မက္ကဆီကိုရှိ ရှေးဟောင်းနေရာတစ်ခုအနီးမှာ မီးပုံးပျံ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် လူနှစ်ဦး သေဆုံး
ရောင်နီ (NP News) - ဧပြီ ၃
မက္ကဆီကိုနိုင်ငံရဲ့ နာမည်ကြီး ထရိုတီဟူရာကမ် ရှေးဟောင်းသုတေသနနေရာအနီးမှာ ပျံသန်းလာနေတဲ့ အပျော်စီး မီးပုံးပျံတစ်လုံး မီးလောင်ခဲ့ခြင်းကြောင့် လူနှစ်ဦး သေဆုံးခဲ့တယ်လို့ အစိုးရက စနေနေ့(ဧပြီလ ၁ ရက်)မှာ ပြောကြားခဲ့ပါတယ်။
မီးပုံးပျံနဲ့အတူ လိုက်ပါလာတဲ့ ခရီးသည်တွေဟာ မီးပုံးပျံပေါ်ကနေ ခုန်ချခဲ့ကာ ဘေးလွတ်ရာ ရှောင်တိန်းခဲ့ပေမယ့် လူ ၂ ဦး သေဆုံးပြီး ကလေးငယ်တစ်ဦး မီးလောင်ဒဏ်ရာ ရရှိခဲ့ကြောင်း မက္ကဆီကို ပြည်နယ်အစိုးရမှ ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။
သေဆုံးသူများမှာ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးနဲ့ အသက် ၅ဝ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ပြီး အမည်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။ ဒဏ်ရာရရှိတဲ့ ကလေးငယ်ဟာ မျက်နှာမှာ ဒုတိယအဆင့် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကာ ညာဘက်ခြေခုံရိုးကျိုးသွားခဲ့ကြောင်း သိရပါတယ်။ မီးပုံးပျံပေါ်မှာ ခရီးသည်မည်မျှ လိုက်ပါလာတယ်ဆိုတာ ရှင်းလင်းစွာ မသိရသေးပါဘူး။ မက္ကဆီကိုစီးတီးရဲ့ အရှေ့မြောက်ဘက် ကီလိုမီတာ ၇ဝ ခန့်အကွာမှာတည်ရှိတဲ့ ထရိုတီဟူရာကမ် ရှေးဟောင်းနေရာဟာ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်လေ့ရှိတဲ့ ခရီးသွားနေရာတစ်ခုဖြစ်ပြီး လာရောက်သူတွေကို အမေရိကန် ဒေါ်လာ ၁၅ဝ နဲ့ မီးပုံးပျံစီးနင်းဖို့ ကမ်းလှမ်းလေ့ ရှိပါတယ်။
ထရိုတီဟူရာကမ် ရှေးဟောင်းနေရာဟာ Pyramids of the Sun and the Moon နဲ့ Avenue of the Dead စတဲ့ ရှေးဟောင်းဆိုက်များနဲ့ ခေတ်ပြိုင်ဖြစ်ပြီး နာမည်ကျော် ခရီးသွားနေရာတစ်ခုဖြစ်ပါတယ်။
zawgyi version
မကၠဆီကိုရွိ ေရွးေဟာင္းေနရာတစ္ခုအနီးမွာ မီးပုံးပ်ံ မီးေလာင္မႈျဖစ္ပြားခဲ့ျခင္းေၾကာင့္ လူႏွစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ဧၿပီ ၃
မကၠဆီကိုႏိုင္ငံရဲ႕ နာမည္ႀကီး ထ႐ိုတီဟူရာကမ္ ေရွးေဟာင္းသုေတသနေနရာအနီးမွာ ပ်ံသန္းလာေနတဲ့ အေပ်ာ္စီး မီးပုံးပ်ံတစ္လုံး မီးေလာင္ခဲ့ျခင္းေၾကာင့္ လူႏွစ္ဦး ေသဆုံးခဲ့တယ္လို႔ အစိုးရက စေနေန႔(ဧၿပီလ ၁ ရက္)မွာ ေျပာၾကားခဲ့ပါတယ္။
မီးပုံးပ်ံနဲ႔အတူ လိုက္ပါလာတဲ့ ခရီးသည္ေတြဟာ မီးပုံးပ်ံေပၚကေန ခုန္ခ်ခဲ့ကာ ေဘးလြတ္ရာ ေရွာင္တိန္းခဲ့ေပမယ့္ လူ ၂ ဦး ေသဆုံးၿပီး ကေလးငယ္တစ္ဦး မီးေလာင္ဒဏ္ရာ ရရွိခဲ့ေၾကာင္း မကၠဆီကို ျပည္နယ္အစိုးရမွ ထုတ္ျပန္ခ်က္မွာ ေျပာၾကားခဲ့ပါတယ္။
ေသဆုံးသူမ်ားမွာ အသက္ ၃၉ ႏွစ္အ႐ြယ္ အမ်ိဳးသမီးနဲ႔ အသက္ ၅ဝ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးတို႔ျဖစ္ၿပီး အမည္ေတြကိုေတာ့ ထုတ္ေဖာ္ေျပာဆိုျခင္း မရွိခဲ့ပါဘူး။ ဒဏ္ရာရရွိတဲ့ ကေလးငယ္ဟာ မ်က္ႏွာမွာ ဒုတိယအဆင့္ မီးေလာင္ဒဏ္ရာမ်ား ရရွိခဲ့ကာ ညာဘက္ေျခခုံ႐ိုးက်ိဳးသြားခဲ့ေၾကာင္း သိရပါတယ္။ မီးပုံးပ်ံေပၚမွာ ခရီးသည္မည္မွ် လိုက္ပါလာတယ္ဆိုတာ ရွင္းလင္းစြာ မသိရေသးပါဘူး။ မကၠဆီကိုစီးတီးရဲ႕ အေရွ႕ေျမာက္ဘက္ ကီလိုမီတာ ၇ဝ ခန႔္အကြာမွာတည္ရွိတဲ့ ထ႐ိုတီဟူရာကမ္ ေရွးေဟာင္းေနရာဟာ ကမာၻလွည့္ခရီးသည္မ်ား လာေရာက္လည္ပတ္ေလ့ရွိတဲ့ ခရီးသြားေနရာတစ္ခုျဖစ္ၿပီး လာေရာက္သူေတြကို အေမရိကန္ ေဒၚလာ ၁၅ဝ နဲ႔ မီးပုံးပ်ံစီးနင္းဖို႔ ကမ္းလွမ္းေလ့ ရွိပါတယ္။
ထ႐ိုတီဟူရာကမ္ ေရွးေဟာင္းေနရာဟာ Pyramids of the Sun and the Moon နဲ႔ Avenue of the Dead စတဲ့ ေရွးေဟာင္းဆိုက္မ်ားနဲ႔ ေခတ္ၿပိဳင္ျဖစ္ၿပီး နာမည္ေက်ာ္ ခရီးသြားေနရာတစ္ခုျဖစ္ပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းစစ်ပွဲမှာပါဝင်နေတဲ့ ရုရှားစစ်သားများအတွက် အထူးရန်ပုံငွေဖန်တီးတည်ထောင်ပေးခဲ့ဟု သမ္မတပူတင်ပြော
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း