၀န်ကြီးချုပ် မိုဒီ ရုရှားကို ဘာကြောင့်သွားခဲ့တာလဲ (ဘာသာပြန်ဆောင်းပါး)
သန်းထိုက်စိုး (NSS) - ဇူလိုင် ၃၁
လက်ရှိ ကမ္ဘာ့အကျပ်အတည်းများထဲတွင် ရုရှား-ယူကရိန်းပဋိပက္ခသည် ကမ္ဘာ့နိုင်ငံများအပေါ် ရိုက်ခတ်မှုအကြီးမားဆုံးဟုဆိုနိုင်သည်။ အဆိုပါ အကျပ်အတည်းနှင့်ပတ်သက်၍ ရုရှားနိုင်ငံက ယူက ရိန်းကို ကျူးကျော်တိုက်ခိုက်သည်ဟုဆိုကာ ပြစ်တင် ရှုတ်ချသည့်အုပ်စုနှင့် ပြစ်တင်ရှုတ်ချခြင်းမရှိသည့် အုပ်စုဟူ၍ အုပ်စုနှစ်စုကွဲပြားနေသည်။ ရုရှားနိုင်ငံကို ပြစ်တင်ရှုတ်ချခြင်းမရှိသည့်အုပ်စုထဲတွင် အိန္ဒိယနိုင် ငံလည်းအပါအဝင်ဖြစ်သည်။ အိန္ဒိယ ဝန်ကြီးချုပ်မိုဒီ သည် တတိယသက်တမ်း ရွေးချယ် တင်မြှောက်ခံရပြီး နောက် ရုရှားနိုင်ငံသို့သွားရောက်ခဲ့ရာ အနောက်နိုင်ငံ များက အလေးထားစောင့်ကြည့် ခဲ့ရသည့်ခရီးစဉ်တစ် ခုဖြစ်ခဲ့သည်။ အမေရိကန်နှင့်ယူကရိန်းနိုင်ငံတို့သည် ဝန်ကြီးချုပ်မိုဒီ၏ခရီးစဉ်အပေါ် ပြစ်တင်ဝေဖန်ခဲ့ကြသည်။
အိန္ဒိယနိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ခိုင်မာသည့် ဆက်ဆံရေး ဆက်လက်ထားရှိခြင်းဖြင့် အခွင့်အလမ်း ရရှိနိုင်မည်မဟုတ်ကြောင်း အမေရိကန်အမျိုးသား လုံခြုံရေးအကြံပေးJake Sullivan က သတိပေး ပြောဆိုခဲ့သည်။ အလားတူ အမေရိကန်နိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ဆက်ဆံရေးအပေါ် စိုးရိမ်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ်Matthew Miler ကလည်း ပြောဆိုခဲ့သည်။ ထို့ပြင် အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိ ကန်သံအမတ်ကြီး Eric Garcetti ကလည်း အိန္ဒိယ နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် မိတ်ဆွေဖြစ်မှုကို တန်ဖိုးတစ်စုံတစ်ရာမထားဘဲမရနိုင်ဟု သတိပေး ပြောဆိုခဲ့သည်။ ယူကရိန်းသမ္မတ ဇဲလန်းစကီးက လည်း ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှ ခေါင်းဆောင်တစ်ဦးအနေဖြင့် သမ္မတပူတင်ကို ဖက် လဲတကင်း ပွေ့ဖက်နှုတ်ဆက်နေသည်ကို တွေ့မြင်ရ သည်မှာ ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုအပေါ် ကြီးမားသည့်ထိုးနှက်ချက်တစ်ခုအဖြစ် ခံစားရသည့်အတွက် များစွာစိတ်ပျက်ရသည်ဟု ၎င်း၏ တွစ်တာ စာမျက်နှာတွင် ရင်ဖွင့်ခဲ့သည်။
ဝန်ကြီးချုပ်မိုဒီ၏ရုရှားခရီးစဉ်သည် အမေရိ ကန်နှင့် အိန္ဒိယနိုင်ငံတို့၏ ဆက်ဆံရေးကို ထိခိုက် စေနိုင်သည်ဟု ယူဆချက်များလည်းရှိသည်။ သို့ သော် ဝန်ကြီးချုပ်မိုဒီကလည်း သူ့တွက်ကိန်းနှင့်သူ ရှိပြီးဖြစ်ပါလိမ့်မည်။ ဝန်ကြီးချုပ်မိုဒီအနေဖြင့် အမေ ရိကန်နိုင်ငံနှင့်ဆက်ဆံရေးတွင် နှစ်အတော်ကြာ အ တွေ့အကြုံရရှိပြီးချိန်တွင် ရုရှားနိုင်ငံနှင့် ဆက်ဆံရေး ကိုလည်း ဆက်လက်ထိန်းသိမ်းရန်အတွက် မော်စကို သို့ သွားရောက်ခဲ့ခြင်းဖြစ်ပုံရသည်။ ဝန်ကြီးချုပ်မိုဒီ သည် လွန်ခဲ့သည့်ဆယ်စုနှစ် တစ်စုကျော်ကာလ အတွင်း ရုရှားနိုင်ငံသို့(၆)ကြိမ်သွား ရောက်ခဲ့ဖူးသကဲ့ သို့ သမ္မတပူတင်နှင့် အနည်းဆုံး (၁၇)ကြိမ် တွေ့ဆုံခဲ့ ဖူးသည်။ အနောက်နိုင်ငံများထဲတွင် အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာမြောက်မိတ်ဖက်ဟု ဆိုရမည့် အမေရိကန်နိုင်ငံသည် ဝန်ကြီးချုပ်မိုဒီကို သမ္မတပူတင်အပေါ် ၎င်း၏ ဩဇာကိုအသုံးချပြီး ယူကရိန်းကိုတိုက်ခိုက်မှု အဆုံးသတ်ရန် ဖိအားပေးစေလိုပုံရသည်။ ဝန်ကြီး ချုပ်မိုဒီအနေဖြင့် ရုရှားကိုဖိအားပေးရာတွင် လုံလောက်သည့်အားစိုက်ထုတ်မှုမရှိဟု အနောက်နိုင်ငံ များက ယုံကြည်နေကြသည်။
လေ့လာသူများ၏အဆိုအရ အိန္ဒိယနိုင်ငံသည် ၎င်းကျင့်သုံးနေသည့် နိုင်ငံစုံဆက်ဆံရေးကို ဆက် လက်ကိုင်စွဲနိုင်စွမ်းရှိကြောင်း ပြသလိုခြင်းဖြစ်သကဲ့သို့ လာမည့် နိုဝင်ဘာရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့် ပြန်လည်အနိုင်ရရှိလာပြီး ရုရှားအပေါ် ထားရှိသည့်သဘောထားမှာလည်း ပျော့ပျောင်းလာ လိမ့်မည်ဟု တွက်ဆထားပုံရသည်။ ဝန်ကြီးချုပ်မိုဒီ သည် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ကျွနု်ပ်၏ မိတ်ဆွေဟုပင်ခေါ်ဆိုခဲ့ဖူးသည်။ ခေတ်စကားနှင့်ဆိုရ လျှင် ဝန်ကြီးချုပ်မိုဒီသည် သမ္မတဟောင်း ဒေါ်နယ် ထရမ့်နှင့် ရင်ဘတ်ချင်းနီးသည်ဟု ဆိုရမည်ဖြစ်သည်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် မကြာသေး မီရက်ပိုင်းအတွင်းက သေနတ်သမားတစ်ဦး၏ ပစ် ခတ်လုပ်ကြံခြင်းခံခဲ့ရပြီး ၎င်း၏နားရွက်ကို ရှပ်၍ထိ မှန်ခဲ့သည်။ အဆိုပါလုပ်ကြံမှုနှင့်ပတ်သက်၍ ကမ္ဘာ့သတင်းမီဒီယာများတွင် အရေးတယူဖော်ပြခဲ့သည်။ ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ပြစ်တင်ရှုတ်ချ ကြောင်း ဝန်ကြီးချုပ်မိုဒီက ၎င်း၏တွစ်တာ စာမျက်နှာ တွင်ဖော်ပြခဲ့သည်။ ခေါင်းဆောင်နှစ်ဦးတို့သည် လွန် ခဲ့သည့်နှစ်အနည်းငယ်အတွင်းက ပူးတွဲဆောင်ရွက် သည့် public events များကို ပူးတွဲ ကျင်းပခဲ့ကြဖူးသည်။ ဝန်ကြီးချုပ်မိုဒီအစိုးရအနေဖြင့် နိုဝင်ဘာရွေးကောက်ပွဲအပြီးတွင် သမ္မတဟောင်း ဒေါ်နယ်ထရမ့် အာဏာပြန်ရလာလိမ့်မည်ဟု ယုံကြည်မှုမြင့်မားနေ ခြင်းဖြစ်သည်ဟု အိန္ဒိယအစိုးရအရာရှိတစ်ဦးကလည်းပြောသည်။ သေနတ်ပစ်ခံရပြီးနောက် သမ္မတ ဟောင်းဒေါ်နယ်ထရမ့်၏ပုံရိပ်မှာလည်း ပိုမိုမြင့်တက် လာခဲ့သည်။ မျက်နှာတွင် သွေး စွန်းနေသည့်အချိန် မှာပင် လေထဲတွင် လက်သီးဆုပ်ပြခဲ့ခြင်းသည်ပင် ၎င်းကို လူထုထောက်ခံမှု ပိုမိုမြင့်တက်စေခဲ့သည်ဟု စစ်တမ်းအချို့ကဆိုသည်။
လေ့လာသူများ၏အဆိုအရ သမ္မတဟောင်း ဒေါ်နယ်ထရမ့် တစ်ကျော့ပြန်သမ္မတဖြစ်လာခဲ့ပါက ရုရှားကိုအကြောင်းပြုပြီး အိန္ဒိယနိုင်ငံအပေါ်ပေးနေ သည့်ဖိအားများ လျော့ကျလာနိုင်သည်ဟုဆိုသည်။ ဒေါ်နယ်ထရမ့် တစ်ကျော့ပြန်သမ္မတဖြစ်လာပါက ရုရှား-အိန္ဒိယ ဆက်ဆံရေးအပေါ် အာရုံစိုက်နေမည် မဟုတ်ဟု Albany တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခတစ်ဦးဖြစ်သူ Christopher Clary က သုံးသပ်သည်။ ဒေါ်နယ်ထရမ့်၏ ပထမသက်တမ်း ကာလကလည်း အမေရိကန်၏ပြိုင်ဘက် တရုတ်နိုင်ငံ အပေါ်တွင်သာ မဟာဗျူဟာမြောက် အာရုံစိုက်ခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံကလည်း တရုတ်နိုင်ငံကို မူအားဖြင့် ခြိမ်းခြောက်မှုအဖြစ် ယူဆထားသည်။
သေချာသည်မှာ အိန္ဒိယ-ရုရှား ဆက်ဆံရေး သည် ရှည်လျားသည့်သမိုင်းကြောင်းရှိထားပြီးဖြစ် သည်။ အိန္ဒိယနိုင်ငံသည် စစ်အေးခတ်ကာလအ တောအတွင်း ဆိုဗီယက်ပြည်ထောင်စုခေတ်ကတည်း က ရုရှားနှင့်ဆက်ဆံရေးရှိခဲ့ခြင်းဖြစ်သည်။ ရုရှားနိုင်ငံ ကလည်း အိန္ဒိယနိုင်ငံနှင့်ဆက်ဆံရေးကို ပိုနေမြဲကျား နေမြဲအတိုင်း ဆက်လက်ထိန်းသိမ်းထားခဲ့သည်။ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါကလည်း ရုရှား နိုင်ငံသည် အိန္ဒိယနိုင်ငံအတွက် လက်နက်နှင့်အခြား ကာကွယ်ရေးပစ္စည်းများ အဓိက ထောက်ပံ့ပေးသည့် နိုင်ငံဖြစ်သည်။ အထူးသဖြင့် MIG နှင့်Sukhoi ဖိုက်တာဂျက်လေယာဉ်မှ S-400 မစ်ဆိုင်းဖျက် ကာကွယ်ရေးစနစ်များအထိ အိန္ဒိယနိုင်ငံကို ရောင်း ချပေးခဲ့သည်။ အိန္ဒိယနိုင်ငံသည် ရုရှား-ယူကရိန်း စစ်ပွဲ စတင်ချိန်ကတည်းက ရုရှား ရေနံများကို သိသိ သာသာ တိုးမြှင့်ဝယ်ယူခဲ့သည်။ အိန္ဒိယနိုင်ငံသည် ယခုအခါ ရုရှားနိုင်ငံ၏ ရေနံအများဆုံးဝယ်ယူသည့် နိုင်ငံလည်းဖြစ်သည်။ ထိုသို့သော ရေနံဝယ်ယူမှုများ ကြောင့် အိန္ဒိယ-ရုရှား စုစုပေါင်း ကုန်သွယ်မှုပမာဏ မှာလည်း လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် (၁၀) ဘီလျံသာရှိခဲ့ရာမှ ယခုအခါ (၆၃) ဘီလျံအထိ ခုန်တက်သွားခဲ့ပြီ ဖြစ်သည်။
ထိုသို့သော ရေနံဝယ်ယူမှုများကြောင့် အနောက် နိုင်ငံများ၏ ဖိအားနှင့်ဝေဖန်မှုများကို တွေ့ကြုံခဲ့ရ သည်။ အိန္ဒိယနိုင်ငံ၏ ရေနံဝယ်ယူမှုကြောင့် ရရှိသည့် ဘဏ္ဍာရေးအရင်းအမြစ်သည် ရုရှားအတွက် အ ထောက်အပံ့ဖြစ်စေသည်ဟု စွပ်စွဲပြောဆိုခဲ့ကြသည်။ အိန္ဒိယနိုင်ငံကမူ ဝေဖန်စွပ်စွဲမှုကိုပယ်ချခဲ့ပြီး ရုရှား ရေနံများဝယ်ယူခြင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းကို ပင် တည်ငြိမ်စေသည်ဟုတုံ့ပြန်ခဲ့သည်။ အိန္ဒိယနိုင် ငံအနေဖြင့် မိမိနိုင်ငံ၏အမျိုးသားအကျိုးစီးပွားနှင့် လွတ်လပ်သည့် နိုင်ငံခြားရေးမူဝါဒကို ချမှတ်ကျင့်သုံး နေခြင်းဖြစ်သည်ဟုလည်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ဝန်ကြီးချုပ်မိုဒီ၏ ရုရှားခရီးစဉ်မှာ ယူကရိန်းသမ္မတ ဇဲလန်းစကီး နေတိုးထိပ်သီးအစည်းအဝေးတက် ရောက်ရန် အမေရိကန်နိုင်ငံသို့ မသွားရောက်မီ တစ်ရက်အလိုတွင် သွားရောက်ခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်မိုဒီ၏ခရီးစဉ် အချိန်ရွေးချယ်မှုမှာ ဇဲလန်စကီးကို သူရဲကောင်းတစ်ဦးသဖွယ်ဆက်ဆံသည့် အမေရိကန်နိုင်ငံအတွက် ကသိကအောက်ဖြစ်စေမှာ သေချာသည်။
အိန္ဒိယ-အမေရိကန်ဆက်ဆံရေးမှာ အခြေခံ အားဖြင့် ခိုင်မာမှုရှိပြီးဖြစ်ရာ ဝန်ကြီးချုပ်မိုဒီ၏ ရုရှား ခရီးစဉ်ကြောင့် ခိုင်မာပြီး ဆက်ဆံရေးအပေါ် ထိခိုက် မှုမရှိနိုင်ဟု Christopher Clary က ယူဆသည်။ အိန္ဒိယနိုင်ငံသည် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ျှကေိ ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပမည့် အလားအလာရှိသည်ဟု အမည်မဖော်လိုသည့် အိန္ဒိယအစိုးရ အရာရှိတစ်ဦးကပြောဆိုသည်။ တရုတ် နိုင်ငံသည် ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိ ကန်နိုင်ငံတို့ ပါဝင်ဖွဲ့စည်းထားသည့် Quad အဖွဲ့ကို ၎င်း၏ရုန်းထမှုအတွက် ခြိမ်းခြောက်မှုအဖြစ်ရှုမြင်သည်။
ဝန်ကြီးချုပ် မိုဒီသည် မော်စကိုသို့ သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ သမ္မတပူတင်ကို ကဏ္ဍကောစလုပ်ရန် အစီအစဉ်မရှိခဲ့ ပေ။ ထိုသို့ပြုလုပ်မည့်အစား နှစ်နိုင်ငံကြား ရှိရင်းစွဲ မဟာဗျူဟာမြောက် စီးပွားရေးဆက်ဆံမှုကို ပိုမိုခိုင် မာစေရန်သာရည်ရွယ်ခဲ့ပုံရသည်။ တစ်နည်းအားဖြင့် အိန္ဒိယခေါင်းဆောင်၏ ရုရှားနှင့် ထိတွေ့ဆက်ဆံမှု တစ်စိတ်တစ်ပိုင်းမှာ ဒေသတွင်းပြိုင်ဘက် တရုတ် နိုင်ငံအပေါ် ရုရှားနိုင်ငံ၏ မှီခိုမှုကိုလျှော့ချရန် ကြိုး ပမ်းခြင်းလည်းဖြစ်နိုင်သည်။ အခြားတစ်ဖက်တွင် လည်း ဝန်ကြီးချုပ်မိုဒီသည် အရှေ့နှင့်အနောက်ကြား ခက်ခဲသည့်အခြေအနေတစ်ရပ်တွင် သတိကြီးစွာ ထားပြီး ရပ်တည်နိုင်ရန် ကြိုးပမ်းနေခြင်းလည်းဖြစ် သည်။ ဝန်ကြီးချုပ်မိုဒီအနေဖြင့် တတိယသက်တမ်း ကာလ၏ ပထမဆုံးနိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် ရုရှားနိုင်ငံသို့သွားရောက်ခဲ့ခြင်းမှာ ရုရှားနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးအပေါ် အလေးထားကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်သည်။
ဝန်ကြီးချုပ်မိုဒီသည် ၂၀၂၃ ခုနှစ် ဇွန်လတွင် အမေရိကန်သို့သွားရောက်ခဲ့ပြီး သမ္မတ ဂျိုးဘိုင်ဒန် နှင့်တွေ့ဆုံခဲ့သည်။ ခေါင်းဆောင်နှစ်ဦးတို့သည် ကာ ကွယ်ရေး၊ ကုန်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ မိတ် ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရန် အလေးအနက် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဒေသတွင်းတွင် တရုတ် နိုင်ငံ၏ ဩဇာကြီးမားလာမှုနှင့်ပတ်သက်၍လည်း ထပ်တူစိုးရိမ်မှုရှိကြောင်း အလေးအနက်ပြောဆိုခဲ့ ကြသည်။ အိန္ဒိယနိုင်ငံသည် ယူကရိန်းကို တိုက်ခိုက် ခဲ့ခြင်းနှင့်ပတ်သက်၍ ရုရှားအပေါ် ပြစ်တင်ရှုတ်ချရန် ငြင်းဆန်ခဲ့သကဲ့သို့ ကုလသမဂ္ဂတွင်လည်း ယူကရိန်း အရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်အားလုံးကို လည်း လက်ရှောင်နေခဲ့သည်။ ဝန်ကြီးချုပ်မိုဒီသည် ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ ညင်သာ ပျော့ပျောင်းစွာချဉ်းကပ်သည့်နည်းလမ်းကိုသာ ရွေး ချယ်ခဲ့သည်။ ယနေ့ခေတ်သည် စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းရမည့်ခေတ်မဟုတ်တော့ကြောင်း ၂၀၂၂ ခုနှစ်က ဥဇဘက်ကစ္စတန်နိုင်ငံတွင်ကျင်းပသည့် ဒေသတွင်း ထိပ်သီးအစည်းအဝေး ဘေးပန်းအစည်း အဝေးတစ်ခုတွင် သမ္မတပူတင်ကိုပြောဆိုခဲ့ဖူးသည်။ အိန္ဒိယနိုင်ငံအနေဖြင့် စွမ်းအင်ကဏ္ဍနှင့် အရပ်ဘက် သုံး နျူကလီးယားကဏ္ဍအတွက် ရုရှားနိုင်ငံနှင့်ပူး ပေါင်းဆောင်ရွက်ရန် အရေးကြီးသည်။ သို့ဖြစ်ရာ ဝန်ကြီးချုပ်မိုဒီသည် ဒီမိုကရေစီနိုင်ငံကြီးဆိုသည့် ဂုဏ်သိက္ခာအရ သမ္မတပူတင်ကို လူကြားကောင်းရုံ ဖျောင်းဖြပြောဆိုမှုသာ ပြောဆိုမည်ဖြစ်သော်လည်း လက်တွေ့တွင်မူ ရုရှားကဲ့သို့သောနိုင်ငံနှင့် ကင်းကွာ နိုင်မည်မဟုတ်ပါ။
အိန္ဒိယနိုင်ငံအနေဖြင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံများကို ဆန့်ကျင်မည်မဟုတ်သကဲ့သို့ အနောက်မဟုတ်သည့် ရုရှားနိုင်ငံနှင့်လည်း ဆက်ဆံ ရေး တိုးမြှင့်နိုင်မည့်နည်းလမ်းကို ရှာဖွေနေမည်သာ ဖြစ်သည်။ အိန္ဒိယနှင့် ရုရှားကြားဆက်ဆံရေးမှာ သမိုင်းကြောင်းနှင့်ချီ၍ ရှိလာခဲ့သည့် ဆက်ဆံရေးမျိုး ဖြစ်သည်။ ဝန်ကြီးချုပ်မိုဒီအနေဖြင့် ရုရှားသို့သွား ရောက်ပြီး သမ္မတပူတင်နှင့်တွေ့ဆုံခဲ့ခြင်းမှာ စစ် အေးခေတ်ကာလကတည်းက ရှိခဲ့ပြီးဖြစ်သည့် မဟာ ဗျူဟာမြောက်ဆက်ဆံရေးအထိုင်အတိုင်း ဆက် သွားနေခြင်းသာဖြစ်သည်။ အမေရိကန်နှင့် အနောက် နိုင်ငံများအနေဖြင့် ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှားကိုတန်ပြန်ရာတွင် အိန္ဒိယနိုင်ငံကို မဟာမိတ် တစ်နိုင်ငံအဖြစ်ပါဝင်လာစေရန် ကြိုးပမ်းခြင်းမှာ ရေပေါ်တွင်အရုပ်ရေးသကဲ့သို့ အရာထင်လာနိုင်ဖွယ် မရှိကြောင်း ဝန်ကြီးချုပ်မိုဒီ၏ ရုရှားခရီးစဉ်က အထင်အရှား သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပို့ကုန်ရငွေရှိလျှင် EV ကားများကို ဦးစားပေးတင်သွင်းခွင့်ပြုမည့် မူဝါဒကြောင့် ပြည်တွင်းသို့ ကားရောက်ရှိမှုအစီးရေ ပိုလာနိုင်
RELATED POSTS
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
21 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
22 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ