အစ္စရေးနိုင်ငံကို တိုက်ရိုက်တိုက်ခိုက်ဖို့ အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အမိန့်ပေး
ဂျန်ဇက် (NSS) - ဩဂုတ် ၁
အီရန်နိုင်ငံရဲ့အမြင့်ဆုံး ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက အီရန်နိုင်ငံအတွင်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် အစ္စမေးလ် ဟာနီယက် လုပ်ကြံအသတ်ခံရမှုတွေကို လက်တုံ့ပြန်နိုင်ဖို့ အစ္စရေးနိုင်ငံကို တိုက်ရိုက်တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်ကြောင်း အမေရိကန် အခြေစိုက်နယူးယောက်တိုင်းမ် သတင်းဌာနက ဖော်ပြထားပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် အစ္စမေးလ်ဟာနီယက်ဟာ ဇူလိုင် ၃၀ ရက်နေ့က အီရန်နိုင်ငံမှာကျင်းပတဲ့ သမ္မတအသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်လာချိန်အတွင်း လေကြောင်းကနေ လုပ်ကြံတိုက် ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့ နံနက်ပိုင်းမှာ အီရန်နိုင်ငံရဲ့အမြင့်ဆုံးအမျိုးသား လုံခြုံရေးကောင်စီအစည်းအဝေးကို ကျင်းပခဲ့ပြီးနောက် အယာတိုလာခါမေနီဟာ အစ္စရေးနိုင်ငံကိုတိုက်ခိုက်ဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဂါဇာစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အီရန်နဲ့ အစ္စရေးနိုင်ငံကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ဖူးကြောင်းသိရပါတယ်။
အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်က "ကျွန်တော်တို့ အိမ်ကိုလာရောက်လည်ပတ်တဲ့ ဧည့်သည်လုပ်ကြံခံရမှုတွေအတွက် လက်စားချေဖို့ ပြန်လည်စဉ်းစားရမယ်။"လို့ ပြောပါတယ်။ အစ္စရေးနိုင်ငံကတော့ အဲဒီလုပ်ကြံမှုနဲ့ပတ်သက်ပြီး ငြင်းဆန်ခြင်း၊ ဝန်ခံခြင်းမျိုးမရှိသေးကြောင်း သိရပါတယ်။ အစ္စရေးဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကို ရင်ဆိုင်ခဲ့ရပြီးနောက် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကိုသုတ်သင်ဖို့ ပစ်မှတ်ထားနေခဲ့ကြောင်းသိရပါတယ်။ အစ္စရေးဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကို ရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်း ဂါဇာဒေသကို တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်းလူမျိုး အနည်းဆုံး (၄)သောင်းနီးပါး သေဆုံးခဲ့ရကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၃)နှစ်ကျော်ကာလအတွင်း PDF အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ/ နိုင်ငံဝန်ထမ်း(၇၂၀၀)ကျော် သေဆုံးခဲ့ရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း