စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေးအတွက် သိုလှောင်ဖြန့်ဖြူးလျက်ရှိသည့်အပြင် ပြည်ပမှဆီတင်သင်္ဘောများဝင်ရောက်ရန် ရှိဟုဆို
ယွန်း(NSS) - သြဂုတ် ၁
စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေးအတွက် သိုလှောင်ဖြန့်ဖြူးလျက်ရှိသည့်အပြင် ပြည်မှစက်သုံးဆီတင်သင်္ဘောများဝင်ရောက်ရန် ဆောင်ရွက်ထားခြင်းကြောင့် စက်သုံးဆီပြတ်လပ်မှုမရှိနိုင်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယနေ့(သြဂုတ် ၁ ရက်)တွင် မီဒီယာများကို အသိပေးထားသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သီလဝါဆိပ်ကမ်းဒေသရှိ သိုလှောင်စခန်းများတွင် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ဒုတိယပတ်ကုန်အထိ စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ကြိုတင်သိုလှောင်ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ပြည်ပမှစက်သုံးဆီတင်သင်္ဘောများဖြင့်လည်း စဥ်ဆက်မပြတ် ဝင်ရောက်ရန် စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။
နိုင်ငံအနှံ့အပြားတွင် ဇူလိုင်လလယ်ခန့်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းပြီး နေရာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေခြင်းကြောင့် သီလဝါဆိပ် ကမ်းရှိ Terminal များ၌ ပုံမှန်လုပ်ငန်းဆောင်ရွက်မှုများ အနည်းငယ်နှောင့် နှေးကြန့်ကြာခြင်း၊ ဆီတင်ယာဥ်များဖြင့် ဒေသအနှံ့အပြားသို့ ပို့ဆောင်ရာ တွင် လမ်းခရီးအခြေအနေများအရ နှောင့်နှေးကြန့်ကြားမှုများရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အရောင်းဆိုင်အချို့တွင် ဆီတင်ယာဥ်မရောက်မီ စက်သုံးဆီအချို့ ယာယီပြတ်လပ်မှုမဖြစ်စေရေးအတွက် ထိန်းသိမ်းရောင်းချစေလျက်ရှိပြီး လိုအပ်ပါက Urgent အစီအစဥ်ဖြင့် ဖြည့်တင်းပေးခြင်းများကို ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်သိမ်းထားသည့် အရောင်းဆိုင်များသို့ ပေးပို့နေသည့် စက်သုံးဆီများကို လိုအပ်သည့် အရောင်းဆိုင်များသို့ ရွှေ့ပြောင်းချယူစေခြင်းများကိုလည်း စီ စဥ် ဆောင်ရွက်နေကြောင်း ဝန်ကြီးဌာနက ဆိုထားသည်။
သို့ဖြစ်၍ ပြည်သူများအနေဖြင့် မကြာမီစက်သုံးဆီပြတ်လပ်မည်ဆိုသည့် ကောလာဟလသတင်းများကြောင့် စိုးရိမ်မှုများဖြင့် စက်သုံးဆီများကို လိုအပ်သည်ထက် ပိုဝယ်ခြင်း၊ သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်၍ တစ်ဆင့်ပြန်လည်ရောင်းချခြင်းများမပြုရန် ထည့်သွင်းအသိပေးထားသည်။
အလားတူ အရောင်းဆိုင်များကိုလည်း စက်သုံးဆီရှိလျက် ရောင်းချမပေးခြင်းမျိုးမပြုလုပ်စေရန် စိစစ်ကြပ်မတ်နေခြင်းကြောင့် လက်ရှိအခြေအနေများအရ စက်သုံးဆီပြတ်လပ်နိုင်မှု မရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနက အသိပေးပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Botany နှင့် zoology တက္ကသိုလ်ကျောင်းသား/သူများက မျိုးစိတ်အသစ်များကို ရှာဖွေမှတ်တမ်းတင်သင့်ကြောင်း အကြံပြု
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း