ရန်ကုန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘုန်းကြီးကျောင်းရှိ အုတ်တံတိုင်းပြိုကျ၍ ကား(၆)စီးပိမိမှုဖြစ်ပွား
သန့်ဇင် (NSS) - ဇူလိုင် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘုန်းကြီးကျောင်းရှိအုတ်တံတိုင်းပြိုကျ၍ ကား(၆)စီး ပိမိသွားခဲ့ကြောင်း ပြည်သူ+လူရွှင်တော်လူမှုကူညီရေးအသင်းထံမှ သိရသည်။
အုတ်တံတိုင်းပြိုကျမှုသည် ယနေ့(ဇူလိုင်လ ၂၇ရက်)၊ နံနက် ၁၁နာရီခွဲဝန်းကျင်အချိန်ခန့်က စမ်းချောင်းမြို့နယ်၊ ကျွန်းတော်လမ်း၊ ဘီးလင်းဘုန်းကြီးကျောင်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မိုးများပြီးတော့ ဘီးလင်းကျောင်းကအုတ်တံတိုင်း ပြိုတာပါ။ ကား(၆)စီးကတော့ အုတ်တံတိုင်းပိသွားတာ။ ပိတာကလည်း ကားနောက်ပိုင်းတွေပဲပိတာပါ။အခုတော့ ကား(၃)စီးဆွဲထုတ်ထားပါတယ်။ အဲဒီကအုတ်တံတိုင်းကတော့ အမြင့် (၈)ပေနဲ့ အရှည် ပေ(၉၀)နီးပါးလောက် ပြိုကျတာပါ”ဟု ပြည်သူ+လူရွှင်တော်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ အုတ်တံတိုင်းပြိုကျမှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ရပ်ထားသည့် ကား(၅)စီး၏ ကားနောက်ပိုင်းများ အုတ်တံတိုင်းပိမိခဲ့ပြီး ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း သိရသည်။
“အဲဒီမှာ ရှင်းလင်းရေးလုပ်နေရင်းနဲ့ အေးစေတီကျောင်းက အုတ်တံတိုင်းကထပ်ပြိုတာ။ အဲဒီမှာလည်း ပျက်စီးတာမရှိပါဘူး။ အဲဒီဘက်ကနေ ထပ်ဖယ်ဖို့လုပ်ရပါတယ်။ ဒါမျိုးတွေက မိုးများပြီး ရေဝင်ပြီးဖြစ်တာဆိုတော့ဖြစ်လေ့ဖြစ်ထရှိပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် ထိခိုက်ပျက်စီးမှုများအား စမ်းချောင်းမြို့နယ်မီးသတ်တပ်ဖွဲ့အပါအဝင် အခြားလူမှုကူညီရေးအသင်းများက ဖယ်ရှားရှင်းလင်းရေးများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားထံကသိမ်းယူထားတဲ့ငွေကြေးများအနက်မှ ဒေါ်လာ (၁ ဒသမ ၆)ဘီလျံအား ယူကရိန်းကို ကူညီထောက်ပံ့ပေးခဲ့ဟု ဥရောပသမဂ္ဂပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း