အင်ဒိုနီးရှားမှာ "ကြက်နဲ့ ကြက်ဥ"အကြောင်းအရာနဲ့ပတ်သက်ပြီး အငြင်းပွားရင်း ဓားဖြင့်ထိုးသတ်မှုဖြစ်ပွား
ရောင်နီ (NSS) - ဇူလိုင် ၃ဝ
အင်ဒိုနီးရှားမှာ "ကြက်ဥနဲ့ ကြက်" အကြောင်းအရာနဲ့ပတ်သက်ပြီး အငြင်းပွားရင်း ဓားထိုးသတ်မှု ဖြစ်ပွားခဲ့တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီ အရှေ့တောင်ပိုင်း၊ တန်ကူနို ခရိုင်ရှိ ရွာတစ်ရွာမှာ အမျိုးသား(၂)ဦးအရက်သောက်ပြီး မူးနေချိန် "ကြက်ဥနဲ့ ကြက် ဘာအရင်ဖြစ်သလဲ"ဆိုတာ အငြင်းပွားရင်း အသက် ၄၇ နှစ်အရွယ် ကာဒါမာကပ် အမည်ရှိ အမျိုးသား တစ်ဦးဟာ ဓားနဲ့ (၁၅)ချက် ထိုးသတ်ခံခဲ့ရပါတယ်။ အတိုကောက် D.R. လို့ အမည်တပ်ထားတဲ့ ပြစ်မှုကျူးလွန်သူကိုလည်း ဖမ်းဆီးရမိထားပြီ ဖြစ်ပါတယ်။ ၄င်းဟာ မစ္စတာကာဒါနဲ့ အငြင်းပွားပြီး ဒေါသဖြစ်ကာ အိမ်ကို ဓားပြန်ယူကာ ထိုးသတ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အခုတော့ သံသယရှိသူကို လူသတ်မှုနဲ့ စွဲချက်တင်ထားပြီး ပြစ်မှုထင် ရှားရင် ထောင်ဒဏ် (၁၈)နှစ်အထိ ကျခံရနိုင်မှာဖြစ်တယ်လို့ အင်ဒိုနီးရှား မီဒီယာမှ ဖော်ပြချက်အရ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နယ်မြေသိမ်းပိုက်မှုများပြုလုပ်နေသည့် အင်အားစုများအနေဖြင့် နယ်မြေကို ကြာရှည်ထိန်းသိမ်းထားနိုင်မည်လားဟု မေးခွန်းထုတ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း