူ အမေရိကန်နဲ့ ယေဘူယျအားဖြင့် လက်တွဲလုပ်ဆောင်ခဲ့တယ်လို့ ဆိုရပါ လိမ့်မယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ဝါရှင်တန်ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ RAB ခေါ် လျှပ်တပြက်တုန့်ပြန်ရေး အထူးလုံခြုံရေးတပ်အပေါ် လူ့အခွင့်အရေးချိုးဖောက်မှု၊ တရားလက်လွတ် သတ်ဖြတ်ကြောင်း စွပ်စွဲချက်များနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများကို ချမှတ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် သူတို့ရဲ့အရေးယူမှုကို စံနမူနာယူကြရန် ဝါရှင်တန်ရဲ့ ရှင်းလင်းချက်ဟာ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို တင်းမာစေပြီး ရှိတ်ဟာစီ နာအစိုးရအ တွက်လည်း ရုရှား-တရုတ်တို့နဲ့ ပိုမိုနီးကပ်စေရန် တွန်းပို့လိုက်သလို ဖြစ်သွားရပါတယ်။
ယခုနှစ်ဆန်းပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက လေးကြိမ်မြောက်အဖြစ် ဆက်လက် အာဏာရရှိခဲ့ပါတယ်။ အဓိက BNP နဲ့ အတိုက်အခံပါတီများက သပိတ်မှောက်ခဲ့တဲ့ အဲ့ဒီရွေးကောက်ပွဲဟာ စင်းလုံးချောတော့ မရှိခဲ့ပါဘူး၊ ဇန်နဝါရီ ၇ ရက် ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိကြောင်း အနောက်အုပ်စုက ရှုတ်ချခဲ့ပြီး ပြည်တွင်းမှာလည်း ကန့်ကွက်မှုများ ရှိခဲ့ပါတယ်။
အဲဒီ ရွေးကောက်ပွဲမှာ အနှောက်အယှက်မရှိ ပြန်လည်အရွေးခံလိုလျှင် ဘင်္ဂလာဒေ့ရ်ှပိုင်နက်အတွင်း စစ်စခန်း အခြေစိုက်ခွင့်ပြုခြင်းနဲ့ အပေးအယူလုပ်ရန် အနောက်နိုင်ငံများက သူကို ကမ်းလှမ်းခဲ့တယ်လို့ ပြည်တွင်း ဆန္ဒ ပြပွဲများ ပြင်းထန်လာခြင်း မတိုင်မီ ၁၄ ပါတီ မဟာမိတ်အဖွဲ့အစည်းအဝေးမှာ ရှိတ်ဟာစီနာက ထုတ်ပြောခဲ့ဖူး ပါတယ်။ ဒါပေမယ့် ကမ်းလှမ်းသူဟာ အမေရိကန် ဖြစ်တယ်လို့တော့ အတိအကျ မဆိုခဲ့ပါဘူး။
လေတပ်စခန်းအတွက် အဆိုပြုချက်နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်က “ လူဖြူတစ်ယောက်က ကမ်းလှမ်းခဲ့တယ်” လို့ ဆိုခဲ့ပြီး ဒီကိစ္စရဲ့နောက်ကွယ်မှာ ဖြစ်လာနိုင်ချေရှိတဲ့ ပြဿနာများနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြောင်း တွေ့ မြင်ခဲ့ရပါတယ်။ အပေးအယူကိစ္စကို လက်မခံခဲ့တဲ့အတွက်နဲ့ ဒီအကြောင်း လူသိရှင်ကြား ထုတ်ပြောခဲ့လျှင် တစ်ခုခုဖြစ်လာနိုင်တာကို စောင်းပါးရိပ်ခြည် ပြောပြခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ စစ်အခြေစိုက်စခန်းဖွင့်ဖို့ ပြည်ပ နိုင်ငံတစ်နိုင်ငံကို ခွင့်ပြုရမယ့်ကိစ္စဟာ ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာ သူ သိပါကြောင်း၊ တကယ်လို့ ကမ်း လှမ်းချက်ကို လက်ခံခဲ့လျှင် ယခုလို အစိုးရဆန့်ကျင်ရေး ဆူပူဆန္ဒပြမှုများ ဖြစ်လာနိုင်စရာ မရှိကြောင်း ပြောပြခဲ့ပါတယ်။
စိန့်မာတင်ကျွန်းကိစ္စနဲ့ ပတ်သက်ပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ ပါလီမန်ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်အ လုပ်သမားပါတီ ဥက္ကဌ ရာရှစ်ခန်းမီနွန်ကလည်း ပြောခဲ့ဖူးပါတယ်။ အဲဒီအချိန် အမေရိကန်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအပေါ် ဗီဇာကန့်သတ်ချက်အသစ်ကို ပြဌာန်းစရာရှိကြောင်း ပြောဆိုနေစဉ်ဖြစ်ပါတယ်။ စိန့်မာတင်ကျွန်း ကိစ္စ မကျေနပ်တဲ့ အမေရိကန်ဟာ ဘင်္ဂလားဒေ့ရှ်မှာ အဝါမီလိခ်ပါတီအပေါ် လူထုက ဒေါသထွက်ပြီး အစိုးရ အပြောင်းအလဲဖန်တီးဖို့ နည်းဗျူဟာဖြစ်ကြောင်း စွပ်စွဲခဲ့ပါတယ်။ ၂၀၂၄-ခုနှစ် ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရား မျှတမှု မရှိနိုင်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ဦးချင်းစီအပေါ် ပြည်ဝင်ခွင့် ငြင်း ပယ်လိုက်ကြောင်း စက်တင်ဘာလမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလင်ကင်က ကြေညာခဲ့ပါတယ်။
စိန့်မာတင်ကျွန်းကို “နရီကယ်ဂျင်ဂျီရာ” သို့မဟုတ် “ဒါရူချယ်နီ ဒွစ်” (အုန်းကျွန်း) လို့ ခေါ်ကြပါတယ်။ ဘင်္ဂ လားဒေ့ရှ်ပိုင် ဖြစ်တဲ့ အဲ့ဒီကျွန်းဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အလယ်သံကျော်နဲ့ မျက်နှာချင်းဆိုင်ပင်လယ် ပြင်မှာ တည်ရှိပါတယ်။ ( တရုတ်နဲ့ ပိုမိုနီးစပ်ကြောင်း လူသိများတဲ့ ရခိုင်လက်နက်ကိုင် AA ဟာ ၂၀၁၉ ခုနှစ် NLD အစိုးရလက်ထက် ဘူးသီးတောင်နဲ့ မောင်တောမြို့များရှိ မြန်မာနယ်ခြားစောင့်ကင်းစခန်းများကို ဝင် ရောက်တိုက်ခိုက်ခဲ့ပါတယ်။၂၀၂၃-ခုနှစ်မှာ AA ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်များအပါအဝင် ချင်းပြည်နယ်အတွင်းရှိ အိန္ဒိယ ကုလားတန်စီမံကိန်း အသက်သွေးကြော ပလက်ဝမြို့နယ်များကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။)
အဲဒီဖြစ်ရပ်များဟာ ၂၀၂၃-ခုနှစ် ကော့ခ်ဘဇားမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထမဆုံးရေငုပ်သင်္ဘောအခြေစိုက်စ ခန်း “ဘီအန်အက်စ် ရှိတ်ဟာစီနာ ”ကို ဖွင့်လှစ်ခြင်းများနဲ့ တိုက်ဆိုင်နေပါတယ်။ အဲဒီခေတ်မီရေတပ်စခန်း ဟာ တရုတ်အကူအညီနဲ့ တည်ဆောက်ထားခြင်း ဖြစ်ပြီး ရေငုပ်သင်္ဘော ၆-စင်းနဲ့ စစ်သင်္ဘော ၈-စင်းအထိ တစ်ပြိုင်နက်တည်း ဆိုက်ကပ်နိုင်ပါတယ်။ ဒါကာအနေနဲ့ကတော့ မြန်မာနိုင်ငံမှာ ရေငုပ်သင်္ဘော (၂)စင်းပိုင်ဆိုင် လာပြီဖြစ်တဲ့အတွက် သူ့ရဲ့ ရေပြင်ပိုင်နက်ကာကွယ်ရေးအတွက် လိုအပ်နေပါတယ်။ “ဘင်္ဂလားပင်လယ်အော်အတွင်း ဖြတ်သန်းသွားလာတဲ့ သင်္ဘောများကိုလည်း အကျိုးရှိစေလိမ့်မယ်လို့ ရှိတ်ဟာစီနာက ပြောပါတယ်။ အဓိပ္ပါယ်ကတော့ အနာဂါတ်ကာလ တရုတ်ရေငုပ်သင်္ဘောများလည်း အခြေစိုက်စခန်းမှာ ဆိုက်ကပ်နိုင်တယ် လို့ ဆိုလိုရာရောက်ပါတယ်။ ဒီအတွက် အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်ထောက်လှမ်းရေး သင်္ဘောများကို စောင့်ကြည့်နေတဲ့ အမေရိကန်တွက် စိန့်မာတင်ကျွန်းဟာ ပိုပြီး အရေးကြီးလာပါတယ်။
အိန္ဒိယ၊ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြားမှာ တည်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်ဟာ တရုတ်နဲ့ အမေရိ ကန်တို့ရဲ့ မဟာဗျူဟာမြောက် ပြိုင်ဆိုင်ကြမယ့် ရေပြင်ဖြစ်လာပါတယ်။ တောင်တရုတ်ပင်လယ်နဲ့ မလက္ကာရေ လက်ကြားကို စောင့်ကြည့်ရာမှာ အမေရိကန်အတွက် ဘင်္ဂလားပင်လယ်အော်အတွင်း စစ်အခြေစိုက်စခန်း တစ်ခုခုဟာ အမာခံ ခြေကုတ်သဖွယ် အားဖြည့်ပေးပါလိမ့်မယ်။
ပစိဖိတ်သမုဒ္ဒရာဘက်တစ်ခုတည်းသာ ထွက်ပေါက်ရှိတဲ့ တရုတ်အနေနဲ့လည်း သူရဲ့ ရေကြောင်းပထဝီဝင်အား နည်းချက်ကို သိရှိနားလည်ပြီး ဘင်္ဂလားပင်လယ်အော်အတွင်း ဝင်ရောက်ရန် အချိန်အတော်ကြာ ကြိုးပမ်းနေခဲ့ ပါတယ်။ ( မြန်မာနိုင်ငံ တရုတ်နဲ့ထိစပ်နေတဲ့ ရှမ်းမြောက်ဒေသမြို့ကြီးအတော်များများဟာ ပေကျင်းက သြဇာ ညောင်းတဲ့ မြောက် ၃-ဖွဲ့လက်တွင်း ကျရောက်နေပြီး ရခိုင်ကမ်းရိုးတန်းအလယ်ပိုင်းအထိ AA က စိုးမိုးထားပါ တယ်။) ဘင်္ဂလားပင်လယ်အော်အတွင်း တရုတ်ဝင်ရောက်ဖို့ အဆင်ပြေနေတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ရှိတ်ဟာစီနာ ထွက်ပြေးသွားရပြီးနောက် အပြောင်းအလဲ ဖြစ်ဖွယ်ရှိပါတယ်။
တရုတ်နဲ့ တရားဝင်စစ်ခင်းခဲ့ဖူးပြီး လောလောဆယ်မှာလည်း နယ်ခြားအငြင်းပွားမှုများကြောင့် ဆက်ဆံရေး တင်းမာနေရတဲ့ အိန္ဒိယအတွက်ကတော့ ပေကျင်းရဲ့ နောက်ဖေးထွက်ပေါက်မှာ အမေရိကန်ရောက်လာမယ့်အ ရေးဟာ သူ့ဘက်က ကြည့်ရင် ကျေနပ်စရာကြီးပဲ ဖြစ်ပါတယ်။
(လွန်ခဲ့တဲ့ ဇူလိုင် ၃၁ ရက် ဟိုင်ဂင်တွေ့ဆုံပွဲကို တက်ရောက်ရန် နစကဘက်က ဖျက်သိမ်းလိုက်ပြီးနောက် သြဂုတ်လ ၈-ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွမ်းဟာ နေပြည်တော်ကို ရောက်ရှိလာပါတယ်။ အဲ့ဒီရက် မတိုင်မီ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ လားရှိုးမြို့၊ မိုးကုတ်နဲ့ စဉ့်ကူးမြိုများကို တပ်မတော်က လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။
တိန့်ရှီကျွမ်း ပြန်သွားပြီးနောက် တပ်မတော်ရဲ့ လောက်ကိုင်၊ သိန္တွီ၊ ကွတ်ခိုင်မြို့များကို ဗုံးကြဲတိုက်ခိုက်နေခြင်း လည်း ရပ်ဆိုင်းသွားကြောင်း တွေ့ရပါတယ်။ ဒါပေမယ့် ဆန့်ကျင်ဘက်လက်နက်ကိုင်များရဲ့ မြေပြင်ထိုး စစ် များကတော့ ရပ်တန့်သွားခြင်း မရှိပါဘူး၊ နောင်ချို ကျောက်မဲ သီပေါမြို့နယ်များအတွင်း တပ်စခန်းများကို အရှိန်မြှင့်တိုက်ခိုက်လာပြီး ကျောက်ဆည်လွင်ပြင် တောင်ဘက်ဝင်ထွက်ပေါက် နွားထိုးကြီးကို သိမ်းယူရန် ကြိုးစားခြင်းဖြင့် မန္တလေးနဲ့ ပြင်ဦးလွင်တို့ကို ခြိမ်းခြောက်လာပါတယ်။ ။သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်သည်)
(Euro Asia Times., 11 Aug 2024,” US-China ‘Great Game’: Beijing’s Plan To Control World’s Largest ‘Bay Of Bengal’ Shattered By Hasina’s Exit?” ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မာဒူရိုအနေဖြင့် ဗင်နီဇွဲလားသမ္မတရာထူးအား အတိုက်အခံခေါင်းဆောင်ထံ လွှဲပြောင်းပေးမည်ဆိုပါက လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု အမေရိကန် ကမ်းလှမ်း
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း