ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဝန်ကြီးချုပ်ရှိတ်ဟာစီနာ၏ ဆန္ဒပြပြည်သူများအပေါ် ဖိနှိပ်ရန် တောင်းဆိုချက်များကို ဖီဆန်ခဲ့ကြောင်း သိရ
ALynn (NSS) - ဩဂုတ် ၇
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ နိုင်ငံမှ ရုတ်တရက် မထွက်ပြေးမီညက ၎င်းနှင့် စစ်ဦးစီးချုပ်တို့တွေ့ဆုံခဲ့ပြီး စစ်တပ်အနေဖြင့် အရပ်သားများ ညမထွက်ရအမိန့်ကို လိုက်နာရန် ပစ်ခတ်ခြင်းပြုလုပ်သွားမည် မဟုတ်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်ဟု စစ်တပ်မှအရာရှိ နှစ်ဦးက Reuters သို့ ပြောကြားခဲ့သည်။ ဗိုလ်ချုပ်ကြီး Waker-Uz-Zaman သည် ဟာစီနာ၏ ရုံးခန်းသို့ ရောက်ရှိလာပြီး ၎င်း၏ စစ်သားများသည် သူမတောင်းဆိုသော lockdown ကို အကောင်အထည် မဖော်နိုင်တော့ကြောင်း ဝန်ကြီးချုပ်ထံ ပြောကြားခဲ့သည်ဟု သိရသည်။
စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များအကြား တွေ့ဆုံမှုအသေးစိတ်နှင့် ဟာဆီနာအား စစ်တပ်၏ ကျောထောက်နောက်ခံပေးမှု မရှိတော့ကြောင်း သတင်းအချက်အလက်ကို ယခင်က အစီရင်ခံ ဖော်ပြခဲ့ခြင်း မရှိပေ။ Reuters သည် Hasina ၏နောက်ဆုံး ၄၈ နာရီ ရာထူးသက်တမ်းအတွင်း အဖြစ်အပျက်များနှင့် ရင်းနှီးသူ ၁၀ ဦးအား တွေ့ဆုံမေးမြန်းခဲ့သည်။ ၎င်းတို့ထဲမှ အများစုသည် အဆိုပါ ကိစ္စ၏ ထိလွယ်ရှလွယ်အခြေအနေကြောင့် အမည်မဖော်လိုကြောင်း ပြောဆိုခဲ့ကြသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၅ နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်ကိုအုပ်စိုးခဲ့သော ဟာစီနာသည် အတိုက်အခံ ခေါင်းဆောင်များနှင့်အလုပ်သမားထောင်ပေါင်းများစွာကိုဖမ်းဆီးပြီးနောက် ဇန်နဝါရီလတွင် လူဦးရေ သန်း ၁၇၀ ကို ဦးဆောင်မည့် စတုတ္ထသမ္မတသက်တမ်းအတွက်ရွေးကောက်ခံခဲ့သည်။ ထိုရွေးကောက်ပွဲကို သူမ၏ အဓိကပြိုင်ဘက်များက သပိတ်မှောက်ခဲ့သည်။
မြင့်မားသောလူငယ်အလုပ်လက်မဲ့များကြားတွင် အစိုးရအလုပ်နေရာ ခွဲတမ်းချထားပေးမှု နည်းပါးသည့်ဆုံးဖြတ်ချက်ကြောင့် သူမ၏အာဏာ ဆုပ်ကိုင်ထားမှုအပေါ် စိန်ခေါ်မှုများ ရှိလာခဲ့သည်။ ဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုက်သော်လည်း ဆန္ဒပြမှုများသည် ဟာဆီနာကို ဖြုတ်ချရန် လှုပ်ရှားမှုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ ဗိုလ်ချုပ်ကြီး Zaman သည် ဟာဆီနာအား ထောက်ခံမှုကို ရုပ်သိမ်းရန် ၎င်း၏ ဆုံးဖြတ်ချက်ကို လူသိရှင်ကြား မဖော်ပြခဲ့ပေ။ သို့သော် ဆန္ဒပြမှုများ၏ အတိုင်းအတာနှင့် အနည်းဆုံး သေဆုံးသူ ၂၄၁ ဦးရှိလာခြင်းတို့ကြောင့် ဟာဆီနာအား ထောက်ပံ့ခြင်း မပြုလိုတော့ကြောင်း ဘင်္ဂလားဒေ့ရှ် စစ်တပ်မှ အကြီးတန်း အရာရှိဟောင်း သုံးဦးက Reuters သို့ ပြောကြားခဲ့သည်။
ဗိုလ်ချုပ်က ပြည်သူများ၏ အသက်အန္တရာယ်ကို ကာကွယ်ရမည်ဟု ကြေညာပြီး စိတ်ရှည် သည်းခံရန် ၎င်း၏ အရာရှိများကို တောင်းဆိုခဲ့ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ချောင်ဒရီက ပြောကြားခဲ့သည်။ ယင်းမှာ ဘင်္ဂလားဒေ့ရှ်စစ်တပ်၏ အကြမ်းဖက်ဆန္ဒပြပွဲများကို အတင်း အကျပ် ဖြိုခွင်းမည်မဟုတ်ကြောင်း ပထမဆုံး အရိပ်အယောင်ပြခြင်းဖြစ်ခဲ့ပြီး ဟာဆီနာကို အထိ နာစေခဲ့သည်။ ဗိုလ်မှူးချုပ် Mohammad Shahedul Anam Khan ကဲ့သို့သော အငြိမ်းစား အကြီးတန်းစစ်သားများသည်ပင် တနင်္လာနေ့တွင် ညမထွက်ရအမိန့်ကို ဖီဆန်ပြီး လမ်းများပေါ်သို့ ထွက်ခဲ့ကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံခြားငွေကြေးကစားနေသူများ နှင့် ဟွန်ဒီလုပ်ငန်း ဆောင်ရွက်နေသူ (၉၃)ဦးကို စိစစ်အရေးယူနေဟု ဗဟိုဘဏ်ဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း